-
AA
+
🡀
|
🡂
၂ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၉


ပေါလုက ကောရိန္သုအသင်းသားများ အလှူအသင့်ရှိ၊ ဟုဝါကြွား

သန့်ရှင်းသူတို့ကို လုပ်​ကျွေးခြင်း၏ အမှုအရာများကို၊ သင်တို့အား ငါရေး၍ ကြားလိုက်သော် အကျိုးမရှိ။ အကြောင်းမူကား၊ သင်တို့၏ စေတနာစိတ်ကို ငါသိ၏။ သင်တို့၌ ရှိသော ထိုစေတနာစိတ်ကို၊ ငါဝါကြွား၍ အခါယ (Achaia ) ပြည်သူပြည်သားတို့သည် မနှစ်ကပင် အသင့်ရှိကြပြီ။ ဟုမာကေဒေါနိ (Macedonians) လူတို့အား ငါဆိုတတ်၏။ ထိုသို့ သင်တို့ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာသည်၊ အများသော သူတို့ကို နှိုးဆော်တိုက်တွန်းလေပြီ။ သို့သော်လည်း ငါတို့သည် သင်တို့ကို ဝါကြွားသော စကားသည်၊ ဤအမှု၌ အချည်းနှီး မဖြစ်စေဘဲ၊ ထိုစကားနှင့်အညီ သင်တို့သည် အသင့်ရှိစေခြင်းငှာ၊ ညီအစ်ကို အချို့တို့ကို ငါစေလွှတ်၏။ သို့မဟုတ် မာကေဒေါနိ လူတို့သည် ငါနှင့်အတူလာ၍၊ သင်တို့သည် အသင့်မရှိကြသည်ကို တွေ့လျှင်၊ သင်တို့ရှက်ကြလိမ့်မည်၊ ဟုမဆိုဘဲ၊ ငါတို့သည် ရဲရင့်စွာ ဝါကြွားခဲ့ပြီးသည်ကို၊ အရှက်ခံရ ကြလိမ့်မည်။ ထိုကြောင့် အထက်က ကြားပြောသော သင်တို့၏အလှူ ကျေးဇူးသည်၊ အနိုင်အထက် လှူရသော ဥစ္စာကဲ့သို့မဟုတ်၊ အလှူကျေးဇူးကဲ့သို့ အသင့်ရှိစေခြင်းငှာ၊ ညီအစ်ကိုတို့သည် သင်တို့ဆီသို့ အရင်သွားစေ၍၊ ထိုအလှူကျေးဇူးကို အရင်ပြည့်စုံစေခြင်းငှာ၊ ငါသည် မတိုက်တွန်းဘဲ မနေကောင်း၊ ဟုသဘောရှိ၏။


စေတနာစိတ်နှင့် လှူသောသူကိုသာ ဘုရားသခင်နှစ်သက်

အနည်းငယ်သော မျိုးစေ့ကိုကြဲသောသူသည်၊ စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည်၊ များစွာရိတ်ရမည်၊ [A] ဟုမှတ်ကြလော့။ လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲမနေရ၊ ဟုစိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကိုသာ၊ ဘုရားသခင် နှစ်သက်တော်မူ၏။ ကျမ်းစာလာသည်ကား၊ သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏။ ဟုလာသည်နှင့်အညီ [B]၊ သင်တို့သည် အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုး အစဉ်ရှိ၍၊ ကောင်းသောအကျင့် အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသော မင်္ဂလာကျေးဇူးနှင့် အထူးသဖြင့် ပြည့်စုံစေခြင်းငှာ၊ ဘုရားသခင် တတ်နိုင်တော်မူ၏။


ပေးကမ်းခြင်းဖြင့် ပွားများစေမည် ဖြောင့်မတ်ခြင်းလည်း ကြွယ်၀စေမည်

၁၀ မျိုးစေ့ကြဲသောသူအား မျိုးစေ့ကို၎င်း၊ အစာအာဟာရကို၎င်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကိုပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ ​ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။ ၁၁ ထိုသို့သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှာ၊ အရာရာ၌ ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာ အကြောင်း ရှိလိမ့်မည်။


သန့်ရှင်းသူများကို မ,စသည်သာမက ကျေးဇူးတော်ချီးမွမ်းစရာဖြစ်

၁၂ အဘယ်သို့နည်းဟူမူကား၊ ဤလုပ်​ကျွေးခြင်း အမှုသည် သန့်ရှင်းသူတို့၏ ဆင်းရဲခြင်းကို မ,စသည်သာမက၊ ဘုရားသခင်၏ ကျေးဇူးတော်ကို၊ ချီးမွမ်းစရာ အကြောင်းအများနှင့် ပြည့်စုံလျက်ရှိ၏။ ၁၃ သင်တို့သည် ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာ လိုက်ခြင်းအရာကို၎င်း၊ ထိုသန့်ရှင်းသူ တို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန့်ကြဲပေးကမ်းခြင်း အရာကို၎င်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်​ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကို ထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်၏။ ၁၄ သင်တို့၌ ထူးမြတ်သော ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း၊ သူတို့သည်ထောက်လျှင်၊ သင်တို့အဖို့ အလိုငှာ ဆုတောင်း၍၊ အလွန်ချစ်ခင် မြတ်နိုးခြင်းစိတ် ရှိကြ၏။ ၁၅ ပြော၍ မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို၊ အောက်မေ့၍ ချီးမွမ်းခြင်း ရှိစေသတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.