-
AA
+
🡀
|
🡂
ဂလာတိ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဂလာတိ ဩဝါဒစာ
အခန်းကြီး ၆


ဒုစရိုက်ပြုသောသူကိုသူ့နေရာ၌ ပြန်တည်မြဲစေပါ
CROSS REFERENCES






ညီအစ်ကိုတို့၊ လူသည်သတိလစ်၍၊ တစုံတခုသောဒုစရိုက်ကို ပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသင်တို့သည်၊ အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက်၊ သိမ်မွေ့နူးညံ့သော သဘောနှင့် ထိုသို့သောသူကို မစ၍၊သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။ [A]


အချင်းချင်းဝန်ကို ထမ်းပေးကြပါ
CROSS REFERENCES






ထမ်းရွက်စရာဝန်ချင်းတို့ကို၊ အချင်းချင်းကူညီ၍၊ ထမ်းရွက်သောအားဖြင့်၊ [B] ခရစ်တော်၏တရားကိုကျင့်ကြလော့။ အကြင်သူသည်၊ ဘာမျှမဟုတ်ဘဲလျက်၊ ဤမျှလောက်ငါဖြစ်သည်၊ ဟုစိတ်ထင်လျှင်၊ ထိုသူသည်ကိုယ်ကိုလှည့်ဖြားသောသူဖြစ် ၏။ လူတိုင်းကိုယ်ပြုသောအမှုကိုစစ်ကြောစေ။ သို့ပြုလျှင်သူတပါး၌ မဆိုဘဲ၊ ကိုယ်၌ သာဝါးကြွားဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။ အဘယ်ကြောင့်နည်းဟူမူကား၊ လူအသီးအသီးတို့သည်မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။ နှုတ်ကပတ်တရားကိုသင်သောသူသည်၊ သင်ပေးသောသူအား၊ ကောင်းသောအရာရှိသမျှတို့ကိုဝေမျှစေ။


စိုက်သည့််အတိုင်းရိတ်ရလိမ့်မည်
CROSS REFERENCES






အလွဲမယူကြနှင့်။ ဘုရားသခင်သည်မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည်အတိုင်း၊ အသီးအနှံကိုရိတ်ရလိမ့်မည်။ [C] မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည်၊ ဇာတိပကတိအားဖြင့်ပုပ်ပျက်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည်၊ ဝိညာဉ်ပကတိအားဖြင့်ထာဝရအသက်ရှင်ခြင်း၊ အသီးအနှံကိုရိတ်ရလိမ့်မည်။ ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင်၊ အချိန်တန်သောကာလ၌၊ အသီးအနှံကိုရိတ်ရကြလိမ့်မည်။ ၁၀ ထိုကြောင့်ငါတို့သည်အဆင်သင့်သည်အတိုင်း၊ ယုံကြည်ခြင်း၏အိမ်သူ အိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အားကျေးဇူးပြုကြကုန်အံ့။


အရေဖျားလှီးဘို့သွေးဆောင်သူများ
CROSS REFERENCES






၁၁ အဘယ်မျှလောက်ကြီးသောစာကို၊ ကိုယ်လက်နှင့်သင်တို့အား၊ ငါရေးလိုက်သည်ကိုသင်တို့မြင်ကြ၏။ ၁၂ မိမိတို့ အသွေးအဆင်းတင့်တယ်စေချင်သောသူရှိသမျှတို့သည်၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့်ခံရသောညှဉ်းဆဲခြင်းနှင့်၊ မိမိတို့ ကင်းလွှတ်လို၍၊ သင်တို့ကိုအရေဖျားလှီးခြင်း [D]ကိုခံစေခြင်းငှါ၊ အနိုင်အထက်သွေးဆောင်တတ်ကြ၏။ ၁၃ အရေဖျားလှီးခြင်းကိုခံသောသူတို့သည်၊ ပညတ်တရားကိုကိုယ်တိုင်မကျင့်သည်ဖြစ်၍၊ သင်တို့၏အသွေးအဆင်းကိုအမှီပြုလျက်ဝါကြွားလို၍၊ သင်တို့ကိုအရေဖျားလှီးခြင်းကိုခံစေခြင်းငှါအလိုရှိကြ၏။


လက်ဝါးကပ်တိုင်သာလျှင်ဝါကြွားစရာ
CROSS REFERENCES






၁၄ ငါဖြစ်လျှင်၊ ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကပ်တိုင်တော်မှတပါး၊ အဘယ်အရာ၌ မျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ၊ ဤလောကသည်ငါ့အဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ငါသည်လည်းဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ၁၅ အကြောင်းမူကား၊ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း [E]အကျိုးမရှိ၊ မခံဘဲနေခြင်းလည်းအကျိုးမရှိ။ သတ္တဝါသစ်ဖြစ်ခြင်းသာအကျိုးရှိ၏။ ၁၆ ဤနည်းဥပဒေသအတိုင်းကျင့်သောသူရှိသမျှတို့အပေါ်၌၎င်း၊ ဘုရားသခင်၏ဣသရေလအမျိုးအပေါ်၌ ၎င်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်းသက်ရောက်ပါစေသော်။ ၁၇ ယခုမှစ၍အဘယ်သူမျှငါ့ကိုမ နှောင့်ရှက်စေနှင့်။ ငါကိုယ်၌ သခင်ယေရှု၏ဒဏ်ချက်ရာကိုငါဆောင်၏။ ၁၈ ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည်၊ သင်တို့၏စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။

ဂလာတိဩဝါဒစာပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.