-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၃


ယဇ်ပုရောဟိတ်မင်းယေရှုအကြောင်းကို စေ့စေ့ဆင်ခြင်ကြစို့
CROSS REFERENCES






ထိုသို့ဖြစ်လျှင်၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော၊ ခေါ်ဖိတ်တော်မူခြင်း ကျေးဇူးကိုခံရသောသူ၊ သန့်ရှင်းသော ညီအစ်ကိုတို့၊ ငါတို့ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်း တည်းဟူသော၊ ယေရှု၏အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။ မောရှေသည် ဘုရားသခင်၏ အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသော သူ၏အမှုတော်၌ သစ္စာစောင့်တော်မူ၏။ အိမ်ကိုဆောက်သောသူသည် အိမ်ထက်သာ၍ ကြီးသော အသရေရှိသကဲ့သို့၊ ယေရှုသည် မောရှေထက်သာ၍ ကြီးသောအသရေကို ခံထိုက်သောသူဖြစ်သည်။ ဟုထင်မှတ်စရာ အကြောင်းရှိ၏။ အိမ်မည်သည်ကား၊ တစုံတယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သော သူကား၊ ဘုရားသခင်ပေတည်း။ မောရှေသည်၊ နောက်ဟောပြောလတံ့သော အရာတို့ကို သက်သေခံခြင်းအလိုငှါ၊ အစေခံကဲ့သို့ အိမ်တော် တအိမ်လုံး၌ သစ္စာစောင့်၏။ ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်း [A]နှင့် စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။


ခိုင်မာသောစိတ်နှလုံးမရှိကြနှင့် [B]

ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် သူ၏အသံတော်(a) ကို ကြားလျက်ရှိသည်ဖြစ်၍၊ ခိုင်မာသော စိတ်နှလုံး မရှိကြနှင့်။ သင်တို့အဘများသည်၊ အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊ ငါ၏ အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကို ဆန့်ကျင်ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။ ၁၀ ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ် စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာတို့ကို နားမလည်ကြ၊ ဟုငါဆိုရ၏။ ၁၁ ထိုကြောင့်၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ၊ ဟုအမျက်ထွက်၍ ငါကျိန်ဆိုသည်၊ ဟုမိန့်တော်မူချက် ရှိသည်နှင့်အညီ၊ ၁၂ ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့် ထံတော်မှ၊ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။ ၁၃ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့်၊ သင်တို့စိတ်နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။ [C]


ဣသရေလလူများမယုံကြည်သောကြောင့်ခါနန်ပြည်မဝင်ရ

၁၄ ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူဖြစ်ကြ၏။ ၁၅ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက် ပြုရာကာလ၌ ရှိသကဲ့သို့၊ ခိုင်မာသော စိတ်နှလုံး မရှိကြနှင့်၊ ဟုကျမ်းစာ လာသည်အရာမှာ၊ ၁၆ ကြားပြီးမှ ဆန့်ကျင်ဘက် ပြုသောသူတို့ကား၊ အဘယ်သူနည်း။ မောရှေနောက်သို့လိုက်၍၊ အဲဂုတ္တု (Egypt)ပြည်မှ ထွက်လာသော သူအပေါင်းတို့သည်၊ ထိုသို့ပြုကြသည် မဟုတ်လော။ ၁၇ အနှစ်လေးဆယ်ပတ်လုံး နှစ်သက်တော်မမူသော သူတို့ကား၊ အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့်၊ တော၌လဲ၍ သေသောသူပင်မဟုတ်လော။ ၁၈ သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြ။ ဟုကျိန်ဆိုတော်မူသော သူတို့ကား၊ မယုံကြည်သောသူမှ တပါးအဘယ်သူနည်း။ ၁၉ သို့ဖြစ်၍၊ သူတို့သည် မယုံကြည်သောကြောင့်သာ မဝင်နိုင်သည်ကို ငါတို့ သိမြင်ကြ၏။

_________________________
Footnotes


(a) φωνῆς αὐτοῦ "သူ၏အသံတော်" ကိုမြန်မာကျမ်းစာအုပ်၌ "ဗျာဒိတ်တော်အသံ" ဟုဘာသာပြန်ထားသည်။ "ဗျာဒိတ်တော်" ဟုဆိုသောအခါ၊ အနာဂတ်အတွက် ပရောဖက်ပြုချက်၊ ဟုလွဲမှားနိုင်သောကြောင့်၊ "သူ၏အသံတော်" ဟုပြင်ရခြင်းဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.