-
AA
+
🡀
|
🡂
၁ ပေတရု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၁ ပေတရု ဩဝါဒစာ
အခန်းကြီး ၂


နှုတ်ကပတ်တရား၏နို့စစ်

ထိုကြောင့်၊ သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍ အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်း ရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှါ နှုတ်ကပတ် တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ဖွားစသော သူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သော စိတ်ရှိကြလော့။


အသက်ကျောက်မြတ်များ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






လူတို့ပယ်ထား၍ ဘုရားသခင် ရွေးချယ်တော်မူသော၊ အသက်ကျောက်မြတ် တည်းဟူသော၊ ထိုသခင်ထံသို့ သင်တို့သည် ရောက်၍၊ အသက်ကျောက်များ(a) ကဲ့သို့၊ အဆင့်ဆင့် အထပ်ထပ် တည်ဆောက်လျက် ရှိသဖြင့်၊ ဓမ္မတိုက် ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင် နှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော၊ သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်း ဖြစ်ကြ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ် ကျောက်မြတ် [A]ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်း မရှိနိုင်ရာ၊ ဟုလာသတည်း။ [B] သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကား ဘုန်းအသရေရှိ၏။ နားမထောင်သော သူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည်၊ နောက်တဖန် တိုက်ထောင် အထွဋ်အဖျားသို့ ရောက်ပြန်၏။ [C] နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍လဲသောသူတို့သည်၊ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာ ကျောက်လည်းဖြစ်၏။ [D] ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူ သတည်း။


မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး
CROSS REFERENCES





CROSS REFERENCES






သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏၊ ဂုဏ်ကျေးဇူးများကို ဖေါ်ပြစေခြင်းငှါ၊(b) ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ [E] သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။ [F] ၁၀ အထက်က အပေါင်းအသင်းမဟုတ်၊ ယခုတွင် ဘုရားသခင်၏ အပေါင်းအသင်း ဖြစ်ကြ၏။ ကရုဏာ ကျေးဇူးတော်ကို အထက်က မခံရသော်လည်း ယခုတွင် ခံရကြ၏။


ကိုယ်ကာယတပ်မက်ခြင်းတို့ကိုရှောင်
CROSS REFERENCES






၁၁ ချစ်သူတို့၊ ဝိညာဉ်နှင့် စစ်ပြိုင်တတ်သော ကိုယ်ကာယ တပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း၊ ဧည့်သည် အာဂန္တု ကဲ့သို့သော [G] သင်တို့ကို ငါတောင်းပန်၏။ ၁၂ သာသနာပလူ တို့သည်သင်တို့ကို ကဲ့ရဲ့ ပြစ်တင်ကြသည် အမှုမှာ၊ ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက်၌၊ သင်တို့၏ ကောင်းသော အကျင့်ကို သူတို့သည်ထောက်ရှု၍၊ ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ် လျောက်ပတ်စွာ ကျင့်နေကြလော့။


မင်း၏အုပ်စိုးခြင်းကိုဝန်ခံကြလော့

၁၃ ဘုရားသခင်၏ မျက်နှာ တော်ကို ထောက်လျက်၊ အထွဋ်အမြတ် တည်းဟူသော ရှင်ဘုရင် ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင် စေခြင်းငှါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်း စေခြင်းငှါ၎င်း၊ ၁၄ ရှင်ဘုရင် ခန့်ထားသော ဝန်မင်းဖြစ်စေ၊ လူတို့တွင် စီရင် ခန့်ထားသမျှသော မင်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ၁၅ အကြောင်းမူကား၊ သင်တို့သည် ကောင်းသော အကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။ ၁၆ လူလွတ် ဖြစ်သော်လည်း လွတ်ခြင်း အကြောင်းဖြင့် မကောင်းသော အမှုကို ဖုံးအုပ်သော သူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ ကျင့်နေကြလော့။ ၁၇ ခပ်သိမ်းသော သူတို့ကို ရိုသေကြလော့။ ညီအစ်ကို များကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်း ရှိကြလော့။


ဆင်းရဲခံရသောအခါသည်းခံ

၁၈ အစေခံ ငယ်သားတို့၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သခင်သည်စိတ်ကောင်း၍ ​ဖြေးညှင်းသော သဘောရှိသည်ဖြစ်စေ၊ ကြမ်းတမ်းသော သဘောရှိသည်ဖြစ်စေ ဝန်ခံကြလော့။ ၁၉ အကြောင်းမူကား၊ ဘုရားသခင်၏ မျက်နှာတော်ကို ထောက်၍၊ မတရားသော ညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ၏။ ၂၀ ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်၊ အဘယ်ချီးမွမ်း စရာရှိသနည်း။ ကောင်းမွန်စွာ ပြု၍ ဆင်းရဲခံရသောအခါ သည်းခံလျှင်၊ ဘုရားသခင့် ရှေ့တော်၌ ကျေးဇူးရှိ၏။ ၂၁ အကြောင်းမူကား၊ ထိုသို့အလိုငှါ သင်တို့ကို ခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍၊ ​ခြေတော်ရာကို ရှောက်လိုက် စေခြင်းငှါ၊ ပုံသက်သေကို ထားတော်မူပြီ။


ငါတို့အပြစ်များကိုသစ်တိုင်မှာခံ

၂၂ ထိုသခင်သည် ဒုစရိုက်ကိုမပြု။ နှုတ်တော်၌ လည်းမုသာကို ရှာမတွေ့။ [H] ၂၃ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍ မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းချောက်ခြင်း ကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။ ၂၄ ငါတို့သည် အပြစ်နှင့် ဆိုင်သောအရာ၌ အသေဖြစ်၍၊ ​ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက် လျက်ရှိကြ၏။ [I] ၂၅ သင်တို့သည် အထက်က လမ်းလွဲ၍ ပျောက်သောသိုးကဲ့သို့ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်းဟူသော သင်တို့၏ ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသော အရှင်ထံသို့ ပြန်ရောက်ကြပြီ။

_________________________
Footnotes


(a) အသက်ကျောက်များ- ပေတရုက၊ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့များထံ၊ သင်တို့သည် အသက်ရှင်သောကျောက်များ၊ ဟုဆိုသည် (၁ ပေ ၂း၅)။ အဘယ်ကြောင့် ထိုသို့ဆိုသနည်း။ သခင်ယေရှုက၊ ရှိမုန်ကို သင်သည်ပေတရုဖြစ်သည် ဟုဆိုသည် (မ ၁၆း၁၈)။ ပေတရုသည် ကျောက်တုံး ကလေးကို ဆိုလိုသည်။ ထိုပေတရု (ကျောက်တုံး) ကလေးကို သခင်ယေရှုက၊ ငရဲတံခါးပိတ်၍ ကောင်းကင်တံခါး ဖွင့်နိုင်သော သော့ကိုပေး ထားသည်။ အဘယ်ကြောင့် ယေရှုက ပေတရုကို ကျောက်တုံးကလေး ဟုဆိုသနည်း။ ပေတရုက ယေရှုသည် ဘုရားသခင်၏ သား‌တော် တည်းဟူသော ခရစ်တော်၊ ဟုသိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်ကို သိသောသူ တည်းဟူသော ယုံကြည်သူတိုင်း သည်ပေတရု (အသက်ရှင်သော ကျောက်တုံးကလေး) များဖြစ်၍၊ လူများအတွက် ငရဲတံခါးပိတ်ပေး၍၊ ကောင်းကင် တံခါးသော့ဖွင့် ပေးရမည်။ မည်ကဲ့သို့ဖွင့်ပေးမည်နည်း။ ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို ပြောခြင်းအားဖြင့် ဖွင့်ပေးရမည်။

(b) ယုံကြည်သူများသည် မှောင်မိုက်တန်ခိုးမှ အံ့ဘွယ်သောအလင်းတော်ထဲသို့ ခေါ်သွင်းတော်မူသော၊ ဘုရားသခင် ၏ ဂုဏ်နှင့်ကျေးဇူးတော်များကို ဖေါ်ပြဘို့ရွေးချယ်ထားသောသူများ ဖြစ်သည်ဟုဆိုသည်။ ဘုရား၏ဂုဏ်သည် သူ၏တန်ခိုး အစွမ်းအစ မည်မျှကြီးသနည်း၊ မည်မျှပညာရှိသနည်း၊ မည်မျှအံ့ဩဖွယ်ကောင်းသနည်း၊ ဟူသောအရာများဖြစ်သည်။ ကျေးဇူး တော်ဆိုသည်မှာ ဘုရားသခင်က လူသားများကို မည်မျှကျေးဇူးပြုသနည်း၊ မည်မျှချစ်သနည်း ဟူသောအရာများဖြစ်သည်။ ထို ဘုရားသခင်၏ ကောင်းကွက်များ ကိုယုံကြည်သူများက လူတိုင်းထံပြောပြဘို့ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.