-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၉


တဲတော်အခင်းအကျင်း
CROSS REFERENCES






တနည်းကား၊ ပဌမ ပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီ သန့်ရှင်းရာဌာနတော်နှင့်၎င်း၊ [A] စပ်ဆိုင်၏။ အဘယ်သို့နည်းဟူမူကား၊ ဟဂျာ (a) ၊ ဟုခေါ်ဝေါ်သော ပဌမတဲတော်(သန့်ရှင်းရာဌာန)သည်၊ ဆီမီးခုံ၊ [B] စားပွဲ၊ [C] ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏၊ [D] ဒုတိယကုလားကာအတွင်း၌ ဟဂျာဟဂျုန်(b) ၊ ဟုခေါ်ဝေါ်သော တဲတော် (အသန့်ရှင်းဆုံးဌာန)ရှိ၏။ ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရား သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကို ထားသော ရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရုဗိမ်တို့သည် အပြစ်ဖြေရာပလ္လင်ကို လွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာများကို ယခု သေချာစွာ ပြောစရာအကြောင်း မရှိ။



ယဇ်ပုရောဟိတ်မင်းသည် တစ်နှစ်တစ်ခါ အသန့်ရှင်းဆုံးဌာနသို့ဝင်

ထိုသို့ ခပ်သိမ်းသောအရာတို့သည် ပြင်ဆင်လျက် ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမတဲတော် (သန့်ရှင်းရာဌာန) အတွင်းသို့ အစဉ်ဝင်ရကြ၏။ ဒုတိယတဲတော် (အသန့်ရှင်းဆုံးဌာန) အတွင်းသို့ ယဇ်ပုရောဟိတ်မင်း တစ်ပါးတည်းသာ မိမိအပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ ပူဇော်သော အသွေးကိုဆောင်၍ တစ်နှစ်လျှင် တစ်ခါတည်းသာ ဝင်ရ၏။ [E] ပဌမတဲတော် မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာဌာနသို့ သွားသော လမ်းမဖွင့်သေးသော အကြောင်းကို၊ ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည်၊ အရိပ်ပေးတော်မူ၏။ ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော၊ မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည်၊ ကိုယ်ကိုကိုယ်သိသောစိတ်ကို ထောက်လျှင်လည်း၊ ဝတ်ပြုသောသူအား စုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊ ၁၀ စားစရား၊ သောက်စရာ၊ အမျိုးမျိုးသော နှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ၊ အသစ်ပြုပြင်ခြင်း ကာလတိုင်ရုံမျှသာ တည်ရကြ၏။


ယေရှုခရစ်သည် ကောင်းကင်သန့်ရှင်းရာထဲသို့ဝင်
CROSS REFERENCES






၁၁ ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ ကြီးမြတ်စုံလင်သော တဲတော်၌၊ နောက်မင်္ဂလာ အကျိုးတို့၏ ယဇ်ပုရောဟိတ်မင်း ဖြစ်သော ခရစ်တော်သည်၊ ၁၂ ငါတို့အဖို့ ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တစ်ခါတည်း ဝင်တော်မူ၏။ ၁၃ အကြောင်းမူကား၊ အညစ်အ​ကြေးရှိသော သူတို့အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကို ပြုနိုင်သည်မှန်လျှင်၊ ၁၄ ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရ ဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ် သိသောစိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည် မဟုတ်လော။ ၁၅ ထိုကြောင့် ပဌမပဋိညာဉ်တရား လက်ထက်၌၊ ပြစ်မှားသော အပြစ်ကိုလည်း လွှတ်စေခြင်းငှာ၊ ခရစ်တော်သည် အသေခံတော်မူသည် ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့်ယှဉ်သော ထာဝရအမွေကို ခံရမည်အကြောင်း၊ ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ [F]အာမခံဖြစ်တော်မူ၏။


ပဌမပဋိညာဉ်တရားကို အသွေးနှင့်ကင်း၍ မစီရင်
CROSS REFERENCES





CROSS REFERENCES






၁၆ အမွေခံစေခြင်းငှာ အခွင့်ပေး၍ စာချုပ်သည် အမှုမှာလည်း၊ စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။ ၁၇ အကယ်၍ မသေလျှင်၊ ထိုစာချုပ်သည် မတည်၊ သေမှသာတည်၏။ ၁၈ ထိုကြောင့် ပဌမပဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့်ကင်း၍ မစီရင်။ ၁၉ တရားတော်၌ ပါသမျှသောပညတ်တို့ကို၊ မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသော နွား၊ [G] (c) ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သော ဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်း လူအပေါင်းကို၎င်း ဖြန်းလျက်၊ ၂၀ ဤအသွေးကား၊ သင်၌ ဘုရားသခင် ဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်။ ဟုပြောဆို၏။ [H] ၂၁ တဲတော်နှင့် ဝတ်ပြုသော တန်ဆာများကိုလည်း၊ ထိုနည်းတူ အသွေးနှင့်ဖြန်းရ၏။ ၂၂ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ်အသွေးအားဖြင့် စင်ကြယ်စေတတ်၏။(d) အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။ [I] ၂၃ ထိုကြောင့်၊ ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ပုံများကို ထိုသို့သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရမည်ဖြစ်၍၊ ကောင်းကင်အရာတို့ကို သာ၍မြတ်သော ယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။


ခရစ်တော်သည် တခါတည်းကိုယ်ကိုပူဇော်၏

၂၄ ထိုသို့နှင့်အညီ၊ မှန်သော သန့်ရှင်းရာဌာန [J]တို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှါ၊ ကောင်းကင်ကိုယ်ထဲ [K]သို့ ဝင်တော်မူပြီ။ ၂၅ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့၊ သူတပါး အသွေးနှင့် နှစ်တိုင်းအစဉ်ဝင်ရသကဲ့သို့၊ ခရစ်တော်သည် အဖန်များစွာ၊ ကိုယ်ကို ပူဇော်ရသည်မဟုတ်။ ၂၆ ထိုသို့ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ၊ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ်ကာလအဆုံး၌ တခါတည်း ကိုယ်ကိုပူဇော်သောအားဖြင့်၊ အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။ ၂၇ လူသည် တခါတည်းသေ၍၊ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို့၊ ၂၈ ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှါ၊ တခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို၊ ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။

_________________________
Footnotes


(a) ဂရိတ်စကားလုံး Ἅγια အင်္ဂလိပ်အသံထွက် Hagia အဓိပ္ပါယ် "သန့်ရှင်းရာဌာန"


(b) ဂရိတ်စကားလုံး Ἅγια ἁγίων အင်္ဂလိပ်အသံထွက် Hagia hagiōn အဓိပ္ပါယ် "အသန့်ရှင်းဆုံးဌာန"


၁၉ (c) ခရစ်တော်အသေခံသောအခါ နံဘေးတော်ကို လှန်နှင့်ထိုး၍ သွေးနှင့် "ရေ" ထွက်သည်၊ ဟုယောဟန်က မှတ်တမ်းတင်ခဲ့သည် (ယော ၁၉း၃၄)။


၂၂ (d) "ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို "ကုန်မတတ်" အသွေးအားဖြင့် စင်ကြယ်စေတတ်၏" ဟုဆိုရာတွင် "ကုန်မတတ်" ဟူသောစကားလုံးသည် အဘယ်အရာကိုဆိုလိုသနည်း။ ချမ်းသာသောသူများသည်နွား၊ လူလတ်တန်းစားသည်သိုး (သို့မဟုတ်) ဆိတ်၊ ဆင်းရဲသားများသည် ချိုး (သို့မဟုတ်) ခိုကောင်အားဖြင့် အပြစ်ဖြေရာယဇ် ပူဇော်တတ်ကြသည်။ သို့သော် အလွန်ဆင်းရဲသောသူ၊ ချိုးငှက် (သို့မဟုတ်) ခိုကောင်ပင်လျှင် မတတ်နိုင်သောသူများအနေဖြင့် အပြစ်ဖြေရာယဇ်ကို မုန့်ညက်အားဖြင့် ပူဇော်ရသည်။(ဝတ် ၅း၁၁-၁၉) ထိုသို့မုန့်ညက် ပူဇော်ရာတွင် အသွေးမပါချေ။ ထို့ကြောင့် အလွန်ဆင်းရဲသောသူများသည် အသွေးမဟုတ်ဘဲ မုန့်ညက်ဖြင့်အပြစ်ဖြေရာယဇ် ပူဇော်ရသည်။ သို့သော် ဘောဇဉ်ပူဇော်သက္ကာယဇ် မဟုတ်သောကြောင့် ဆီနှင့်လောဗန်မပါချေ။ မုန့်ညက်ကိုသာလျှင် မီးရှို့ ပူဇော်ရသည်။ ထို့ကြောင့် ခပ်သိမ်းသောအရာတို့ကို "ကုန်မတတ်" အသွေးအားဖြင့် စင်ကြယ်စေတတ်သည်၊ ဟုဆိုရခြင်းဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.