၃၀ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်၊ ဟုမိန့်တော်မူ၏။
s ယေရှုကိုခဲနှင့်ပစ်ဘို့ကြံ
၁၁ ယခုမှစ၍အကျွန်ုပ်သည်ဤ လောက၌မရှိပါ။ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တလုံးတဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏နာမ၌ တည်စေတော်မူပါ။
sပျက်စီးခြင်း၏ သားတယောက်သာ
၂၁ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို၊ လောကီသားတို့သည် ယုံကြမည်အကြောင်း၊ ထိုသူအပေါင်းတို့သည် တလုံးတဝတည်း ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ ရှိတော်မူ၍၊ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။
၈ သို့သော်လည်း၊ စိုက်သောသူနှင့် ရေလောင်းသောသူသည်၊ တလုံးတဝတည်းဖြစ်၍၊ အ သီးအသီး မိမိလုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။
s ဥယျာဉ်တော်နှင့် ကျောင်းတော်တိုက်
၂၈ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျ်ားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်း ဖြစ်ကြ၏။
၁၆ ကိုယ်တော်၌ ထိုလူစု နှစ်စုတို့ကို၊ လူသစ်တစ်ဦး တစ်ကိုယ်တည်း ဖြစ်စေခြင်းငှာ ပြင်ဆင်၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါး ကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ စေမည် အကြောင်းတည်း။
၃ အသင့်အတင့် ပေါင်းဖေါ်ခြင်းအဖွဲ့ အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား၊ တလုံးတဝတည်း ဖြစ်အံ့သောငှါ ကြိုးစားအား ထုတ်ကြလော့။
၂ သင်တို့သည် အချင်းချင်း ချစ်ကြ၍၊ စိတ်မကွဲပြားဘဲ၊ တလုံးတဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘော တညီတညွတ်တည်း ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာ အကြောင်းကို စုံလင်စေကြလော့။
၇ သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍၊ ထိုသုံးပါးတို့သည်၊ တလုံးတဝတည်းဖြစ်တော်မူ၏။
၁၄ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း၊ ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏၊ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
၃ ဇာတိပကတိကြောင့် ပညတ်တရားသည် အားနည်း၍၊ မတတ်နိုင်သော အမှုကို ဘုရားသခင် ပြုတော်မူခြင်းငှာ၊ အပြစ်နှင့် ပြည့်စုံသော ဇာတိပကတိ၏ သဏ္ဍာန်ကို ဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဖို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော်မူ၏။
၁၇ ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာအကြောင်းကို စီရင်၍၊ ဘုရားသခင်နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်၎င်း၊ သစ္စာနှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီး ဖြစ်အံ့သောငှါ၊ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသော အကြောင်းရှိ၏။
၂၇ သင်တို့မှုကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကို စေစားခြင်းငှာ မလာ၊
၄၅ အကြောင်းမူကား၊ လူသားသည် သူတပါးကို စေစားခြင်းငှါမလာ၊ သူတပါး အစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှါ၎င်း၊ ကြွလာသတည်း၊ ဟုမိန့်တော်မူ၏။
sလူကန်းဗာတိမဲ
၆ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို၊ လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊
၁၈ ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။
၁ ကြွင်းသေးသော စကားဟူမူကား၊ ငါ့ညီအစ်ကိုတို့၊ သခင်ဘုရား၌ ဝမ်းမြောက်ခြင်းရှိကြလော့။ အထပ်ထပ် ငါရေးလိုက်သော်လည်း ပင်ပန်းခြင်းမရှိ။ သင်တို့မူကား လုံခြုံခြင်းရှိ ကြလိမ့်မည်။
၄ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်းရှိကြလော့။ တဖန်ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။