-
AA
+
🡀
|
🡂
ဂလာတိ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဂလာတိ ဩဝါဒစာ
အခန်းကြီး ၅


အရေဖျားလှီးခြင်းဖြင့်ကျွန်ပြန်မခံကြနှင့်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ထိုကြောင့်ခရစ်တော်သည်၊ ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊ ​ကျွန်ခံရာထမ်းပိုးကိုထမ်း၍ ချည်နှောင်ခြင်းကို တဖန်မခံကြနှင့်။ [A] ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်း [B] ကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ။ အရေဖျားလှီးခြင်းကို ခံသောသူအပေါင်းတို့အား၊ ငါတဖန်သက်သေခံသည်ကား၊ ထိုသို့သောသူသည်၊ ပညတ်တရားကို အကြွင်းမဲ့ကျင့်အံ့သောငှါ၊ ကြွေးတင်သောသူဖြစ်၏။ ပညတ်တရားအားဖြင့်​ ဖြောင့်မတ်ရာသို့ ရောက်သမျှသော သင်တို့သည်၊ ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌ မတည်၊ ရွေ့လျော့ကြပြီ။ ငါတို့မူကား ယုံကြည်ခြင်းအားဖြင့်၊ ​ဖြောင့်မတ်ရာသို့ ရောက်မည်၊ ဟုမြော်လင့်သော ကျေးဇူးတော်ကို၊ ဝိညာဉ်တော်အားဖြင့် ငံ့လင့်၍နေကြ၏။ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း [C]အကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ။ မေတ္တာအားဖြင့် ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။


ကောင်းစွာပြေးပြီးမှ အဘယ်သူဆီးတားသနည်း
CROSS REFERENCES






အထက်က သင်တို့သည် ကောင်းမွန်စွာပြေးကြ၏။ သို့ဖြစ်၍ သမ္မာတရား [D]ကို နားမထောင်စေခြင်းငှါ၊ အဘယ်သူ ဆီးတားသနည်း။ ယခုယူသော အယူကား၊ သင်တို့ကို ခေါ်တော်မူသောသူ၏ ဩဝါဒကိုအမှီပြု၍၊ ယူသော အယူမဟုတ်။ အနည်းငယ်သော တဆေးသည်၊ မုန့်စိမ်းတပုံလုံးကို ဖောင်းကြွစေတတ်၏။ ၁၀ သင်တို့သည် ကွဲပြားသော အယူရှိသမျှကို ပယ်လိမ့်မည်။ ဟုသခင်ဘုရားကို ငါအမှီပြု၍ စိတ်စွဲလမ်းခြင်းရှိ၏။ သင်တို့ကို နှောင့်ယှက်သောသူ မည်သည်ကား၊ မိမိအပြစ်ဒဏ်ကို ခံရလိမ့်မည်။


အရေဖျားလှီးခြင်းတရားဟောသေးလျှင်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၁ တဖန်တုံ၊ ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်း [E]တရားကို ဟောပြောသေးသည်မှန်လျှင်၊ အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံရသေးသနည်း။ ထိုသို့ဟောပြောလျှင်၊ လက်ဝါးကပ်တိုင်တော်ကို ထိမိ၍၊ လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏။ ၁၂ သင်တို့ကို မှောက်မှားစေသောသူတို့ကို၊ ပယ်ရှားနှင်ထုတ်စေခြင်းငှါ ငါအလိုရှိ၏။ ၁၃ ညီအစ်ကိုတို့၊ သင်တို့သည်လွှတ်ခြင်း အခွင့်ကို ရသောသူဖြစ်၏။ [F] သို့သော်လည်း ဇာတိပကတိအားအခွင့်ကို ပေး၍၊ ထိုလွှတ်ခြင်းကို မသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့။ ၁၄ အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့၊ဟူသော ပညတ်တစ်ပါးကိုကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ ကျင့်ရာရောက်၏။ [G] ၁၅ သို့မဟုတ် အချင်းချင်းကိုက်စားလျှင်၊ အချင်းချင်း ဖျက်ဆီးမည်၊ ဟုစိုးရိမ်၍ သတိရှိကြလော့။

CROSS REFERENCES






ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည် ဆန့်ကျင်ဖက်ဖြစ် [H]

၁၆ ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။ ၁၇ အကြောင်းမူကား၊ ဇာတိပကတိနှင့် ဝိညာဉ်ပကတိသည်၊ တပါးနှင့်တပါး ဆန့်ကျင်သောအလိုရှိကြ၏။ တစ်ပါးနှင့်တစ်ပါး ဆန့်ကျင့်ဘက်ဖြစ်၍၊ သင်တို့သည် ကျင့်ချင်သောအကျင့်ကို မကျင့်နိုင်ကြ။ ၁၈ သို့သော်လည်း ဝိညာဉ်ပကတိ အလိုသို့ လိုက်လျှင် ပညတ်တရားနှင့်လွတ်ကြ၏။


ဇာတိပကတိအကျင့်များ
CROSS REFERENCES






၁၉ ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ၂၀ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ ၂၁ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း။ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်း [I]မှစ၍ ထိုသို့သောအကျင့်ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သောသူတို့သည်၊ ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြ။ ဟုအထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း၊ ယခုပင်လည်း ငါပြောနှင့်၏။


ဝိညာဉ်ပကတိ၏အသီးများ

၂၂ ဝိညာဉ်ပကတိ၏ အသီးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ ၂၃ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း (self-control) ပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။ ၂၄ ခရစ်တော်နှင့် စပ်ဆိုင်သောသူတို့သည်၊ ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။ ၂၅ သို့ဖြစ်၍၊ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။ ၂၆ အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ် နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.