၂၈ တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ ၌ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။
၉ သင်၏ မျက်စိသည်လည်း သင့်ကို မှားယွင်းစေလျှင်၊ မျက်စိကို ထုတ်ပစ်လော့။ မျက်စိ နှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ ချခြင်းကို ခံရသည်ထက်၊ မျက်စိတဖက်နှင့် အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။
s ပျောက်သောသိုး
၁၅ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏၊ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာ ကုန်းကြောင်း၊ ရေကြောင်း ပတ်ပတ်လည် လှည့်လည်၍ ဘာသာ သွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသော ငရဲသား ဖြစ်စေကြ၏။
s ဖာရိရှဲတို့၏ စတုတ္ထ အမင်္ဂလာ
၃၃ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့ လွတ်နိုင်ကြမည်နည်း။
၄၄ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်း မငြိမ်းနိုင်သော မီးထဲသို့၊ လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်း သို့ဝင်စားသော်၊ သာ၍ ကောင်း၏။
၅ အဘယ်သူကို ကြောက်ရမည်နည်း ဟူမူကား၊ ကိုယ်ခန္ဓာကို သတ်ပြီးမှ ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။
၉ သို့ဖြစ်၍ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်၊ ဟုသာ၍မြော်လင့်စရာရှိ၏။
၆ လျှာသည်မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ သူ့ဘဝလမ်းကို မီးလောင်စေသည်။ %fo(a) မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။
၄ အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို၊ ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။
၂၆ တဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေ၊ ဟုအမိန့်တော်ရှိ၏။
၁ အာဒံ၏ သားစဉ်မြေးဆက် စာရင်းဟူမူကား၊ လူကို ဖန်ဆင်းတော်မူသော ကာလ၌ ၊ မိမိပုံသဏ္ဍာန်နှင့်အညီ၊ ဘုရားသခင်ဖန် ဆင်းတော်မူ၏။
၆ အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။
၇ ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဍာန်၊ ဘုန်းအသရေတော် ဖြစ်သောကြောင့် မိမိခေါင်းကိုမဖုံးရ။ မိန်းမမူကား၊ ယောက်ျား၏ ဘုန်းအသရေဖြစ်၏။
၂၃ သန့်ရှင်းခြင်း ပါရမီအားဖြင့် ဘုရားသခင်နှင့် အတူအမျှ၊ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည် အကြောင်း၊ ခရစ်တော်၏ စကားကို ကြားနာရသည်ဖြစ်၍၊
၁၀ ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဍာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော လူသစ်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။
_________________________
Footnotes