-
AA
+
🡀
|
🡂
၁ ပေတရု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ ပေတရု ဩဝါဒစာ
အခန်းကြီး ၃


ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့

အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍၊ နှုတ်ကပတ် တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သော အကျင့်တို့ကို ထောက်ရှု၍၊ မိမိမယား၏ အကျင့်အားဖြင့် သွေးဆောင်လျက်၊ အတူပါမည်အကြောင်းရှိ၏


အတွင်းတန်ဆာ ဆင်ကြလော့

သင်တို့၏ တန်ဆာဆင်ခြင်းအမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်း မဖြစ်စေဘဲ၊ [A] ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော၊ နူးညံ့ငြိမ်သက်ခြင်း သဘောတည်းဟူသော၊ မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော၊ စိတ်နှလုံး၏ အတွင်းလူ ဖြစ်စေကြလော့။ ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်၊ ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍၊ ကြောက်ရွံ့ တုန်လှုပ်ခြင်း အလျှင်းမရှိဘဲ နေလျှင် စာရာ၏ သမီးဖြစ်ကြ၏။


ခင်ပွန်းကိုစောင့်မ ပြုစုကြလော့

ထိုနည်းတူ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတား မရှိစေခြင်းငှာ၊ အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသော သူချင်းကဲ့သို့၊ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကိုစောင့်မ ပြုစုကြလော့။


အသင့်အတင့်နေကြလော့

အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်း ရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်း ရှိကြလော့။ သင်တို့သည် ကောင်းကြီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှာ၊ ခေါ်တော်မူသောသူ ဖြစ်သည်၊ ဟုသိမှတ်၍ အချင်းချင်း ရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကို ပြုကြလော့။ ၁၀ အသက်ကို မွေ့လျော်စေ၍၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှာ အလိုရှိသောသူသည်၊ မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ မိမိနှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။ ၁၁ ဒုစရိုက်ကို လွှဲရှောင်၍ သုစရိုက်ကိုပြုစေ။ သူတပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မှီအောင်လိုက်စေ။ ၁၂ အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ [B] သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသောသူတို့ကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။ ၁၃ သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူ ညှဉ်းဆဲမည်နည်း။ ၁၄ ​ဖြောင့်မတ်ခြင်း တရားကြောင့် ဆင်းရဲခံရလျှင်မူကား၊ မင်္ဂလာရှိကြ၏။ သူတို့၏ ခြိမ်းခြောက်ခြင်းကို မကြောက်ကြနှင့်၊ မထိတ်လန့်ကြနှင့်။


အစဉ်အဆင်သင့်ရှိကြလော့
CROSS REFERENCES






၁၅ စိတ်နှလုံးထဲ၌ ထာဝရအရှင် ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ [C] သင်တို့မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူ ရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြောခြင်းငှာ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။ ၁၆ ခရစ်တော်၌ သင်တို့ကျင့်သော အကျင့်ကောင်းကို၊ ရှုတ်ချသော သူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ၊ ကိုယ်တိုင် ရှက်ကြောက်ခြင်း မရှိမည်အကြောင်း၊ သင်တို့သည် ကိုယ်ကိုကိုယ် သိသောစိတ် ကြည်လင်လျက် နေကြလော့။ ၁၇ ဘုရားသခင့် အလိုတော်ရှိလျှင်၊ သုစရိုက်ကိုပြု၍ ဆင်းရဲခံခြင်းသည်၊ ဒုစရိုက်ကိုပြု၍ ခံခြင်းထက် သာ၍ ကောင်း၏။


နောဧလက်ထက်လူများကို တရားဟော

၁၈ ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ၍၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍၊ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှာ၊ ​ဖြောင့်မတ်တော်မူသောသူသည်၊ မဖြောင့်မတ် သောသူတို့အတွက်၊ ဒုစရိုက်အပြစ်များကြောင့် တစ်ခါခံတော်မူ၏။ ၁၉ ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍၊ (a) ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။ ၂၀ ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧလက်ထက်၌၊ နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့ကို၊ ရေအားဖြင့် ကယ်ဆယ်သော သင်္ဘောကို တည်လုပ်စဉ်တွင်၊ ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ်ဖြစ်သတည်း။ ၂၁ ထိုသို့သော ဥပမာအတိုင်း၊ ယခုတွင် ဗတ္တိဇံသည် ယေရှုခရစ် ထမြောက် တော်မူသောအားဖြင့်၊ ငါတို့ကို ကယ်တင်တတ်၏။ ဗတ္တိဇံဟုဆိုသော်၊ ကိုယ်ကာယ၏ အညစ်အ​ကြေး ဆေးကြောခြင်းကို မဆိုလို။ ကိုယ်ကိုကိုယ် သိသောစိတ် ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ ဝန်ခံခြင်းကို ဆိုလိုသတည်း။ ၂၂ ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍၊ ကောင်းကင်တမန် အစရှိသော အာဏာစက် တန်ခိုးများတို့ကို အုပ်စိုးလျက်၊ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရှိတော်မူ၏။

_________________________
Footnotes


(a) ယေရှုသည် မရဏာနိုင်ငံသို့သွား၍ တရားဟောခဲ့သလော? မည်သည့်အချိန်၌ ဟောခဲ့သနည်း? အဖြေမှာ သူသည် မရဏာနိုင်ငံသို့ မသွားခဲ့ကြောင်း အောက်ပါအချက်များအားဖြင့် သိနိုင်သည်။

၁။ ယေရှုသည် အသေခံသောအခါ၊ သူ့ဝိညာဉ်ကို ခမည်းတော်ထံ အပ်ခဲ့သည် (လု ၂၃း၄၆)။ ခမည်းတော်သည် မရဏာနိုင်ငံ၌ မရှိပါ။ ကောင်းကင်နိုင်ငံ၌ ရှိသောကြောင့် သူ့ဝိညာဉ်သည် ကောင်းကင်သို့ တက်သွားသည်။ လု ၂၃း၄၃ ၌လည်း လူဆိုးထံ "ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်" ဟုဆိုသည်။ ပရဒိသုဘုံသည် ပေါလုက၊ တတိယကောင်းကင်၊ ဟုဆိုသည် (၂ ကော ၁၂း၂-၃)။

၂။ သို့ဖြစ်လျှင် မည်သည့်အချိန်၌ ဟောသနည်း? ယေရှုသည် ရှေးပရောဖက်များထဲမှ တရားဟောခဲ့သည် (၁ ပေ ၁း၁၀-၁၁)။ နောဧသည် ဖြောင့်မတ်ခြင်းကို ဟောသော တရားဟောဆရာ ဖြစ်သည် (၂ ပေ ၂း၅)။ ထို့ကြောင့် နောဧထဲမှ သူ့ဝိညာဉ်အားဖြင့် ဟောသည်။ ခေတ်အဆက်ဆက်က ဝိညာဉ်တိုင်းကို မဟောပါ။ နောဧခေတ်က ဝိညာဉ်များကိုသာ ဟောသည်။

၃။ ယေရှုသည် နောဧထဲမှ သူ့ဝိညာဉ်အားဖြင့် ဘာဟောသနည်း? ရေလွှမ်းမိုးမည့်အကြောင်း ဟောမည်။ သို့သော် နားမထောင်ကြ သောကြောင့် ထိုဝိညာဉ်များသည်၊ ထောင်တည်းဟူသော မရဏာနိုင်ငံ၌ ရှိကြပြီ။

၄။ ယေရှုကိုယ်တိုင်၊ "ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ "(ယောဟန် ၂၀း၁၇) ဆိုသည် မဟုတ်လော? ဟုတ်ပါသည်။ သူသည် ရှင်ပြန်ထမြောက်သောအခါ ယဇ်ပုရောဟိတ်ဖြစ်သည် (ဟေဗြဲ ၉း၁၁-၁၂)။ ယဇ်ပုရောဟိတ်အနေဖြင့် သူ၏အသွေးကို မပူဇော်သေးသောကြောင့် သူ့ကိုယ်ခန္ဓာကို ထိ၍ မရပါ။ ယဇ်ပုရောဟိတ်များသည် သန့်ရှင်းရာဌာနထဲသို့ ဝင်သောအခါ၊ သူတို့ကိုထိ၍ မရပါ။ နောက်တစ်ပတ်ကြာသောအခါ သောမထံ ယေရှုက၊ "သင်၏လက်ကိုဆန့်၍ ငါ့နံဘေးကို စမ်းသပ်လော့၊" ဟုဆိုသည် (ယော ၂၀း၂၇)။ အကြောင်းမှာ သန့်ရှင်းရာဌာနသို့ဝင်၍ ခမည်းတော်ထံ သူ၏ခန္ဓာနှင့် အသွေးပူဇော်ပြီးခဲ့သောကြောင့် ဖြစ်သည်။

၅။ ပေါလုက ယေရှုနှင့်ပတ်သက်၍ အောက်အရပ်သို့ ဆင်းကြွခဲ့ပြီ (ဧဖက် ၄း၈-၉)၊ ဟုဆိုသည် မဟုတ်လော? ဟုတ်ပါသည်။ ထိုအောက်အရပ်ဆိုသည်မှာ မြေကြီးအောက် မဟုတ်ပါ။ ကောင်းကင်မှ မြေကြီးပေါ်ဆင်း၍ လူဇာတိခံခြင်းကို ဆိုလိုသည်။ မြေကြီးသည် အောက်အရပ်ဖြစ်သည်။ မရဏာနိုင်ငံသည် မြေကြီးထဲမှာ မရှိနိုင်ပါ။ မြေကြီးသည် ရုပ်လောကဖြစ်၍ မီးရှို့ဖျက်ဆီးဦးမည်။ မရဏာနိုင်ငံသည် ဝိညာဉ်လောကဖြစ်၍ အစဉ်အမြဲရှိမည်။ မြန်မာနိုင်ငံ၌ အောက်လမ်းမှ ပြန်သည်ဟုဆိုရာတွင်၊ မြေကြီးထဲရှိ မြေအောက်ရထားကို ဆိုလိုသည် မဟုတ်၊ လေယဉ်မစီးဘဲ ရထား၊ ကား၊ သင်္ဘောစီးခြင်းကို ဆိုလိုသည်။

၆။ "လူသည် တစ်ခါတည်းသေ၍၊ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊" (ဟေဗြဲ ၉း၂၈) ဟုဆိုသည်။ သေပြီးသောသူများထံ ယေရှုသည် ဘာမျှပြောစရာ၊ လုပ်စရာမရှိပါ။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.