၃ ဆီအိုးလက်ျာဘက်၌ သံလွင်ပင်တပင်၊ လက်ဝဲဘက်၌တပင်၊ မီးခုံကိုလွှမ်းမိုးသော သံလွင်ပင် နှစ်ပင်ရှိပါသည်၊ ဟုဆိုပြီမှ၊
၁၁ ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား၊ အဘယ်သို့နည်းဟူ၍၎င်း၊
၃ ငါ၏သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက်၊ အရက်တထောင်နှစ်ရာခြောက်ဆယ်ပတ်လုံး၊ ပရောဖက်ပြုကြလိမ့်မည်။
၇ လူတမျိုးနှင့် တမျိုး၊ တနိုင်ငံနှင့် တနိုင်ငံ၊ ရန်ဘက်ပြု ကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။
၁၂ ဆဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည် အမွေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။
၅ ကောင်းကင်တမန်သည် လင်ပန်းကိုယူ၍ ယဇ်ပလ္လင်၏မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီးအပေါ်သို့ ချလိုက်သည်ဖြစ်၍၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီးလှုပ်ခြင်း ဖြစ်ကြ၏။
s ပဌမတံပိုးမှုတ်ခြင်း
၁၈ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ၏။ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍၊ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး။
၈ ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ ဟုအနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်မိန့်တော်မူ၏။
s ယောဟန်ကို အသင်းတော်များထံစာရေးခိုင်း
၁၇ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ်ရှိတော်မူသော၊ ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍၊ စိုးစံတော်မူသော ကျေးဇူးတော်ကို ကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။
၅ ကောင်းကင်တမန်ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ် ရှိတော်မူသောအရှင်၊ ကိုယ်တော်သည် ဤသို့ တရားစီရင်တော်မူသည့် အမှုမှာ ဖြောင့်မတ်တော်မူ၏။