-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၄


ကြားရသောစကားသည် ယုံကြည်ခြင်းနှင့်မရောနှော

ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာ(a) ထဲသို့ ဝင်ရသောအခွင့်ကို ပေးသောဂတိတော်သည်၊ ငါတို့၌ ရှိရစ်လျက်နှင့် သင်တို့တွင် အချို့တို့သည် မမှီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။ ငါတို့သည် ဝမ်းမြောက်စရာ သိတင်းကို၊ ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ ကြားရသော တရားစကားသည်၊ ကြားရသော သူတို့အထဲ၌၊ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။ ငါတို့မူကား၊ ယုံကြည်သောသူ ဖြစ်၍၊ ဘုရားသခင်၏ ချမ်းသာ (a) ထဲသို့ ဝင်ရကြ၏။ ထိုသို့နှင့်အညီ စကားတော်ကား၊ (b) သူတို့သည် ငါ၏ချမ်းသာ(a) ထဲသို့ မဝင်ရကြ၊ ဟုအမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ [A]။ ချမ်းသာ (a) ဟုဆိုသော်၊ ကမ္ဘာဦးကပင် အမှုအရာတို့ကို ပြီးစီး၍၊ ငြိမ်ဝပ်တော်မူရာ ချမ်းသာ၊ ဟုဆိုလိုသတည်း။ ခုနစ်ရက်မြောက်သော နေ့ကို အကြောင်းပြု၍၊ ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိ အမှုအရာ အလုံးစုံတို့ကို ပြီးစီး၍၊ ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏၊ ဟုလာသတည်း [B] ထိုကျမ်းစာ၌ တဖန်လာသည်ကား၊ သူတို့သည် ငါ၏ချမ်းသာ (a) ထဲသို့မဝင်ရကြ၊ ဟုလာသတည်း။ ထိုကြောင့်၊ အချို့တို့သည် ဝင်ရကြ၏။ ဝမ်းမြောက်စရာ သိတင်းကို ရှေ့ဦးစွာ ကြားရသောသူတို့သည်၊ မယုံကြည်သောကြောင့် မဝင်ရကြပြီ။


ငြိမ်ဝပ်ခြင်းချမ်းသာတမျိုးသည် ကျန်ရစ်သေး

တဖန်တုံ၊ ယနေ့တွင် သင်တို့သည်၊ စကားတော်အသံ (b) ကိုကြားလျက်ရှိသည် ဖြစ်၍၊ ခိုင်မာသော စိတ်နှလုံး မရှိကြနှင့်။ ဟုဆိုသည်ဖြစ်၍၊ ဤမျှလောက် ကာလကြာပြီးမှ၊ ယနေ့ ဟုဒါဝိဒ်ကျမ်းစာ၌ လာသောအခါ၊ တစုံတခုသော နေ့ရက်ကို သေချာစွာ မှတ်သားသတည်း။ ယောရှုသည် ထိုသူတို့ကို ချမ်းသာ (a) ပေးသည်မှန်လျှင်၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ်ဆိုဘွယ် ရှိသနည်း။ ထိုကြောင့်၊ ဘုရားသခင်၏ လူတို့ အဘို့အလိုငှါ၊ ငြိမ်ဝပ်ခြင်း ချမ်းသာ (a) တမျိုးသည် ကျန်ရစ်သေး၏။ ၁၀ ဘုရားသခင်သည် မိမိအမှုအရာတို့ကို ပြီးစီး၍၊ ငြိမ်ဝပ်စွာ နေတော်မူသည်နည်းတူ၊ ထိုချမ်းသာ (a) ထဲသို့ ဝင်ရသောသူသည်လည်း၊ မိမိအမှုအရာတို့ကို ပြီးစီး၍ ငြိမ်ဝပ်စွာ နေရ၏။


ဘုရား၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်
CROSS REFERENCES






၁၁ ထိုကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့်၊ လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ ဝင်ရမည်အကြောင်း ကြိုးစား အားထုတ်ကြကုန်အံ့။ ၁၂ ဘုရား၏ နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည် ဖြစ်၍၊ [C] အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း၊ ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံး အကြံအစည်များကိုလည်း သိမြင်တတ်၏။ ၁၃ ငါတို့ကို စစ်ကြော စီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ။ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ ၏။


ငါတို့၌ ယဇ်ပုရောဟိတ်မင်းယေရှုရှိသည်

၁၄ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော၊ ယဇ်ပုရောဟိတ်မင်း အကြီးတည်းဟူသော၊ ဘုရားသခင်၏ သားတော် ယေရှုသည်၊ ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသော အရာ၌၊ တည်ကြည် ကြကုန်အံ့။ ၁၅ ငါတို့ ယဇ်ပုရောဟိတ်မင်းသည်၊ ငါတို့ ခံရသော ဆင်းရဲဒုက္ခများကြောင့်၊ မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို၊ ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ၁၆ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သော မစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အ​ကြောင်း၊ ရဲရင့်သောစိတ်နှင့်၊ ကျေးဇူးပလ္လင်တော်သို့၊ တိုးဝင် ချည်းကပ်ကြကုန်အံ့။

_________________________
Footnotes


၁, ၃, ၅, ၈, ၁၀ (a) κατάπαυσιν rest ကိုမြန်မာကျမ်းစာ၌ "ချမ်းသာ" ဟုရေးထားသည်။ ထိုအရာသည် "နားနေခြင်း၊ ငြိမ်ဝပ်စွာနေခြင်း" ကိုဆိုလိုသည်။


, ၇ (b)

εἴρηκεν "He has said" ကိုမြန်မာကျမ်းစာ၌ "ဗျာဒိတ်တော်" ဟုရေးထားသည်။ ထိုအရာကို "စကားတော်" ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.