-
AA
+
🡀
|
🡂
၂ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၃


သင်တို့သည်စိတ်နှလုံးပေါ်၌ ရေးထားသောစာဖြစ်ကြသည်

ငါတို့သည် တဖန်ကိုယ်ကိုကိုယ် ချီးမွမ်းကြသလော။ သို့မဟုတ် ချီးမွမ်းသောစာကို သင်တို့ထံသို့သူ တပါးပေးစေခြင်းငှါ၎င်း၊ သင်တို့သည် သူတပါးထံသို့ ပေးစေခြင်းငှါ၎င်း၊ ငါတို့သည် အချို့သောသူကဲ့သို့ အလိုရှိကြသလော။ သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဖတ်တတ်သော ငါတို့စာပင်ဖြစ်ကြသတည်း။ အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မှင်နှင့်ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ရေး၍၎င်း၊ ကျောက်ပြားပေါ်၌ မရေးဘဲ၊ အသားနှင့်ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ပြုစုသော ခရစ်တော်၏ စာထင်ရှားစွာဖြစ်ကြ၏။ ငါတို့သည် ခရစ်တော်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ထိုသို့သော ယုံမှတ်စွဲလမ်းခြင်းရှိ၏။


ဖြောင့်မတ်စေသောတရားသည် သာ၍ဘုန်းရှိ
CROSS REFERENCES






သို့ရာတွင် ငါတို့သည် ကိုယ်တန်ခိုးကို အမှီပြု၍၊ ကိုယ်အလိုအလျောက် တစုံတခုကို ကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင် ကိုအမှီပြု၍ သာတတ်နိုင်သည်နှင့်အညီ၊ ပဋိညာဉ်တရားသစ်၏ [A]ဆရာဖြစ်နိုင်သော အစွမ်းသတ္တိကို ဘုရားသခင်သည် ငါတို့အားပေးတော်မူ၏။ ထိုသို့ဆိုသော် ကျမ်းဟောင်းတရားကို မဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက်ကို သတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏။ ထိုမှတပါး ပျောက်တတ်သော ရောင်ခြည်တည်းဟူသော မောရှေ၏မျက်နှာမှ ထွက်သောရောင်ခြည်ကြောင့်၊ ဣသရေလ အမျိုးသားတို့သည် သူ၏မျက်နှာကို စေ့စေ့မကြည့်ရှုနိုင်သည် တိုင်အောင်၊ ကျောက်ပြားပေါ်၌ အက္ခရာတင်၍ ရေးထားသော သေခြင်း၏တရားသည်၊ ဘုန်းအာနုဘော်နှင့် ပြည့်စုံသည်မှန်လျှင်၊ ထိုမျှမက ဝိညာဉ်တော်တရားသည်၊ ဘုန်းအာနုဘော်နှင့် အလွန်ပြည့်စုံရလိမ့်မည် မဟုတ်လော။ အပြစ်စီရင်တတ်သော တရားသည် ဘုန်းအာနုဘော်ရှိလျှင်၊ ထိုမျှမက ဖြောင့်မတ်စေတတ်သော တရားသည်၊ ဘုန်းအာနုဘော်နှင့်သာ၍ ကြွယ်ဝပြည့်စုံလိမ့်မည်။ ၁၀ နောက်ဖြစ်သောဘုန်းသည် အလွန်မြတ်သောကြောင့်၊ ဘုန်းရှိဘူးသောအရာသည် ဘုန်းကွယ်လျက်ရှိ၏။ ၁၁ ပယ်ရှင်းရသောအရာသည် ဘုန်းရှိလျှင်၊ တည်နေသောအရာသည် သာ၍ဘုန်းရှိလိမ့်မည်။


စိတ်နှလုံးမိုက်မဲခြင်းကို ခရစ်တော်အားဖြင့်သာပယ်ရှင်း
CROSS REFERENCES





CROSS REFERENCES






၁၂ ထိုသို့သော ယုံကြည်မြော်လင့်ခြင်း [B]ရှိသည်ဖြစ်၍ ငါတို့သည် ထိမ်ဝှက်ခြင်းအလျှင်းမရှိ၊ အတည့်အလင်း ဟောပြောကြ၏။ ၁၃ ပယ်ရှင်းသောအရာ၏ အဆုံးကို ဣသရေလ အမျိုးသားတို့သည် စေ့စေ့မကြည့်ရှုစေခြင်းငှါ၊ မောရှေသည် မိမိမျက်နှာကို ဖုံးအုပ်သကဲ့သို့ ငါတို့သည်မပြုကြ။ ၁၄ သူတို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၍၊ ယခုတိုင်အောင် ဓမ္မဟောင်းကျမ်းစာကို ဖတ်ကြသောအခါ၊ အနက်အဓိပ္ပါယ်သည် ဖုံးအုပ်လျက်ရှိကြ၏။ အကြောင်းမူကား၊ ခရစ်တော်အားဖြင့်သာ ထိုဖုံးအုပ်ခြင်း အကြောင်းကို ပယ်ရှင်းရ၏။ ၁၅ ယခုတိုင်အောင်လည်း၊ မောရှေ၏ ကျမ်းစာကို ဖတ်ကြသောအခါ၊ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိသေး၏။ ၁၆ သို့သော်လည်း သခင်ဘုရား ထံတော်သို့ ပြောင်းလဲသောအခါ၊ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်းလိမ့်မည်။ ၁၇ သခင်ဘုရားဟုဆိုသော် ဝိညာဉ်တော်တရားကို ဆိုလိုသတည်း။ သခင်ဘုရား၏ ဝိညာဉ်တော်တရားသည် လွှတ်ခြင်းချမ်းသာ ကိုပေးတတ်၏။ [C]၁၈ ငါတို့ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက်မှန်ကို ကြည့်သကဲ့သို့၊ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့်မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း၊ ငါတို့သည် ဘုန်းအသရေတိုးပွါး၍ ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.