-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၂


ဤမျှလောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရား

ထိုကြောင့်၊ ငါတို့သည် ကြားရသော ဒေသနာတော်ကို၊ မမေ့မလျော့မည်အကြောင်း၊ စိတ်နှလုံး၌ သာ၍ မှတ်မိစွဲလမ်းခြင်း ရှိရကြမည်။ ကောင်းကင်တမန်များအားဖြင့်၊ ထားတော်မူသော ဗျာဒိတ်တော်သည် တည်၍၊ ပြစ်မှား လွန်ကျူးခြင်းအမှု အမျိုးမျိုးတို့သည်၊ ခံထိုက်သော အပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊ အစအဦး၌ သခင်ဘုရား ဟောတော်မူ၍၊ ဒေသနာ စကားတော်ကို ကြားရသောသူတို့သည်၊ ယုံလောက်သော သက်သေအားဖြင့်၊ ငါတို့အားဆင့်ဆို၍ ဟောပြောသော၊ ဤမျှလောက် ကြီးစွာသော ကယ်တင်တော်မူခြင်း တရားကို၊ ငါတို့သည် နားမထောင်ဘဲနေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့ လွတ်ကြလိမ့်မည်နည်း။ ထိုသက်သေခံသော သူတို့နှင့်အတူ၊ ဘုရားသခင်သည် နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအားဖြင့်၎င်း၊ ထူးဆန်းသော တန်ခိုးအထူးထူး အပြားပြားအားဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်သည်၊ မိမိအလိုတော်အတိုင်း ဝေငှသော ဆုကျေးဇူးအားဖြင့်၎င်း၊ သက်သေခံတော်မူပြီ။


ယေရှုကောင်းကင်တမန်များအောက် အနည်းငယ်နှိမ့်ချခြင်းခံ
CROSS REFERENCES





CROSS REFERENCES






ငါတို့ပြောဆိုသော နောင်ကပ်ကမ္ဘာကို အုပ်စိုးရသောအခွင့်ကို ကောင်းကင်တမန်တို့၌ အပ်ပေးတော်မူသည် မဟုတ်၊ ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။ [A] သူ့ကိုကောင်းကင်တမန် တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသော အရာများကို အုပ်စိုးစေ၍၊ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ၊ ဟုသက်သေခံသတည်း။ ခပ်သိမ်းသောအရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊ မချမထားဘဲ ကျန်ရစ်သော အရာတစုံတခုမျှ မရှိရ။ ယခုမူကား၊ ခပ်သိမ်းသော အရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့မမြင်ရကြသေး။ ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသောအခွင့် ရှိစေခြင်းငှါ၊ ကောင်းကင်တမန် တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့မြင်ကြ၏။၁၀ အကြောင်းမူကား၊ များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ် စံစားရာသို့ ပို့ဆောင်သောအရှင်သည်၊ ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ [B] အုပ်စိုးတော်မူသော ဘုရားသည် စီရင်တော်မူအပ်၏။


ယုံကြည်သူများသည် ယေရှု၏ညီများ

၁၁ သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူ များတို့သည်၊ တပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည်၊ သန့်ရှင်းစေအပ်သောသူတို့ကို၊ ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ။ ထိုသို့ခေါ်သော အချက်ဟူမူကား၊ ၁၂ သိတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား၊ အကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ သီချင်းဆိုပါမည်၊ ဟုလာသတည်း။၁၃ တချက်ကား၊ ငါသည် ဘုရားသခင်ကို ကိုးစားမည်။ ဟုလာသတည်း။ [C] တဖန်ကား၊ ငါမှစ၍ ငါ့အား ဘုရားသခင် ပေးတော်မူသော သူငယ်တို့သည် ရှိကြ၏၊ ဟုလာသတည်း။ [D]


မာရ်နတ်၏တန်ခိုးချိုးဖဲ့ဖျက်ဆီးခြင်းငှါလာ
CROSS REFERENCES






၁၄ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ [E] ၁၅ သေဘေးကိုကြောက်၍ တသက်လုံး ​ကျွန်ခံရသောသူတို့ကို ကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။


ခရစ်တော်သည်ယဇ်ပုရောဟိတ်အကြီးဖြစ်

၁၆ အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ်၊ အာဗြဟံအမျိုးကို မစတော်မူ၏။ ၁၇ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ်​ဖြေစရာအကြောင်းကို စီရင်၍၊ ဘုရားသခင်နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်၎င်း၊ သစ္စာနှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီး ဖြစ်အံ့သောငှါ၊ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသော အကြောင်းရှိ၏။ ၁၈ ထိုသို့ စုံစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍၊ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်းနှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.