-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၇


မေလခိ‌ဇေဒက်သည် အာဗြဟံထက်ကြီးမြတ်

မင်းကြီးများကို လုပ်ကြံရာမှ ပြန်လာသောအာဗြဟံကို၊ ခရီးဦးကြိုပြု၍ ကောင်းကြီးပေးပြီးလျှင်၊ အာဗြဟံလှူသော လက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော၊ ထိုရှာလင်မင်းကြီး တည်းဟူသော၊ အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ [A] နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှတပါး၊ ငြိမ်သက်ခြင်းမင်း၊ ဟုဆိုလိုသော ရှာလင်မင်းဖြစ်လျက်၊ အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက်အပိုင်း အခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့် တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။ အမျိုး၏အဘ အာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဘို့တဘို့လှူ၍၊ အလှူခံသောထိုမင်းသည်၊ အဘယ်မျှလောက် ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။ ယဇ်ပုရောဟိတ်မင်း အရာကိုခံသော လေဝိသားတို့သည်၊ အာဗြဟံအမျိုး ဖြစ်သောသူတည်းဟူသော၊ မိမိတို့ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း၊ ဆယ်ဘို့တဘို့ကို ခံရသောအခွင့်ရှိကြ၏။ သူတို့အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏လက်မှ ဆယ်ဘို့တဘို့ကို ခံလေ၏။ ဂတိတော်တို့ကို ခံရသောသူကိုလည်း၊ ကောင်းကြီးပေးလေ၏။ ကြီးသောသူသည် ငယ်သောသူကို၊ ကောင်းကြီးပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။


မေလခိဇေဒက်သည် လေဝိအမျိုးထက် ကြီးမြတ်

ထိုမှတပါး၊ သေတတ်သောသူတို့သည်၊ ယခုအခါဆယ်ဘို့တဘို့ကိုခံလေ့ရှိ၏။ ထိုအခါမူကားအသက်ရှင်သည်၊ ဟုသက် သေခံခြင်းကိုရသောသူသည်၊ ဆယ်ဘို့တဘို့ကိုခံရ၏။ ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သောလေဝိသည်၊ အာဗြဟံအားဖြင့်ဆယ်ဘို့တဘို့ကိုပေးပြီ၊ ဟုဆိုစရာအခွင့်ရှိ၏။ ၁၀ အကြောင်းမူကား၊ မေလခိဇေဒက်သည်အာဗြဟံကိုတွေ့သော အခါ၊ လေဝိသည်မိမိအဘ၏ကိုယ်၌ ရှိသတည်း။


ယဇ်ပုရောဟိတ်အမျိုးပြောင်းလဲပြီ

၁၁ တနည်းကား၊ လေဝိမှဆင်းသက်သော ယဇ်ပုရောဟိတ်အမျိုးနှင့် စပ်ဆိုင်လျက်၊ လူများတို့သည် ပညတ်တရားတော်ကို ခံကြသောကြောင့်၊ ထိုအမျိုးအားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင်သည်မှန်လျှင်၊ အခြားသော ယဇ်ပုရောဟိတ်သည်၊ အာရုန်နည်းတူ မခေါ်ဘဲ၊ မေလခိဇေဒက်နည်းတူ ပေါ်ထွန်းစရာအကြောင်း အဘယ်သို့ရှိသေးသနည်း။ ၁၂ ယဇ်ပုရောဟိတ်အမျိုးသည် ပြောင်းလဲလျှင်၊ ပညတ်တရားသည် မပြောင်းလဲဘဲ မနေနိုင်ရာ။ ၁၃ ထိုဗျာဒိတ်တော်ကို ခံရသောသူသည်၊ ယဇ်ပလ္လင်ဝတ်ကို တယောက်မျှ မပြုရသောအမျိုးနှင့် စပ်ဆိုင်ပေ၏။ ၁၄ အကြောင်းမူကား၊ ငါတို့သခင်သည် ယုဒအမျိုးထဲ၌ ပေါ်ထွန်းသည်။ ဟုထင်ရှားလျက်ရှိ၏။ ထိုအမျိုးသည် ယဇ်ပုရောဟိတ်အရာနှင့် စပ်ဆိုင်သည်၊ ဟုမောရှေသည် တခွန်းကိုမျှ မပြော။ ၁၅ ထိုမှတပါး၊ မေလခိဇေဒက်နည်းတူ၊ အခြားသော ယဇ်ပုရောဟိတ်သည် ပေါ်ထွန်းသည်မှန်လျှင်၊ ယဇ်ပုရောဟိတ် အမျိုးပြောင်းလဲပြီ။ ဟုသာ၍ထင်ရှား၏။ ၁၆ ထိုယဇ်ပုရောဟိတ်သည်၊ ကိုယ်ခန္ဓာနှင့်စပ်ဆိုင်သော တရားအတိုင်း၊ ခန့်ထားလျက်ရှိသည်မဟုတ်။ ထာဝရအသက်၏ တန်ခိုးအာနုဘော်အတိုင်း၊ ခန့်ထားလျက်ရှိသတည်း။ ၁၇ အကြောင်းမူကား၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည်၊ [B]၊ ဟုသက်သေခံတော်မူသတည်း။


ယေရှုသည်အကျိန်အားဖြင့်ယဇ်ပုရောဟိတ်အရာရ
CROSS REFERENCES






၁၈ ပညတ်တရားသည်အဘယ်သူကိုမျှ၊ စုံလင်ခြင်းသို့မပို့နိုင်သည်ဖြစ်၍၊ ၁၉ ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကိုမပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့်ခြင်း [C]အခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။ ၂၀ ထိုသူတို့သည် အကျိန်တော်မရှိဘဲ၊ ယဇ်ပုရောဟိတ်အရာကို ရကြ၏။ ၂၁ ယေရှုမူကား၊ အကျိန်တော်မရှိဘဲ၊ ယဇ်ပုရောဟိတ်အရာကို မရ။ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ၊ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်၊ ဟုကျိန်ဆို၍၊ [D] နောက်တဖန် စိတ်ပြောင်းလဲခြင်း ရှိတော်မမူသည်နှင့်အညီ၊ ယေရှုသည် အကျိန်တော်ကိုခံ၍ ယဇ်ပုရောဟိတ်အရာကို ရသည်အတိုင်း၊ ၂၂ သာ၍မြတ်သော ပဋိညာဉ်တရား၏ အာမခံဖြစ်၏။


ယေရှုသည် အစဉ်တည်သောကြောင့် အားကိုး၍ရသည်

၂၃ ထိုသူတို့သည်လည်း သေရသောကြောင့်၊ အစဉ်မတည် နိုင်သည်ဖြစ်၍ အများရှိရကြ၏။ ၂၄ ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့်၊ မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌၊ ခန့်ထားလျက်ရှိ၏။ ၂၅ ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။


ယဇ်ပုရောဟိတ်ယေရှုသည် စုံလင်သည်

၂၆ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည်၊ သန့်ရှင်းစင်ကြယ်၍ အညစ်အ​ကြေးနှင့် ကင်းလွတ်လျက်၊ အပြစ်ရှိသောသူတို့နှင့် မဆက်ဆံ၊ ကောင်းကင်သားအပေါင်းတို့ ထက်မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။ ၂၇ အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ နေ့တိုင်းယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကို တခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစေတော်မူပြီ။၂၈ ပညတ်တရားသည်၊ အပြစ်ရှိသောသူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား၏။ ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲစုံလင်ခြင်းသို့ရောက်သော၊ သားတော်ကို ခန့်ထားသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.