၄ တန်ခိုးနှင့်တကွ ဘုရားသခင်၏ သားတော် ထင်ရှားဖြစ်တော်မူသော၊ ငါတို့သခင် ယေရှုခရစ်တည်းဟူသော၊ မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးက မိမိပရောဖက်များအားဖြင့်၊သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော၊ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော၊ ယေရှုခရစ်၏ကျွန်ငါပေါလုသည်၊
၁၀ အကြောင်းမူကား၊ ယခုတွင် ငါသည် လူ၏အလိုသို့ လိုက်သလော၊ ဘုရားသခင်၏ အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန် မဟုတ်ပြီ။
၇ သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသောဆရာ တည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြ (Epaphras)သည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည်ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်၊ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍၊ ထိုသို့သောအကျိုးရှိ၏။
၇ ဘုရားသခင်၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ် (Tychicus)သည်ငါ ၏အ ကြောင်းအရာရှိသမျှကို သင်တို့အား ဖေါ်ပြလိမ့်မည်။
၂၄ သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်။
၁ မုသာနှင့် ကင်းစင်တော်မူသော ဘုရားသခင်သည်၊ ရှေးကပ်ကာလမရောက်မှီ ဂတိထားတော်မူ၍၊ ငါတို့ကို ကယ်တင်သော အရှင်ဘုရားသခင်၏ ပညတ်တော်အတိုင်း၊
၁ ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ ကျွန်ငါယာကုပ်(James)သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
၁ ယေရှုခရစ်၏ ကျွန်ဖြစ်သော ယာကုပ်ညီ ငါယုဒ(Jude)သည်၊ ခမည်းတော် ဘုရားသခင် သန့်ရှင်းစေတော်မူ၍၊ ယေရှုခရစ် ခေါ်ထားစောင့်မ တော်မူသော သူတို့ကို ကြားလိုက်ပါ၏။
၁ ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည်၊ မိမိအစေခံကျွန် တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော၊ ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန် ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။
၃ ထိုသူတို့သည် ဘုရားသခင်၏ကျွန်၊ မောရှေ၏သီချင်းနှင့် သိုးသငယ်၏ သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော၊ ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ အပြုအမူတို့သည် ကောင်းမြတ်၍၊ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏ အကျင့်ဓလေ့တို့သည်၊ ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။
၁ ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်း၊ အမျိုးမျိုးကို ပြု၍၊
၇ မိန်းမအို ပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ ကိုယ်ကိုကိုယ် ဆုံးမလော့။
၃ ခြားနားသော ဩဝါဒကို သင်ပေး၍၊ငါတို့သခင် ယေရှုခရစ်၏စကား တည်းဟူသော စင်ကြယ်သောစကားကို၎င်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သောဩဝါဒကို၎င်း၊ ဝန်မခံသောသူမည်သည်ကား၊
၂ ငါ၌ အပ်ထားသော တရားဟောခြင်းအခွင့်အားဖြင့် တော်လျော်သောအချိန်၌၊ နှုတ်ကပတ်တရားတော်ကို ထင်ရှားစေတော်မူသော အရာနှင့်စပ်ဆိုင်သော၊ ထာဝရအသက်ကို မြော်လင့်သည်ဖြစ်၍၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်ဆိုင်သော သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၎င်း၊
၁၂ ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊
၃ ထိုသို့နှင့်အညီ၊ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသောဥာဏ်အားဖြင့်၊ ငါတို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့ကို၊ ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။
၁၂ မိုးကောင်းကင်သည် မီးနှင့်ပျက်၍၊ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကို ခံရသောနေ့တည်းဟူသော၊ ဘုရားသခင်၏နေ့ ရောက်လိမ့်မည်၊ ဟုသင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။
၃၆ ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်း၊ ဟုမေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်၊ ဟုမိန့်တော်မူ၏။
၁၉ ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သော သေခြင်းအားဖြင့် ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်အရိပ်ကို ပေးတော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ၊ ငါ့နောက်သို့လိုက်လော့၊ဟုပေတရုအား မိန့်တော်မူပြန်၏။
sယောဟန်မသေဟုပြောဆိုကြ
၅ ထိုသို့ လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သား ပေတည်း။ သူ၏စကားကို နားထောင်ကြလော့၊ ဟုမိုးတိမ်က အသံတော် ဖြစ်လေ၏။
၁၁ သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်း၊ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။
၂၂ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း၊ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။
sယေရှု၏ဆွေတော်စဉ်မျိုးစဉ်ဆက်
၁၇ အဘယ်သို့နည်းဟူမူကား၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟူသော အသံတော်သည်၊ ထူးမြတ်သော အရောင်အဝါတော်ထဲက၊ ထိုသခင်သို့ရောက်သောအခါ၊ ခမည်းတော် ဘုရားသခင့်အထံတော်မှ ဂုဏ်အသေရေ၊ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။
၁၂ အိုနံနက်သား၊ မိုးသောက်ကြယ်၊ %fo(a) သင်သည်ကောင်းကင်ကကျလေပြီတကား။ အပြည်ပြည်တို့ကိုနှိပ်စက်သောသင်သည်၊ မြေတိုင်အောင်ခုတ်လှဲခြင်းကိုခံရလေပြီတကား။
၂ ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီ၊ ဟုမေးမြန်းပြောဆိုကြ၏။
၁၉ ထိုမှတပါး၊ သာ၍မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ ရှိသေး၏။ စိတ်နှလုံးထဲ၌ အာရုဏ်တက်၍၊ မိုးသောက်ကြယ် %fo(a) ပေါ် ထွက်သည်ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသော ဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည်အမှီ ပြုသင့်ကြ၏။
၂၈ မိုးသောက်ကြယ်ကိုလည်း ထိုသူအားငါပေးမည်။
၁၆ ငါယေရှုသည်၊ အသင်းတော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏ အမြစ်ဖြစ်၏၊ အနွယ်လည်းဖြစ်၏။ ထွန်းတောက်သော မိုးသောက်ကြယ်%fo(a)လည်းဖြစ်၏။
_________________________
Footnotes