-
AA
+
🡀
|
🡂
ဂလာတိ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဂလာတိ ဩဝါဒစာ
အခန်းကြီး ၄


ဘုရားသားဖြစ်သောကြောင့်အမွေခံများဖြစ်ကြ
CROSS REFERENCES





CROSS REFERENCES






တဖန်တုံ၊ အမွေခံမည်သည်ကား၊ ဥစ္စာရှိသမျှကို ပိုင်ထိုက်သောသူ ဖြစ်သော်လည်း၊ အရွယ်မရောက်မှီ ကာလပတ်လုံး အစေအပါ​ကျွန်နှင့်တူ၏။ အဘစီရင်နှင့်သော အချိန်ကာလ မရောက်မှီတိုင်အောင်၊ အစောင့်အထိန်း အအုပ်အချုပ်တို့လက်၌ ရှိ၏။ ထိုနည်းတူ ငါတို့သည် အရွယ်မရောက်မှီ၊ လောကီတရားနု [A]လက်၌ ကျွန်ခံရကြ၏။ အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊ ပညတ်တရားလက်၌ ရှိသောငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍၊ ပညတ်တရားအောက်၌ ဖွားမြင်ရသောသားတော်ကို၊ ဘုရားသခင်သည် စေလွှတ်တော်မူ၏။ ထိုသို့သင်တို့သည် သားဖြစ်သောကြောင့်၊ အဗ္ဗအဘ၊ ဟုခေါ်တတ်သော သားတော်၏ ဝိညာဉ်တော်ကို၊ သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏။ သို့ဖြစ်၍ သင်တို့သည် နောက်တဖန် အစေအပါ​ကျွန်မဖြစ်၊ သားပင်ဖြစ်ကြ၏။ သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်း ဖြစ်ကြ၏။ [B]


လောကီတရား၌ ကျွန်ပြန်ခံ
CROSS REFERENCES






သို့သော်လည်း အထက်က သင်တို့သည်၊ ဘုရားသခင်ကို မသိသောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ်သောသူတို့၏ အမှုကို ဆောင်ရွက်ကြ၏။ ယခုမူကား သင်တို့သည် ဘုရားသခင်ကို သိပြီးမှဟူ၍မဆို၊ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီးမှ၊ အားမရှိ၊ ချမ်းသာမပေးနိုင်သော တရားနုဘက်သို့၊ အဘယ်ကြောင့် တဖန်ပြောင်းလဲကြသနည်း။ ထိုလောကီတရား၌ [A] တဖန်ကျွန်ခံခြင်းငှါ အလိုရှိကြပြီတကား။ ၁၀ နှစ်၊ လ၊ နေ့ရက်၊ အချိန်ကာလများကို စောင့်ကြပြီတကား။ [C] ၁၁ ငါသည် သင်တို့ဆီမှာ အချည်းနှီး ကြိုးစားအားထုတ်သည်၊ ဟုသင်တို့၏ အကြောင်းကြောင့် စိုးရိမ်လျက်ရှိ၏။ ၁၂ ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ဖြစ်ကြလော့၊ ဟုငါတောင်းပန်၏။ သင်တို့သည် ငါ့ကိုအလျှင်းမပြစ်မှားကြ။


ပေါလုကသမ္မတရားပြောသောကြောင့်ရန်သူဖြစ်သလော
CROSS REFERENCES






၁၃ ငါသည်ကိုယ်နာခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိတရားကိုသင်တို့အား၊ အထက်ကဟောပြောကြောင်းကို သင်တို့သိကြ၏။ ၁၄ ကိုယ်ကာယ၌ ငါခံရသောစုံစမ်းခြင်းကို သင်တို့သည် မထီမဲ့မြင်မပြု၊ ငါ့ကိုမပယ်၊ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့၎င်း၊ ယေရှုခရစ်ကဲ့သို့၎င်း၊ လက်ခံကြ၏။ ၁၅ သို့ဖြစ်လျှင် သင်တို့ခံရသော မင်္ဂလာကား အဘယ်မင်္ဂလာနည်း။ အထက်က ကိုယ်မျက်စိကိုထုတ်၍ ငါ့အားပေးနိုင်လျှင်၊ ပေးခြင်းငှါ သင်တို့အလိုရှိသည်၊ ဟုငါသက်သေခံ၏။ ၁၆ ယခုမူကား၊ ငါသည် သမ္မာတရား [D]ကို သင်တို့အား ဟောပြောသောကြောင့်၊ သင်တို့၏ ရန်သူဖြစ်သလော။ ၁၇ သူတထူးတို့သည် သင်တို့ကို အလွန်ချစ်ကြသည် မှန်စေတော့။ လျောက်ပတ်စွာ ချစ်ကြသည်မဟုတ်။ သင်တို့သည် သူတို့ကိုအလွန်ချစ်မည်အကြောင်း၊ သူတို့သည်သင်တို့ကို ပယ်ခြင်းငှါ အလိုရှိကြ၏။ ၁၈ သို့သော်လည်း သင်တို့နှင့်အတူ ငါရှိစဉ်တွင်သာ၊ ကောင်းသောအရာကို အလွန်ချစ်အပ်သည်မဟုတ်။ အစဉ်မပြတ်အလွန်ချစ်အပ်၏။


ပေါလု၏ချစ်သားများ

၁၉ ခရစ်တော်သည် သင်တို့အထဲ၌ တည်လျက် ရှိတော်မူသည်တိုင်အောင်၊ သင်တို့အဘို့ သားဖွားခြင်းဝေဒနာကို၊ ငါခံရသော ငါ့ချစ်သားတို့၊ [E] ၂၀ သင်တို့ကို ငါယုံမှားခြင်းရှိသောကြောင့်၊ ယခုသင်တို့ကို ကိုယ်တိုင်တွေ့၍၊ ထူးခြားသောစကားကို ပြောခြင်းငှါအလိုရှိ၏။


​ကျွန်မနှင့်ကျွန်မဟုတ်သောသား

၂၁ ပညတ်တရားအောက်၌ နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကို နားမလည်ကြသလော။ ၂၂ ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတယောက်ကား၊ ​ကျွန်မ၏သားဖြစ်၏။ တယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏၊ ဟုလာသတည်း။ ၂၃ ​ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဖွားသောသားဖြစ်၏။ ​ကျွန်မမဟုတ်သော မိန်းမ၏သားသည်၊ ဂတိတော်အားဖြင့် ဖွားသောသားဖြစ်၏။ ၂၄ ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော၊ ပဋိညာဉ်တရားတပါးသည်၊ သိနာတောင်ပေါ်မှာစီရင်၍၊ ​ကျွန်များကို ဖွားတတ်သောတရားဖြစ်၏။ ၂၅ အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ [F] ယခုရှိသော ယေရုရှလင်မြို့နှင့်တူ၏။ မိမိသားများနှင့်တကွ​ ကျွန်ခံရ၏။ ၂၆ အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသောငါတို့၏ အမိတည်းဟူသော၊ ​ကျွန်မမဟုတ်သော မိန်းမဖြစ်သတည်း။ ၂၇ ကျမ်းစာလာသည်ကား၊ သားမဖွားသောအမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော် ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသောမိန်းမထက်၊ သာ၍များသောသားတို့ကို ဖွားမြင်ပြီ၊ ဟုလာသတည်း။ [G]


ငါတို့သည်ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်ကြ

၂၈ ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့၊ ဂတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။ ၂၉ ထိုအခါ ဇာတိပကတိအားဖြင့် ဖွားသောသားသည်၊ ဝိညာဉ်တော်အားဖြင့် ဖွားသောသားကို ညှဉ်းဆဲသကဲ့သို့၊ ထိုနည်းတူယခုပင်ဖြစ်၏။ ၃၀ သို့သော်လည်း အဘယ်သို့ ကျမ်းစာလာသနည်းဟူမူကား၊ ​ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ ​ကျွန်မ၏သားသည် ကျွန်မမဟုတ်သော မိန်းမ၏သားနှင့်၊ အတူအမွေမခံရ၊ ဟုလာသတည်း။ [H] ၃၁ ယခုတွင်ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သားမဟုတ်၊ ​ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.