-
AA
+
🡀
|
🡂
ယာကုပ်ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ယာကုပ်ဩဝါဒစာ
အခန်းကြီး ၄


ဆုမတောင်းကြ၊ တောင်းလျှင်လည်း ကမဂုဏ်ခံစားဘို့
CROSS REFERENCES





CROSS REFERENCES






သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း။ သင်တို့အင်္ဂါများ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။ သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကိုသတ်၍၎င်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်းပြု၍မရကြ။ အကြောင်းမူ ကား၊ ဆုမတောင်းဘဲနေကြ၏။ ဆုတောင်းလျှင်လည်း၊ ကာမဂုဏ်ခံစားစရာဘို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့် မရကြ။ နောက်မီးလင်းသောသူတို့၊ [A] (a) လောကီ မိဿဟာယသည်၊ ဘုရားသခင်နှင့် ဆန့်ကျင့်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့ လိုသောသူသည်၊ ဘုရားသခင်၏ ရန်သူဖြစ်၏။ ကျမ်းစာချက် အချည်းနှီးသက်သက်ဖြစ်သည်ဟူ၍၎င်း၊ ငါတို့၌ တည်နေသော ဝိညာဉ်တော်သည်၊ ငြူစူစေချင်သော သဘောရှိသည်ဟူ၍၎င်း ထင်ကြသလော။ ထိုဝိညာဉ်တော်သည် သာ၍များသောကျေးဇူးကို ပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထောင်လွှားစော်ကားသော သူတို့ကို၊ ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား၊ ကျေးဇူးပြုတော်မူ၏ ဟုလာသတည်း။ [B]


မာရ်နတ်ကိုဆီးတား၍ ဘုရားကိုချဉ်းကပ်လော့
CROSS REFERENCES






ထိုကြောင့်၊ ဘုရားသခင်၏ အလိုတော်သို့လိုက်ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ [C] သို့ပြုလျှင်၊ သူသည်သင်တို့ထံက ပြေးသွားလိမ့်မည်။ ဘုရားသခင့်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ [D]သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။ ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်းရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်း ဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့။ ၁၀ ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ [E] သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။ ၁၁ ညီအစ်ကိုတို့၊ အချင်းချင်း တယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကို မပြုကြနှင့်။ ညီအစ်ကိုချင်းကိုကဲ့ရဲ့၍၊ သူ၌အပြစ်ရှိသည်၊ ဟုစီရင်သောသူသည် တရားကိုကဲ့ရဲ့၏။ တရား၌အပြစ်ရှိသည်၊ ဟုစီရင်၏။ ထိုသို့ပြုလျှင်၊ သင်သည်တရားကို ကျင့်သောသူမဟုတ်၊ တရားကို စစ်ကြောစီရင်သောသူဖြစ်၏။ ၁၂ ပညတ်တရားကို ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တပါးတည်းရှိတော်မူ၏။ ထိုသူသည်ကယ်တင်ခြင်းငှါ၎င်း၊ ဖျက်ဆီးခြင်းငှါ၎င်း၊ တတ်နိုင်တော်မူ၏။ သူတပါးကိုစစ်ကြောစီရင်သော သင်သည်ကားအဘယ်သူနည်း။


လူ၏အသက်သည် အခိုးအငွေ့ဖြစ်၏

၁၃ ယနေ့နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့၊ ဟုဆိုတတ်သောသူတို့၊ နားထောင်ကြလော့။ ၁၄ နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။ [F]၁၅ ထာဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်း အသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြကုန်အံ့၊ ဟုသင်တို့ဆိုသင့်ရာဖြစ်၏။ ၁၆ ယခုသင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏။ ထိုသို့သော ဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ်၏။ ၁၇ ထိုကြောင့်၊ ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေသော သူသည်အပြစ်ရှိ၏။

_________________________
Footnotes


(a) Μοιχαλίδες Moichalides Adulteresses ကိုမြန်မာကျမ်းစာအုပ်၌ "မတရားသော မေထုန်၌ မှီဝဲသော ယောကျ်ားမိန်းမတို့" ဟုရေးထားသည်။ ထိုအရာကို "နောက်မီးလင်းသောသူ" သို့မဟုတ် "ဖောက်ပြန်သောသူတို့" ဟုအဓိပ္ပါယ်ရှိသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.