၃၇ စောင့်နေကြလော့၊ ဟုသင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသော သူတို့အားငါဆိုသည်၊ ဟုမိန့်တော်မူ၏။
%ln
၁ %ft(a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။
၁၁ ထိုမှတပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူးတော်သည်၊ ငါတို့ယုံကြည်သော နေ့ရက်၌ နီးသည်ထက်၊ ယခုသာ၍ နီးသောကြောင့်၎င်း၊
၃၄ တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကို မပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှာ ငါဆို၏။
s ထမြောက်သောကိုယ်
၁၄ ထိုကြောင့် အိပ်ပျော်သောသူ နိုးလော့။ သေခြင်းမှ ထမြောက်လော့။ သို့ပြုလျှင် ခရစ်တော်သည်၊ အလင်းကို သင့်အား ပေးတော်မူမည်၊ ဟုဆိုသတည်း။
s ကာလအချိန်ကို ရွေးနှုတ်ကြလော့
၇ ယခုမူကား အကျွန်ုပ်သည် အဘယ်သို့ မြော်လင့်ရပါမည်နည်း။ အိုထာဝရဘုရား ကိုယ်တော်၌သာ မြော်လင့်စရာအကြောင်း ရှိပါ၏။
၅ အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာ နေတတ်၏။ ငါမြော်လင့်ခြင်း အကြောင်းသည် အထံတော်က သက်ရောက်ရ၏၊
၁၈ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည်ရောက်လိမ့်မည်။ သင်မြော်လင့်ခြင်း အကြောင်းမပျက်ရာ။
၁၄ ထို့အတူသင်တွေ့ရသော ပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည်မြော်လင့်ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကိုခံရလိမ့်မည်။
၆ ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏ သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်၊ ဟုမြော်လင့်ခြင်းအကြောင်းကြောင့်၊ အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏၊ ဟုလွှတ်တော်အပေါ်မှာ ကြွေးကြော်လေ၏။
၆ ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက်၍၊ မြော်လင့်ခြင်းတရားအကြောင်း ကြောင့်အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။
၁၈ သင်၏အမျိုးအနွယ်သည်၊ ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်၊ ဟုမြော်လင့်စရာအကြောင်း မရှိဘဲလျက်၊ ယုံကြည်၍ မြော်လင့်လေ၏။
၄ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည် လည်းမြော်လင့်ခြင်းကို ပြုစုတတ်၏။
၁၃ သင်တို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့်၊ မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်း အမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မြော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော်။
sပေါလုသည် တပါးအမျိုးသားများအား ဟောရန်ခန့်
၁၃ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါး တည်လျက်ရှိ၏။ ဤသုံးပါတို့တွင် ချစ်ခြင်းမေတ္တာသည်၊ အမြတ်ဆုံး ဖြစ်သတည်း။
၇ ယခုသွားစဉ်တွင် သင်တို့ကို တွေ့မြင်ခြင်းငှါ သာအလိုမရှိ။ နောက်မှ သခင်ဘုရားသည် အခွင့်ပေးတော်မူလျှင်၊ သင်တို့နှင့်အတူ ကြာမြင့်စွာနေမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၇ သင်တို့အတွက်ကြောင့် ငါတို့သည် မရွေ့နိုင်သော မျှော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကို ဆက်ဆံသကဲ့သို့၊ ထိုနည်းတူ သက်သာခြင်းကို ဆက်ဆံကြ၏၊ ဟုငါတို့သည်သိကြ၏။
sမိမိကိုယ်ကိုအားမကိုးဘဲ ဘုရားအားကိုးဘို့ ခံစားစေ
၁၁ သင်တို့သည် ကူညီ၍ ငါတို့အဘို့ ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ ဟု ငါတို့သည် ယုံကြည် မျှော်လင့်ခြင်းရှိ၏။ ထိုသို့ဖြစ်လျှင် အများသောသူတို့သည် ကူညီသောအားဖြင့်၊ ငါတို့၌ ရောက်သော ဆုကျေးဇူးကို၊ အများသောသူတို့သည် ထောက်၍၊ ငါတို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
sအပြန်အလှန် ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်ကြ
၁၂ ထိုသို့သော ယုံကြည်မြော်လင့်ခြင်းရှိသည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက်ခြင်းအလျှင်းမရှိ၊ အတည့်အလင်း ဟောပြောကြ၏။
၁၆ ထိုသို့သူ့လုပ်ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ပြည်တဘက်သို့ကူး၍၊ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့်ရှိစေခြင်းငှါ၊ သင်တို့၏ ယုံကြည်ခြင်း ပါရမီရင့်ပြီးမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၆ ငါတို့သည် အစစ်ခံနိုင်သောသူ ဖြစ်သည်ကို၊ သင်တို့သိကြလိမ့်မည်။ ဟုငါထင်မှတ်မြော်လင့်ခြင်းရှိ၏။
၄ သင်တို့ကို ခေါ်တော်မူခြင်းနှင့်၊ စပ်ဆိုင်သော မြော်လင့်ခြင်း တပါးထဲသို့၊ ခေါ်သွင်းတော် မူသည်နှင့်အညီ ကိုယ်တကိုယ်၊ ဝိညာဉ် တဝိညာဉ်တည်း ရှိ၏။
၂၂ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည်ကိုယ် တိုင်ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ
၂၇ တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာ နှင့်ဆိုင်သော မဟာစည်းစိမ်ကား၊ အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ၊ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား၊ ဘုန်းအသရေကို မြော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း။
၈ နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်း သို့ရောက်မည်၊ ဟုမြော်လင့်ခြင်းတည်းဟူသော၊သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။
sအမျက်တော်ခံစေခြင်းငှါ ငါတို့ကိုခန့်ထားတော်မမူ
၁၆ ငါတို့ကိုချစ်တော်မူ၍၊ ထာဝရ သက်သာခြင်း အကြောင်းကို၎င်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်း အကြောင်းကို၎င်း၊ ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှုခရစ်သည် ကိုယ်တော်တိုင်၊
၂၂ ထိုမှတပါး၊ ငါတည်းခိုစရာအရပ်ကို လည်းပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပဌနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသောအခွင့်ကို ပေးတော်မူမည်၊ ဟုမြော်လင့်ခြင်းရှိ၏။
၆ ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မြော်လင့်ခြင်းနှင့် စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ထိုအိမ်တော်ဖြစ်သတည်း။
s ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်
၁၉ ထိုမြော်လင့်ခြင်းမူကား၊ကုလားကာအတွင်း၌ ချ၍၊ မြဲမြံခိုင်ခံ့သော စိတ်နှလုံး၏ ကျောက်ဆူးကဲ့သို့၊ ငါတို့၌ ရှိသတည်း။ %fo(a)
၁၉ ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကိုမပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မြော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမြော်လင့်ခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။
၂၃ မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍၊ မတိမ်းယိမ်းမရွေ့လျောဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ ဂတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
၃ အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မြော်လင့်ခြင်း အကြောင်းရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည့်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကိုတဖန်ဖြစ်ဖွား (born again) စေတော်မူသော၊ ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။
၁ ယုံကြည် အားနည်းသောသူတို့ကို လက်ခံကြလော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာတို့ကို၊ သူနှင့် မဆွေးနွေးကြနှင့်။ အစာအမျိုးမျိုးကို စားအပ်သည်၊ ဟုလူအချို့ယုံ၏။
၁ သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သီးခံရကြမည်။
၂ ထမ်းရွက်စရာဝန်ချင်းတို့ကို၊ အချင်းချင်းကူညီ၍၊ ထမ်းရွက်သောအားဖြင့်၊ ခရစ်တော်၏တရားကိုကျင့်ကြလော့။
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ ငါ၏အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီးပေးကြလော့။
၁ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော်သည် အလွန်ကြီး မြတ်တော်မူ၏။ ဘုန်းတန်ခိုး အာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။
၄ မတော်မလျော်သော၊ ညစ်ညူးပြက်ပြယ်ပြက်ယယ်သော စကားများကိုလည်းပယ်၍၊ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။
၂၀ ခပ်သိမ်း သောအရာတို့၌၊ ကျေးဇူးတော်ကြီး လှပါ၏၊ ဟုငါတို့သခင် ယေရှုခရစ်၏ နာမတော်ကို ထောက်၍၊ ခမည်းတော် ဘုရားသခင့်ရှေ့၊ ကာလအစဉ်မပြတ် ဝန်ခံကြလော့။
s မိန်းမတို့ ခေါင်းဖြစ်သော ယောက်ျားအုပ်စိုးခြင်းဝန်ခံကြလော့
၆ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ၊ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို၊ ဘုရားသခင်အား ကြားလျှောက်ကြလော့။
၁၇ စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကိုထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏၊ဟုထိုသခင်ကိုအမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။
s မိသားစုဆက်ဆံရေး
၁၈ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ သင်တို့သည် ထိုသို့ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင် အလိုတော်ရှိ၏။