-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၆


ဝိညာဉ်ပိုင်းခလေးဘ၀မှ လူကြီးသို့တက်ဘို့

ထိုကြောင့်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို နောင်တရခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဗတ္တိဇံတရားကို သွန်သင်ခြင်း၊ လက်ကိုတင်ခြင်း၊ သေလွန်သောသူတို့၏ ထမြောက်ခြင်း၊ ထာဝရစီရင်ဆုံးဖြတ်ခြင်း တည်းဟူသော မူလအမြစ်ကိုငါတို့သည် ပြန်၍မတည်ဘဲ၊ ခရစ်တော်၏ ဘာသာ၌ အစအဦးဖြစ်သော အကြောင်းအရာတို့ကို ထား၍၊ စုံလင်သောအဖြစ်သို့ တက်ကြကုန်အံ့။ ဘုရားသခင် အခွင့်ပေးတော်မူလျှင်၊ ငါတို့သည် ထိုသို့ပြုကြမည်။


ဝိညာဉ်ပိုင်း မြည်းစမ်းပြီးသူ ရွေ့လျော့လျှင်

အလင်းသို့တခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကိုခံယူခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊ ရွေ့လျော့ ဖေါက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏ သားတော်ကို၊ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍၊ အသရေတော်ကို ရှုတ်ချသောသူ ဖြစ်သောကြောင့်၊ နောက်တဖန် နောင်တရအံ့သောငှါ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။ ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန်ကျသော မိုးရေကိုသောက်၍၊ လုပ်သောသူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေတတ်၏။ ထိုမြေသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံတတ်၏။ အကြင်မြေသည် ဆူးပင်အမျိုးမျိုးကို ဖြစ်စေတတ်၏။ ထိုမြေသည် ပြုစုခြင်းကိုမခံထိုက်။ ကျိန်ခြင်းကိုခံရသော အချိန်နီးသည်ဖြစ်၍၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ ရောက်တတ်၏။


အဆုံးတိုင်ယုံမှားခြင်းကင်း၍ မြော်လင့်ဘို့

ထိုသို့ပြောသော်လည်း ချစ်သူတို့၊ သင်တို့သည် ကယ်တင်ခြင်းနှင့် ယှဉ်သောအရာ၊ သာ၍ ကောင်းသောအရာတို့နှင့် ဆိုင်သည်ကို၊ ငါတို့သည် သဘောကျလျက် ရှိကြ၏။ ၁၀ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်​ကျွေးသည်သာမက၊ ယခုပင် လုပ်​ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကို၎င်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင်၊ အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။ ၁၁ သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့်၊ ဂတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊ ၁၂ ထိုသို့သော လုံ့လဝိရိယကိုထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော၊ မြော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှါ ငါတို့သည်အလိုရှိကြ၏။


ဂတိတော်ကိုမြော်လင့်ဘို့ အကျိန်အားဖြင့်အာမခံ
CROSS REFERENCES






၁၃ ဘုရားသခင်သည် အာဗြဟံ၌ ဂတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန် ဆိုရန်မရှိသောကြောင့်၊ ကိုယ်တော်ကို တိုင်တည်၍၊ ၁၄ ငါသည် သင့်အားအစဉ်အမြဲ ကောင်းကြီးပေးမည်။ သင့်ကို အစဉ်အမြဲ ပွါးများစေမည် [A]၊ ဟုကျိန်ဆိုတော်မူ၏။ ၁၅ ထိုသို့နှင့်အညီ အာဗြဟံသည် သည်းခံလျက်စောင့်နေပြီးမှ၊ ဂတိတော်ကိုဝင်စားလေ၏။ ၁၆ လူတို့သည်၊ မိမိထက်ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သောအကျိန်သည် ငြင်းခုံခြင်းရှိသမျှကို​ဖြေတတ်၏။ ၁၇ ထိုကြောင့်၊ ဂတိတော်ကို အမွေခံရသောသူတို့သည်၊ ဘုရား သခင်၏ အကြံအစည်တော် မဖေါက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှါ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။ ၁၈ အကြောင်းမူကား၊ ဘုရားသခင်သည် မုသာမသုံးနိုင်သော [B] အရာတည်းဟူသော၊ မဖောက်ပြန် မပြောင်းလဲနိုင်သော အရာနှစ်ပါးကိုအမှီ ပြု၍၊ ကိုယ်ရှေ့၌ ထားသောမြော်လင့်ရာကို ခိုလှုံခြင်းငှါ ပြေးသောငါတို့သည်၊ သက်သာ အားကြီးကြမည် အကြောင်းတည်း။


မြော်လင့်ခြင်းကျောက်ဆူးကို ကုလားကာအတွင်း၌ချ
CROSS REFERENCES






၁၉ ထိုမြော်လင့်ခြင်းမူကား၊ [C]ကုလားကာအတွင်း၌ ချ၍၊ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့၊ ငါတို့၌ ရှိသတည်း။ (a) ၂၀ မေလခိဇေဒက်နည်းတူ၊ ထာဝရ ယဇ်ပုရောဟိတ်မင်း ဖြစ်သောယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော်မူ၏။

_________________________
Footnotes


၁၉ (a)

ယုံကြည်သူများ၏ မြော်လင့်ခြင်းသည်၊ ကုလားကာအတွင်း၌ချရမည်။ ထိုကုလားကာသည်၊ လူနေအိမ်၌ အသုံးပြုသော ကုလားကာကို ဆိုလိုသည်မဟုတ်။ တဲတော် သို့မဟုတ် ဗိမာန်တော်၌၊ သန့်ရှင်းရာဌါနတော်နှင့် အသန့်ရှင်းဆုံးဌါနကို၊ ကာထားသောကုလားကာဖြစ်သည်။ ထိုကုလားကာအတွင်း၊ အသန့်ရှင်းဆုံးဌါန၌ ဘုရားသခင်၏ ပလ္လင်တော်ရှိသည်။ ငါတို့၏မြော်လင့်ခြင်းသည်၊ ဘုရားသခင်အပေါ်၌ ဖြစ်ရမည်ဟုဆိုလိုခြင်းဖြစ်သည်။ ကျောက်ဆူးသည်၊ သင်္ဘောများရပ်နား သောအခါ ရေလယ်၌ ချထားသောသံဖြစ်သည်။ ကမ်းနားမှာဖြစ်လျှင် သင်္ဘောမမျောသွားဘို့တိုင်များ၊ သစ်ပင်များ၌ ကြိုးဖြင့်ချည်ထားတတ်သည်။ သို့သော် ရေလယ်၌မူ၊ ကျောက်ဆူးကို ရေအောက်ကြမ်းပြင်၌ ချထားတတ်သည်။ ထိုကျောက်ဆူးသည် ယုံကြည်သူများ၏ မြော်လင့်ခြင်းကို ပုံဆောင်သည်။ သင်၏မြော်လင့်ခြင်းသည်၊ ဤလောကနှင့် လောကအရာများ၌ ချထားပါသလော။ သင်၏မြော်လင့်ခြင်းကို ကောင်းကင်သန့်ရှင်းရာဌါန၌ ရှိတော်မူသော၊ ဘုရားသခင်အပေါ်၌ချထားပါ။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.