-
AA
+
🡀
|
🡂
၂ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၈


မာကေဒေါနိအသင်းတော်များ ညှဉ်းဆဲခြင်းခံသော်လည်း လှူကြ

ညီအစ်ကိုတို့၊ ဘုရားသခင်သည် မာကေဒေါနိပြည်(Macedonia)၌ ရှိသော အသင်းတော်များတို့အား၊ ပြုတော်မူသော ကျေးဇူးတော်အကြောင်းကို၊ ငါတို့သည်သင်တို့အား ကြားပြောကြ၏။ ထိုအသင်းတော်တို့သည်၊ ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီးသော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏ စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ ကြွယ်ဝပြည့်စုံ၏။ အကြောင်းမူကား၊ သူတို့သည် တတ်နိုင်သမျှထက်မက၊ အလိုအလျောက်စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည် ၊ ဟုငါသည်သက်သေခံ၏။ သူတို့အလှူဒါနကို ငါတို့သည်ယူ၍ သူတို့နှင့်ကူညီလျက်၊ သန့်ရှင်းသူတို့အားလုပ်​ကျွေးခြင်းအမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့သည် တိုက်တွန်းသွေးဆောင်သော စကားများအားဖြင့်၊ ငါတို့ကို တောင်းပန်ကြ၏။ ထိုသို့ပြုကြသော်၊ ငါတို့မြော်လင့်သည်အတိုင်း ထက်မကပြု၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ရှေ့ဦးစွာသခင်ဘုရား၌၎င်း၊ ငါတို့၌၎င်း၊ မိမိတို့ကို မိမိတို့လှူကြ၏။ ထိုကြောင့်၊ တိတု (Titus)သည်သင်တို့၌ အဦးပြုနှင့်သကဲ့သို့၊ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည်သူ့ကို တောင်းပန်ကြ၏။ ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရားဟောခြင်း၊ ဥာဏ်ရှိခြင်း၊ အမျိုးမျိုးသော သတိနှင့်ပြည့်စုံခြင်း၊ ငါတို့ကိုချစ်ခြင်းမှစသော အလုံးစုံတို့နှင့်၊ ကြွယ်ဝပြည့်စုံသည်ဖြစ်၍၊ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည့်စုံခြင်း ဖြစ်စေသတည်း။ ထိုသို့ဆိုသော်၊ ပညတ်အားဖြင့် ငါဆိုသည်မဟုတ်။ အခြားသောသူတို့၏ ကြိုးစားအားထုတ်ခြင်းကို အစွဲပြု၍၊ သင်တို့၏ မေတ္တာသည်မှန် သည်မမှန်သည်ကို စုံစမ်းသောအားဖြင့် ဆိုသတည်း။


သခင်ယေရှုသည် စည်းစိမ်ရှိသော်လည်းဆင်းရဲခံ

အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် [A] သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။


ယုံကြည်သူများအချင်းချင်းကူညီမစဘို့

၁၀ ဤအမှု၌ ငါသည် ကိုယ်သဘောကိုပြု၏။ မနှစ်ကပင် အဦးပြုသည်သာမက၊ စေတနာစိတ်နှင့် ပြည့်စုံသော သင်တို့သည် ဤအမှုကို ပြီးစီးစေလျှင်သာ၍ ကောင်းလိမ့်မည်။ ၁၁ သို့ဖြစ်၍၊ အထက်က စေတနာစိတ်ရှိသည်နှင့် အညီ၊ ယခုတွင် သင်တို့သည် တတ်နိုင်သည် အတိုင်းပြု၍၊ ဤအမှုကို ပြီးစီးစေကြလော့။ ၁၂ အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကို မထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ်ဖြစ်၏။ ၁၃ ဤအမှုအရာ၌ အခြားသောသူတို့သည် ချမ်းသာရ၍၊ သင်တို့သည် ဆင်းရဲစေခြင်းငှါ ငါအကြံရှိသည်မဟုတ်။ ၁၄ များများရသောသူမပို။ နည်းနည်းရသောသူ မလိုဟူသောကျမ်းစကားနှင့်အညီ၊ ၁၅ မျှခြင်းတရားကို ထောက်၍၊ ယခု၌ သင်တို့၏စည်းစိမ်သည် သူတို့၏ဆင်းရဲကို မစသဖြင့်၎င်း၊ နောင်၌ သူတို့၏စည်းစိမ်သည် သင်တို့၏ဆင်းရဲကို မစသဖြင့်၎င်း၊ အညီအမျှဖြစ်စေခြင်းငှါ ငါအကြံရှိ၏။


တိတုနှင့်အတူ ယုံကြည်သူများအလှူကိစ္စနှင့် ကောရိန္သုအသင်းတော်သို့သွား

၁၆ ထိုသို့သင်တို့၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို၊ ဘုရားသခင်သည် တိတုအားလည်း ပေးတော်မူသော ကျေးဇူးတော်ကြီးလှပေ၏။ ၁၇ ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာစိတ် အားကြီး၍၊ သင်တို့ဆီသို့ အလိုအလျောက်သွား၏။ ၁၈ ဧဝံဂေလိတရားကို ဟောပြော၍၊ အသင်းတော်အပေါင်းတို့၌၊ ချီးမွမ်းခြင်းကို ခံရသောညီကိုလည်း၊ တိတု(Titus)နှင့်အတူ ငါတို့စေလွှတ်ကြ၏။ ၁၉ ထိုညီမူကား၊ သခင်ဘုရား၏ ဂုဏ်အသရေတော်ကို၎င်း၊ ကိုယ်စေတနာစိတ်ကို၎င်း၊ ငါတို့သည် ထင်ရှားစေ၍၊ အသင်းတော်များ၏ အလှူကျေးဇူးကို ပြုစုသည်အမှုမှာ၊ ငါတို့နှင့်အတူ သွားစေခြင်းငှါ၊ အသင်းတော်တို့သည် ရွေးကောက်၍၊ ခန့်ထားသောသူ ဖြစ်သတည်း။ ၂၀ ငါတို့သည် ထိုများစွာသော အလှူကျေးဇူးကို ပြုစုရာတွင်၊ အပြစ်တင်စရာအကြောင်း အလျှင်းမရှိစေခြင်းငှါ၊ သတိပြုကြ၏။ ၂၁ သခင်ဘုရားရှေ့တော်၌ မက၊ လူတို့ရှေ့၌ တင့်တယ်လျောက်ပတ်သော အကျင့်ကို ကြံစည်ကြ၏။ ၂၂ ထိုသူနှစ်ယောက်နှင့်အတူ အခြားသော ညီအစ်ကိုကိုလည်း စေလွှတ်ကြ၏။ ထိုညီမူကား၊ ငါတို့သည်အရာရာ၌ အဖန်ဖန်စုံစမ်း၍ သိသည်အတိုင်း၊ လုံ့လပြုသောသူဖြစ်၏။ ယခု၌ သင်တို့ကို အလွန်ယုံကြည်သောကြောင့်၊ သာ၍လုံ့လပြု၏။


တိတုသည်ငါ၏ အပေါင်းအဖေါ်ဖြစ်၏

၂၃ တိတုသည် အဘယ်သို့သောသူနည်း၊ ဟုတစုံတယောက်မေးလျှင်၊ ငါ၏အပေါင်းအဖေါ်ဖြစ်၏။ သင်တို့အမှုကိုငါနှင့်အတူ ဆောင်ရွက်သောသူလည်း ဖြစ်၏။ အခြားသောညီအစ်ကိုတို့မူကား၊ အဘယ်သို့သောသူနည်း၊ ဟုမေးလျှင်၊ အသင်းတော်များ၏ တမန်ဖြစ်ကြ၏။ ခရစ်တော်၏ ဘုန်းအသေရေလည်း ဖြစ်ကြ၏။ ၂၄ ထိုကြောင့်၊ သင်တို့၏ ချစ်ခြင်းမေတ္တာကို၎င်း၊ ငါတို့သည် သင်တို့ကြောင့် ဝါကြွားခြင်းအကြောင်းကို၎င်း၊ အသင်းတော်များ မျက်မှောက်၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.