-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၁၁


ယုံကြည်ခြင်း၏ အဓိပ္ပါယ်

ယုံကြည်ခြင်းသည်၊ မြော်လင့်သောအရာတို့ကို၊ မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို၊ သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။ ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည်၊ ချီးမွမ်းတော်မူခြင်းကိုခံရကြ၏။ ယခုမြင်ရသော အရာတို့သည်၊ အရင်ထင်ရှားသော အရာထဲကမဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ၊ တည်သည်ကို ငါတို့သည်၊ ယုံကြည်ခြင်းအားဖြင့် သိကြ၏။


အာဗေလနှင့် ဧနောက်၏ ယုံကြည်ခြင်း

အာဗေလသည်၊ ကာဣနပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ [A] ထိုသို့သောယဇ်ကို ပူဇော်၍၊ မိမိ​ဖြောင့်မတ်သည်၊ ဟုသက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း၊ ယခုပင် တရားဟောသေး၏။ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့်၊ သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ [B] ဘုရားသခင်သည် သူ့ကိုဘဝ ပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန်မပေါ်မရှိ။ သူသည် ဘဝမပြောင်းမှီ၊ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်၊ ဟုသက်သေခံခြင်းကို ရလေ၏။


နောဧ၏ ယုံကြည်ခြင်း

ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင် ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။ နောဧသည် မမြင်သေးသောအမှုအရာတို့ကို ဖေါ်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကို တည်လေ၏။ ထိုသို့ယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍၊ ယုံကြည်ခြင်းနှင့် ယှဉ်သော ​ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။


အာဗြဟံ၏ ယုံကြည်ခြင်း

အာဗြဟံသည် အမွေခံရလတံ့သော ပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင် ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်၊ ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။ သူတပါးပိုင်သော ပြည်၌ ဧည့်သည်နေသကဲ့သို့၊ ဂတိတော်နှင့် စပ်ဆိုင်သောပြည်၌၊ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍ နေ၏။ ထိုဂတိတော်ကို အမွေခံရသော အဖေါ်အဘက်တည်းဟူသော ဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲ၌နေလေ၏။ ၁၀ အကြောင်းမူကား ဘုရားသခင် တည်ထောင် ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသော မြို့ကို မြော်လင့်သတည်း။ ၁၁ သူ၏ခင်ပွန်း စာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေ ယူနိုင်သောအခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာရှိသည်၊ ဟုစိတ်စွဲလမ်းခြင်းရှိ၏။ ၁၂ သို့ဖြစ်၍၊ ထိုအမှုအရာ၌ လူသေနှင့်တူသော သူတယောက်သည်၊ အရေအတွက်အားဖြင့် ကောင်းကင်ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒ​ရာကမ်းနား၌ မရေတွက်နိုင်သော သဲလုံးကဲ့သို့၎င်း၊ များစွာသောသူတို့၏ အဘဖြစ်သတည်း။


ဂတိပေးသောပြည်၌ ဧည့်သည်ကဲ့သို့နေကြ
CROSS REFERENCES






၁၃ ယခုဆိုခဲ့ပြီးသောသူ အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးက မြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တ​ကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည် [C] ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။ ၁၄ ထိုသို့ဝန်ခံသောသူတို့သည်၊ မိမိတို့အဘပြည်ကို ရှာကြသည်၊ ဟုအတည့်အလင်း ပြောဆိုကြ၏။ ၁၅ ထိုသူတို့သည် အထက်က ထွက်သွားသောပြည်ကို၊ အောက်မေ့သည် မှန်လျှင်၊ ထိုပြည်သို့ ပြန်ရသောအခွင့်ရှိကြ၏။ ၁၆ ထိုပြည်ကို မအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍ မြတ်သော ပြည်ကို၊ တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကို ရှက်တော်မမူ၊ သူတို့နေစရာဘို့မြို့ကို တည်ထောင်တော်မူပြီ။


အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၊ ယောသပ်တို့၏ ယုံကြည်ခြင်း

၁၇ အာဗြဟံသည် စုံစမ်းတော်မူခြင်းကို ခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော်၏။ [D] ၁၈ ဣဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍၊ ဂတိတော်များကို ခံရသောသူသည်၊ မိမိ၌ တယောက်တည်းသော ထိုသားကို ပူဇော်၏။ ၁၉ ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှါ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။ ၂၀ ဣဇာက်သည်လည်း၊ ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု၍ ယာကုပ်နှင့် ဧသောကို ကောင်းကြီးပေး၏။ [E] ၂၁ ယာကုပ်သည်လည်း၊ သေချိန်နီးသောအခါ ယုံကြည်ခြင်းအားဖြင့်၊ ယောသပ်၏သား နှစ်ယောက်ကို ကောင်းကြီးပေး၍၊ တောင်ဝေးထိပ်အပေါ်မှာ ကိုးကွယ်လေ၏။ ၂၂ ယောသပ်သည် သေဆဲရှိသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးတို့၏ ထွက်မြောက်ခြင်းအရာကို ပြ၍၊ မိမိအရိုးတို့၏ အကြောင်းကို မှာထားလေ၏။


မောရှေမိဘနှင့် မောရှေ၏ ယုံကြည်ခြင်း

၂၃ မောရှေကိုဖွားမြင်ပြီးမှ၊ [F] အဆင်းလှသော သူငယ်ဖြစ်သည် ကိုမိဘတို့သည် မြင်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင် အမိန့်တော် [G]ကို မကြောက်ဘဲ၊ သုံးလပတ်လုံး သူ့ကိုဝှက်ထားလေ၏။ ၂၄ မောရှေသည် အသက်အရွယ် ကြီးသောအခါ၊ အပြစ်ရှိသော ကာမဂုဏ်ကို ခဏခံစားခြင်းထက်၊ [H]ဘုရားသခင်၏လူတို့နှင့် အတူ ညှဉ်းဆဲခံရခြင်းကို သာ၍ အလိုရှိသဖြင့်၎င်း၊ ၂၅ အဲဂုတ္တုပြည်၏ စည်းစိမ်ထက်၊ ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည်၊ သာ၍မြတ်သော စည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်၎င်း၊ ယုံကြည်ခြင်းစိတ်ရှိ၍၊ ဖါရောဘုရင်သမီး၏သား ဟူ၍၊ ခေါ်ဝေါ်ခြင်းအခွင့်ကို ပယ်၏။ ၂၆ အကြောင်းမူကား၊ နောက်ရလတံ့သော အကျိုးကို ထောက်စာ မြော်လင့်လျက်နေ၏။ ၂၇ ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကို မကြောက်ဘဲ၊ အဲဂုတ္တုပြည်ကို စွန့်သွား၏။ အကြောင်းမူကား၊ မျက်မြင်မရသော ဘုရားသခင်ကို၊ မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။


ယုံကြည်ခြင်းအားဖြင့် လုပ်သောအရာများ
CROSS REFERENCES





CROSS REFERENCES






၂၈ သားဦးများကိုဖျက်ဆီးသောသူသည်၊ ဣသရေလလူတို့ကို ဒဏ်မခတ်စေခြင်းငှါ၊ ယုံကြည်ခြင်းအားဖြင့် ပသခါပွဲကို၎င်း၊ [I] အသွေးဖြန်းဆွတ်ခြင်းကို၎င်း၊ စောင့်လေ၏။ ၂၉ ဣသရေလလူတို့သည် ကုန်းကြောင်းသွားသကဲ့သို့၊ ယုံကြည်ခြင်းအားဖြင့် ပင်လယ်နီအလယ်၌ လျှောက်သွားရကြ၏။ [J] ထိုသူတို့နည်းတူ အဲဂုတ္တုလူတို့သည် သွားမည်အားထုတ်သောအခါ နစ်မြုပ်ကြ၏။၃၀ ယေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံးဝိုင်း၍၊ လှည့်ပြီးမှ ယုံကြည်ခြင်းအားဖြင့် မြို့ရိုးသည် ပြိုလဲ၏။ [K] ၃၁ ပြည်တန်ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်၊ မယုံကြည်သောသူတို့နှင့်အတူ မပျက်စီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။ [L] ၃၂ ထိုမှတပါး၊ အဘယ်သို့ ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလ မှစ၍ ပရောဖက်တို့ အကြောင်းများကို ပြော၍မကုန်နိုင်။


ယုံကြည်ခြင်းအားဖြင့် အောင်မြင်မှုများ

၃၃ ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသော တိုင်းနိုင်ငံကိုအောင်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ဂတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ [M] ၃၄ မီးအရှိန်ကို ငြိမ်းစေခြင်း၊ [N] ဓါးလက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ အနာမှထမြောက်၍ ကျန်းမာခြင်း၊ စစ်တိုက်သောအခါ ခွန်အားနှင့် ပြည့်စုံခြင်း၊ တပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏။ ၃၅ မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ [O] အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှါ၊ လွှတ်ခြင်းကို မခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။


ယုံကြည်ခြင်းကြောင့် ဒုက္ခဆင်းရဲခံကြ၏

၃၆ အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ခြည်နှောင်ခြင်းကို ခံ၍ ထောင်ထဲမှာ နေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။ ၃၇ ကျောက်ခဲနှင့် ပစ်ခြင်း၊ လွှနှင့်အပိုင်းပိုင်း တိုက်ဖျက်ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဓါးလက်နက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ အလွန်ဆင်းရဲလျက် ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံလျက်၊ သိုးရေ၊ ဆိတ်ရေကိုဝတ်၍ လှည့်လည်ရကြ၏။ ၃၈ ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်းထဲမှာ အပြောင်းပြောင်း အလည်လည် နေရကြ၏။ [P] ၃၉ ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။ ၄၀ အဘယ်ကြောင့်နည်းဟူမူကား၊ ထိုသူတို့သည် ငါတို့မပါဘဲ စုံလင်ခြင်းသို့ မရောက်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့အဘို့အလိုငှါ၊ သာ၍မြတ်သော ကျေးဇူးကို ကြံစည်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.