-
AA
+
🡀
|
🡂
ဟေဗြဲဩဝါဒစာ
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဟေဗြဲဩဝါဒစာ
အခန်းကြီး ၁၀


နွား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ

တနည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဍာန်ကို မပြ၊ အရိပ်ကိုသာ ပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ် ပူဇော်သောယဇ်အားဖြင့်၊ အထံတော်သို့ ချဉ်းကပ်သောသူတို့ကို၊ စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။ တည်စေနိုင်လျှင်၊ ဝတ်ပြုသောသူတို့သည်၊ တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန် သံဝေဂတရားရစရာ အကြောင်းအလျှင်းမရှိသည် ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်းသာ ပူဇော်၍၊ နောက်တဖန် မပူဇော်ဘဲ နေရကြမည် မဟုတ်လော။ ယခုမူကား၊ ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောက်မေ့ခြင်းရှိ၏။ အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ။


ခရစ်တော်သည် ယဇ်ကောင်အဖြစ်ပူဇော်
CROSS REFERENCES






ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍၊ အ​ကျွန်ုပ်အဘို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။ မီးရှို့ရာယဇ် [A]နှင့်အပြစ်ဖြေရာယဇ် [B]များကို အားရ နှစ်သက်တော် မမူသောအခါ၊ [C] ကျမ်းစာလိပ်၌ အ​ကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့်အညီ၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်၊ ဟုအ​ကျွန်ုပ်ဝန်ခံပါသည်၊ ဟုလျှောက်ဆို၏။ [D] ပညတ်တရားအတိုင်း ပြုရသောဝတ်ကို ရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်​ဖြေရာယဇ် အစရှိသော ယဇ်များနှင့်၊ ပူဇော် သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော်မမူ၊ ဟုအထတ်ကဆိုနှင့်ပြီးမှ၊ တဖန်တုံ၊ အိုဘုရားသခင်၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်၊ ဟုဆိုသည်တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမဝတ်ကိုပယ်၏။ ၁၀ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို၊ တခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။


အပြစ်ဖြေရာယဇ် ပူဇော်စရာမလိုတော့ချေ

၁၁ ယဇ်ပုရောဟိတ် မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကိုမ​ဖြေနိုင်သောယဇ်ကို အထပ်ထပ် အဖန်ဖန်ပူဇော်လျက် ရပ်နေရ၏။ ၁၂ ထိုသခင်မူကား၊ အပြစ်ကို​ဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လကျ်ာတော်ဘက်၌ အစဉ်အမြဲထိုင်၍၊ ၁၃ မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမှီတိုင်အောင် မြော်လင့်လျက် နေတော်မူ၏။ [E] ၁၄ အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှါ၊ တခါတည်း ပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။ ၁၅ ထိုသို့နှင့်အညီ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ ငါတို့အား သက်သေပေးတော်မူသည်မှာ၊ ၁၆ နောင်ကာလအခါ သူတို့၌ ငါပေးသော ပဋိညာဉ်တရား ဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏အပေါ်မှာ ရေးထားမည် [F] ဟုအထက်ကမိန့်တော်မူပြီးမှ၊ ၁၇ တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို၊ ငါမအောက်မေ့ဘဲ နေမည်၊ ဟုလာသတည်း။ [G] ၁၈ ထိုအပြစ်တို့ကို လွှတ်ပြီးလျှင်၊ နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ။


သန့်ရှင်းရာထဲသို့ ယဇ်ပုရောဟိတ်မင်းအားဖြင့် တိုးဝင်ချဉ်းကပ်ကြကုန်အံ့
CROSS REFERENCES






၁၉ ထိုကြောင့်ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓာတည်းဟူသော ကုလားကာအားဖြင့်၊ ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊ ၂၀ ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကို အမှီပြု၍ အဆီးအတားမရှိ၊ ဝင်ရသောအခွင့်ရှိသဖြင့်၎င်း၊ ၂၁ ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးသော၊ ယဇ်ပုရောဟိတ်မင်း ရှိသဖြင့်၎င်း၊ ၂၂ ငါတို့သည် သစ္စာနှင့်ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း (ရိုးသားပြည့်စုံသော ယုံကြည်ခြင်း)၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနှင့် လွတ်အောင်ဖြန်းခြင်း (ညစ်ညူးသော ဩတ္တပ္ပစိတ်ကို သန့်ရှင်းအောင်ဖြန်းခြင်း)၊ ကိုယ်ကာယကိုလည်း ကြည်သာရေ (သန့်ရှင်းသောရေ) ဖြင့် ဆေးကြောခြင်းရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ ၂၃ မြော်လင့်ခြင်း [H]အကြောင်းကို ဝန်ခံ၍၊ မတိမ်းယိမ်းမရွေ့လျောဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ၂၄ ထိုမှတပါး၊ မေတ္တာစိတ် ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍၊ အချင်းချင်း တယောက်ကိုတယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ ၂၅ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်။ [I] အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ [J] ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ကြိုးစားကြလော့။


ဘုရားလက်တော်သို့ ကျရောက်ခြင်းသည် ကြောက်မက်ဘွယ်
CROSS REFERENCES






၂၆ အကြောင်းမူကား၊ သမ္မာတရားကိုသိပြီးမှ၊ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့်မရှိဘဲ၊ ၂၇ ဒဏ်စီရင်ခြင်းကိုခံရမည်၊ ဟုကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဘို့ရာ၊ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။ ၂၈ မောရှေ၏တရားကို ပယ်သောသူမည်သည်ကား၊ သက်သေခံနှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကိုမခံရဘဲ သေရ၏။ ၂၉ ထိုမျှမက ဘုရားသခင်၏ သားတော်ကိုခြေနှင့် ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ်တရား၏အသွေးကို အပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက် ရှိသောသူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒဏ်ဖြင့် ခံထိုက်သည်ကို၊ သင်တို့ထင်ကြသနည်း။ ၃၀ ငါသည် အပြစ်တရားကို စီရင်ပိုင်၏၊ [K] အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟူ၍၎င်း၊ ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်မည်ဟူ၍၎င်း၊ [L] မိန့်တော်မူသောသူကို ငါတို့သည် အမှန်သိကြ၏။၃၁ အသက်ရှင်တော်မူသော ဘုရားသခင်၏၊ လက်တော်သို့ ကျရောက်ခြင်းအမှုသည်၊ ကြောက်မက်ဘွယ်သော အမှုဖြစ်သတည်း။ [M]


လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သော စိတ်နှင့်ဝန်ခံကြ

၃၂ သင်တို့သည် အလင်းသို့ ရောက်ပြီးသည်နောက်၊ [N] လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်၎င်း၊ ထိုသို့ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဖေါ် ဖြစ်သဖြင့်၎င်း၊ ၃၃ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာများကို၊ ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော၊ အထက်ကာလအချိန်ကို အောက်မေ့ကြလော့။ ၃၄ ထိုအခါ သင်တို့သည် အကျဉ်းခံရသောသူ တို့အတွက်ကြောင့်၊ ကြင်နာသော စိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို၊ သူတပါး လုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌၊ [O] သာ၍မြတ်သော အမြဲတည်သော ဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် [P] ဝန်ခံကြ၏။


​ဖြောင့်မတ်သောသူသည်၊ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်
CROSS REFERENCES






၃၅ ထိုကြောင့်၊ ကြီးစွာသော အကျိုးနှင့်ယှဉ်သော၊ သင်တို့၏ရဲရင့်ခြင်း စိတ်ကိုမစွန့်ကြနှင့်။ ၃၆ ဘုရားသခင်၏ အလိုတော်ကို ဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးကိုရမည် အကြောင်း၊ သည်းခံခြင်းစိတ်ရှိရမည်။ ၃၇ အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီ ရောက်တော်မူလိမ့်မည်။ ၃၈ ​ဖြောင့်မတ်သောသူသည်၊ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ [Q] သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိ၊ ဟုဘုရားသခင် အမိန့်တော်ရှိ၏။ ၃၉ ငါတို့မူကား ပျက်စီးခြင်းသို့ ရောက်အံ့သောငှါ၊ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ ယုံကြည်သောသူဖြစ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.