-
AA
+
🡀
|
🡂
ဂလာတိ ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းကြီး





ဂလာတိ ဩဝါဒစာ
အခန်းကြီး ၃


ပေါလုက ဂလာတိလူတို့ကို အပြစ်တင်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ပညာမဲ့သော ဂလာတိလူတို့၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ယေရှုခရစ်တော်ကို၊ သင်တို့မျက်မှောက်၌ ထင်ရှားစွာ ပြပြီးသည်ဖြစ်၍၊ သမ္မာတရား [A]ကို နားမထောင်စေခြင်းငှါ၊ သင်တို့ကို အဘယ်သူ ပြုစားသနည်း။ ပညတ်တရား၏ အကျင့်အားဖြင့် ဝိညာဉ်တော်ကို ခံရကြသလော။ သို့မဟုတ် ယုံကြည်ခြင်းတရားကို ကြားနာခြင်းအားဖြင့်၊ ခံရကြသလောဟူ သောအရာတခုကို သာသင်တို့၌ ငါသိလို၏။ ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ်တော်ကို အမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။ ဤမျှလောက်သော ဆင်းရဲခြင်းကို အချည်းနှီးခံကြပြီလော။ အချည်းနှီးသက်သက် ဖြစ်ရမည်လော။ ထိုမှတပါး ဝိညာဉ်တော်ကို သင်တို့အားပေး၍၊ သင်တို့၌ တန်ခိုးများကို ပြသောသူသည်၊ ပညတ်တရား၏ အကျင့်အားဖြင့် ပြသလော။ ယုံကြည်ခြင်းတရားကို နာခြင်းအားဖြင့် ပြသလော။ ထိုနည်းတူ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။ [B] ယုံကြည်ခြင်း ရှိသောသူသည် အာဗြဟံ၏ သားဖြစ်သည်၊ ဟုအမှန်သိမှတ်ကြလော့။ [C] ဘုရားသခင်သည် ယုံကြည်ခြင်းကို ထောက်၍၊ တပါးအမျိုးသားတို့ကို ဖြောင့်မတ်ရာ၌ တည်စေတော်မူမည်၊ ဟုကျမ်းစာသည် မြော်မြင်လျက်၊ အာဗြဟံအားအမိန့်ရှိ၍၊ သင့်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်၊ ဟုဧဝံဂေလိတရားကို ဟောနှင့်လေ၏။ သို့ဖြစ်၍ ယုံကြည်ခြင်း ရှိသောသူတို့သည်၊ ယုံကြည်သော အာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာကို ခံရကြ၏။


ပညတ်တရားသည် ကျိန်ခြင်းကို ဖြစ်စေသည်

၁၀ ပညတ်တရား၏ အကျင့်ကို အမှီပြုသောသူ ရှိသမျှတို့သည်၊ အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ ပါသမျှသောစကားတို့ကို၊ အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်း၊ [D]၊ ဟုကျမ်းစာလာ၏။ ၁၁ တဖန်တုံ၊ ​ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ [E] ၁၂ ပညတ်တရားမူကား ယုံကြည်ခြင်းနှင့် မစပ်ဆိုင်။ ထိုအကျင့်ကို ကျင့်သောသူသည်၊ ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်။ ဟုဆိုသတည်း။ ၁၃ ထိုကြောင့်၊ ဘုရားသခင့်ရှေ့တော်၌ ၊ ပညတ်တရားအားဖြင့် အဘယ်သူမျှ ​ဖြောင့်မတ်ရာသို့ မရောက်နိုင်။ ဟုထင်ရှားလျက်ရှိ၏။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူတိုင်း၊ ကျိန်ခြင်းကို ခံရသောသူဖြစ်သည် [F]၊ ဟုကျမ်းစာလာသည်နှင့်အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်၊ ကျိန်ခြင်းကို ခံရသောသူဖြစ်၍၊ ငါတို့ကို ပညတ်တရား၏ ကျိန်ခြင်းမှ၊ ရွေးနှုတ်တော်မူပြီ။


ဂတိတော်ကို အာဗြဟံနှင့်သူ၏ အမျိုးအနွယ်၌ ထား

၁၄ အကြောင်းမူကား၊ အာဗြဟံခံရသော ကောင်းကြီးမင်္ဂလာသည်၊ ယေရှုခရစ်အားဖြင့် တပါးအမျိုးသားတို့၌ ၊ သက်ရောက်သည်ဖြစ်၍၊ ငါတို့သည် ဂတိတော်နှင့် ယှဉ်သောဝိညာဉ်တော်ကို၊ ယုံကြည်ခြင်းအားဖြင့် ခံရကြမည်အကြောင်းတည်း။ ၁၅ ညီအစ်ကိုတို့၊ လောကီဝေါဟာရအားဖြင့် ငါပြောမည်။ လူသော်လည်း ဝန်ခံစာကိုချုပ်ပြီးမှ အဘယ်လူမျှမပယ်ရ၊ ထပ်ဆင့်၍စကားကို မသွင်းရ။ ၁၆ ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌၊ ထားတော်မူ၏။ အမျိုးအနွယ်တို့၊ ဟုအများသောသူတို့ကို ရည်မှတ်၍၊ မိန့်တော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ်။ ဟုတယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကား၊ ခရစ်တော်ဖြစ်သတည်း။


ဂတိတော်ကို ပညတ်တရားကမပယ်နိုင်

၁၇ ငါဆိုသည်ကား၊ ခရစ်တော်ကို ရည်မှတ်၍၊ ဘုရားသခင် တည်စေတော်မူနှင့်သော၊ ပဋိညာဉ်တရားကို၊ အနှစ် လေးရာ သုံးဆယ် လွန်ပြီးမှ၊ နောင်ဖြစ်သော ပညတ်တရားသည် မပယ်နိုင်။ ဂတိတော်ကို အချည်နှီးမဖြစ်စေနိုင်။ ၁၈ ထိုမှတပါး၊ အမွေတော်သည် ပညတ်တရားနှင့် စပ်ဆိုင်လျှင်၊ ဂတိတော်နှင့် မစပ်ဆိုင်။ ဘုရားသခင်သည် ဂတိတော်အားဖြင့်၊ အာဗြဟံအားထို အမွေတော်ကို သနားတော်မူ၏။


ဂတိတော်မခံမှီ အပြစ်ကြောင့် ပညတ်တရားပေး

၁၉ သို့ဖြစ်၍ ပညတ်တရားသည်၊ အဘယ်အကျိုး ရှိသနည်းဟူမူကား၊ ဂတိတော်ကိုခံသော အမျိုးအနွယ် မဖြစ်မှီတိုင်အောင်၊ ဒုစရိုက်များကြောင့် ထိုတရားကိုထပ်၍ ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန် များအားဖြင့်၊ အာမခံ၏လက်၌ ထားတော်မူ၏။ ၂၀ အာမခံမည်သည်ကား၊ တဘက်နှင့်သာ ဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တဘက်ဖြစ်တော်မူ၏။ ၂၁ သို့ဖြစ်၍ ပညတ်တရားသည်၊ ဘုရားသခင်၏ ဂတိတော်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ ထိုသို့မဖြစ်နိုင်ရာ။ အသက်ရှင်စေနိုင်သော ပညတ်တရားကို ပေးတော်မူသည်မှန်လျှင်၊ အကယ်စင်စစ် ထိုတရားအားဖြင့် ဖြောင့်မတ်ခြင်းကို ရလိမ့်မည်။ ၂၂ ယခုမူကား၊ ယုံကြည်သောသူတို့သည်၊ ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဂတိတော်ကိုရမည်အကြောင်း၊ ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။ ၂၃ ယုံကြည်ခြင်း တရားမရောက်မှီ၊ ပညတ်တရားသည် စောင့်နေသည်ဖြစ်၍၊ ထိုအခါ ငါတို့သည်နောက်၌ ထင်ရှားလတံ့သော၊ ယုံကြည်ခြင်းတရားကို မြော်လင့်၍၊ ချုပ်ထားလျက်ရှိကြ၏။


ပညတ်တရားသည် ခရစ်တော်ထံသို့ ပို့ဆောင်၍အထိန်းဖြစ်

၂၄ ထိုကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းငှါ၊ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကိုပို့ဆောင်၍၊ ငါတို့၏အထိန်းဖြစ်သတည်း။ ၂၅ ယုံကြည်ခြင်းတရားသည် ရောက်လာသောအခါ၊ ငါတို့သည် ထိုအထိန်းလက်မှ လွတ်ကြ၏။၂၆ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့်၊ ဘုရားသခင်၏ သားဖြစ်ကြ၏။ ၂၇ ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူ ရှိသမျှတို့သည်၊ ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူ ဖြစ်ကြ၏။


ယေရှုခရစ်၌ လူမျိုးအဆင့်အတန်းမရှိ
CROSS REFERENCES





CROSS REFERENCES






၂၈ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ​ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျ်ားမရှိ၊ မိန်းမမရှိ၊ [G] ထိုသခင်၌ သင်တို့ အပေါင်းသည် တလုံးတဝတည်း [H]ဖြစ်ကြ၏။ ၂၉ ခရစ်တော်နှင့် စပ်ဆိုင်လျှင်၊ အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၍၊ ဂတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။ [I]




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.