-
AA
+
🡀
|
🡂
၂ သက်သာလောနိတ်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





၂ သက်သာလောနိတ်
အခန်းကြီး ၂


စိတ်ရွေ့လျော့ခြင်း စိုးရိမ်ခြင်းမရှိမည့်အကြောင်း

ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူ၍၊ ငါတို့သည် အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏ နေ့ရက်သည် ချက်ချင်းရောက်မည်ဟူ၍၊ စိတ်ဝိညာဉ်အားဖြင့် ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျှင်တဆော မပြုမည်အကြောင်း၊ ငါတို့သည် တောင်းပန်ကြ၏။


ပျက်စီးခြင်း၏ သားပေါ်လာမည်
CROSS REFERENCES






အဘယ်သူမျှ သင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန်သင်းခွဲခြင်း(a) သည် အရင်ဖြစ်၍၊ ဒုစရိုက်လူ တည်းဟူသော ပျက်စီးခြင်း၏သား(b) သည် [A] ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ့်ကိုကိုယ် ချီးမြောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ [B] ဘုရားသခင်ဖြစ် ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူ ဖြစ်သတည်း။


ဆီးတားသောသူကို ပယ်ရှင်းမည်

ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်းအရာများကိုပြောပြီ၊ ဟုသင်တို့သည် သတိမရကြသလော။ ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှါ၊ ယခုဆီးတားသော အကြောင်းကိုလည်း သင်တို့သိကြ၏။ အဘယ် သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင်ပြုပြင်ဆဲရှိ၏။ သို့သော်လည်း၊ ဆီးတားသောသူ (c) သည် ပယ်ရှင်းခြင်း(d) သို့ မရောက်မှီတိုင်အောင်၊ ဆီးတားလိမ့်မည်။ ပယ်ရှင်းခြင်းသို့ ရောက်သောအခါ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည်၊ နှုတ်ထွက် ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့်၊ ပယ်ရှားတော်မူလိမ့်မည်။


အဓမ္မလူသည် မုသာနှင့်နိမိတ်လက္ခဏာအားဖြင့် လာမည်

ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့်၊ မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအမျိုးမျိုးနှင့်၎င်း၊ ၁၀ ပျက်စီးခြင်းသို့ ရောက်သောသူတို့တွင်၊ မတရားသော လှည့်ဖြားခြင်း အမျိုးမျိုးနှင့်၎င်း၊ လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ၊ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံမယူကြ။ ၁၁ ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်၊ ၁၂ တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း၊ မုသာစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။


သင်တို့ကို ကယ်တင်ခြင်းသို့ရောက်ရန် ရွေးကောက်ပြီ
CROSS REFERENCES





CROSS REFERENCES






၁၃ သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ဘုရားသခင်သည် ရှေ့ဦးစွာကပင် သင်တို့ကို ရွေးကောက်တော်မူသည် ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။ ၁၄ ထိုသို့အလိုငှါ ငါတို့ ဧဝံဂေလိတရားအားဖြင့် သင်တို့ကို ခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည်အကြောင်းတည်း။ ၁၅ ထိုကြောင့်၊ ညီအစ်ကိုတို့၊ ငါတို့နှုတ်ထွက် စကားအားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် သင်ခဲ့ပြီးသောနည်း ဥပဒေသများကို၊ တည်ကြည်လျက် ကိုင်ယူစွဲလမ်းကြလော့။ ၁၆ ငါတို့ကိုချစ်တော်မူ၍၊ [C] ထာဝရ သက်သာခြင်း အကြောင်းကို၎င်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်း [D] အကြောင်းကို၎င်း၊ ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှုခရစ်သည် ကိုယ်တော်တိုင်၊ ၁၇ သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်း သောအမှုအမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော််။

_________________________
Footnotes


(a) (ဖောက်ပြန်သင်းခွဲခြင်း apostasy) (ခွဲခွါခြင်း၊ ချီဆောင်ခြင်း)

(b) ပျက်စီးခြင်း၏သား(အန္တိခရစ်၊ သားရဲ)

(c) ဆီးတားသောသူ(သန့်ရှင်းသောဝိညာဉ်တော်၊ အသင်းတော်၊ ယုံကြည်သူများ)

(d) ပယ်ရှင်းခြင်း(ရုပ်သိမ်းခြင်း၊ ချီဆောင်ခြင်း)



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.