-
AA
+
🡀
|
🡂
၂ ကောရိန္သု ဩဝါဒစာ
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၂ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁၁


ပေါလုကကောရိန္သုအသင်းတော်ကို ယေရှုနှင့်စေ့စပ်ပေး
CROSS REFERENCES





CROSS REFERENCES






ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှါ ငါအလိုရှိ၏။ ခဏသည်းခံကြပါလော့။ အကြောင်းမူကား၊ ငါသည်သင်တို့ကို သီလနှင့်ပြည့်စုံသော အပျိုကညာကဲ့သို့၊(a) ခရစ်တော်အား ဆက်သအံ့သောငှါ၊ သင်တို့ကို လင်တစ်ဦးနှင့် စေ့စပ်(b) [A]ပြီးသောကြောင့်၊ ဝိညာဉ်ပိုင်း သဝန်တိုသောစိတ် (c) နှင့် သင်တို့ကိုစောင့်ရှောက်လျက်နေ၏။ မြွေသည် မိမိပရိယာယ်အားဖြင့်၊ ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည် စိတ်ဆွေးမြေ့ယိုယွင်း၍၊ ခရစ်တော်ကို အကြွင်းမဲ့ချစ်သော စိတ်ပျောက်မည်၊ ဟုစိုးရိမ်ခြင်းရှိ၏။ သင်တို့ရှိရာသို့ ရောက်လာသောသူသည်၊ ငါတို့မဟောမပြောသေးသော ယေရှုတစ်ပါးကို ဟောပြောသော်၎င်း၊ သင်တို့သည် မခံရသေးသော ဝိညာဉ်တော်တစ်ပါးကို ခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိတရားစကားကို နားထောင်သော်၎င်း၊ ထိုသူကိုသည်းခံကောင်း၏။ [B]


ပေါလုသည် ကောရိန္သုအသင်းတော်ကို မနှောင့်ယှက်
CROSS REFERENCES






ငါသည် အကြီးဆုံးသော တမန်တော်အောက် အလျှင်းမယုတ်သည်ကို ငါသဘောရှိ၏။ စကားအားဖြင့် လူရိုင်းဟုတ်သော်လည်း၊ ပညာအားဖြင့် လူရိုင်းမဟုတ်။ သင်တို့တွင် အရာရာ၌ ငါတို့သည်၊ အစဉ် ကိုယ်ကိုကိုယ် ထင်ရှားစွာပြကြပြီ။ သင်တို့ကို ချီးမြှောက်ခြင်းငှါ၊ ကိုယ်ကိုကိုယ်နှိမ့်ချလျက်၊ ကျေးဇူးဆပ်ခြင်းကိုမခံဘဲ၊ သင်တို့အား ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသည်အရာမှာ၊ ငါသည်အပြစ်ရှိသလော။ သင်တို့အမှုကို ဆောင်ရွက်မည်အကြောင်း၊ အခြားသော အသင်းတော်များပေးသော စရိတ်ကိုငါခံ၍၊ သူတို့ကို လုယူရာသို့ ရောက်လေပြီတကား။ သင်တို့နှင့်အတူရှိနေ၍ တစုံတခုကို လိုသောအခါ၊ အဘယ်သူကိုမျှ ငါမနှောင့်ယှက်။ အကြောင်းမူကား၊ မာကေဒေါနိပြည် (Macedonia) က လာသော ညီအစ်ကိုတို့သည်၊ ငါလိုသမျှကိုပေးကြ၏။ သင်တို့ကို အလျှင်းမနှောင့်ယှက်ဘဲ သတိနှင့်နေခဲ့ပြီ။ နောင်၌လည်း သတိနှင့်နေဦးမည်။ ၁၀ ခရစ်တော်၏ သမ္မာတရား [C]သည်(d) ငါ၌ ရှိသည်ဖြစ်၍၊ အခါယပြည်(Achaia) များတို့၌ ၊ ဤသို့ငါဝါကြွားသည်အမှုကို၊ အဘယ်သူမျှ မဆီးတားရ။ ၁၁ အဘယ်ကြောင့်နည်း၊ သင်တို့ကို ငါမချစ်သလော။ ဘုရားသခင်သိတော်မူ၏။


မှားယွင်းသောဆရာများ
CROSS REFERENCES






၁၂ အခွင့်ရလိုသောသူတို့သည် အခွင့်မရစေခြင်းငှါ၎င်း၊ ဝါကြွားခြင်းအရာ၌ သူတို့သည် ငါကဲ့သို့ ထင်ရှားစွာဖြစ်စေခြင်းငှါ၎င်း၊ ငါပြုခဲ့ပြီးသည်အတိုင်း အစဉ်ပြုဦးမည်။ ၁၃ အကြောင်းမူကား၊ ထိုသူတို့သည် မိစ္ဆာ (မှားယွင်းသော)တမန်ဖြစ်ကြ၏။ [D] ခရစ်တော်၏ တမန်ဖြစ်ယောင်ဆောင်၍၊ လှည့်ဖြားတတ်သော အမှုစောင့်ဖြစ်ကြ၏။ ၁၄ ဤအမှုသည် အံ့ဩဘွယ်ဖြစ်သည် မဟုတ်။ စာတန်ပင်လျှင် လင်းသော ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏။ ၁၅ သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်း၊ ​ဖြောင့်မတ်ခြင်းတရားကို ဟောသောဆရာ ဖြစ်ယောင်ဆောင်လျှင်၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သော အကျင့်အတိုင်း၊ နောက်ဆုံး၌ အကျိုးအပြစ်ကို ခံရကြလတံ့။ ၁၆ တဖန်ငါဆိုသည်ကား၊ ငါ့ကို သူရူး (foolish) ဖြစ်သည်၊ ဟုအဘယ်သူမျှ မထင်စေနှင့်။ သို့မဟုတ် ငါဝါကြွားစရာအခွင့် အနည်းငယ်ရှိစေခြင်းငှါ၊ ငါ့ကို သူရူးကဲ့သို့မှတ်၍ သည်းခံကြလော့။ ၁၇ ဤသို့ငါပြောသောစကားမှာ၊ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွားလျက်ပြောဆို၏။


ပေါလုက မှားယွင်းသောဆရာများနှင့် သူ့ကိုသူနှိုင်းယှဉ်

၁၈ လူများတို့သည် လောကီအချင်းအရာတို့၌ ဝါကြွားသောကြောင့်၊ ငါသည်လည်း ဝါကြွားရ၏။ ၁၉ သင်တို့သည် လိမ္မာသောသူ ဖြစ်သောကြောင့်၊ သူရူးတို့ကို စေတနာစိတ်နှင့် သည်းခံကြ၏။ ၂၀ သူတပါးသည် သင်တို့ကို​ ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင်၊ သင်တို့သည် သည်းခံကြ၏။ ၂၁ ငါတို့သည် အစွမ်းသတ္တိမရှိ၊ ဟုကဲ့ရဲ့ခြင်းကိုအမှတ်ပြု၍ ငါပြော၏။ အကြင်အရာကို သူတစ်ပါးမှီဝဲ၍ ရဲရင့်၏၊ ထိုအရာကို ငါမှီဝဲ၍ ရဲရင့်ခြင်းရှိ၏၊ ဟု သူရူးကဲ့သို့ ငါဆို၏။ ၂၂ သူတို့သည် ဟေဗြဲလူဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် ဣသရေလလူ ဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ သူတို့သည် အာဗြဟံအမျိုး ဖြစ်ကြသလော။ ငါသည်လည်းဖြစ်၏။ ၂၃ သူတို့သည် ခရစ်တော်၏ ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့်ဖြစ်၏၊ ဟု သူရူးကဲ့သို့ ဆိုရ၏။



ပေါလု၏ ဆင်းရဲဒုက္ခခံခြင်းများ

ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင် အကြိမ်ကြိမ်တွေ့ကြုံသောသူ ဖြစ်၏။ ၂၄ ငါးကြိမ်မြောက်အောင် ယုဒလူတို့လက်တွင်၊ ဒဏ်ချက်လေးဆယ်တစ်ခုယုတ် ငါခံခဲ့ရပြီ။ ၂၅ သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခြင်းကို၎င်း၊ တစ်ကြိမ်ခဲနှင့်ပစ်ခြင်းကို၎င်း၊ ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကိုခံရပြီ။ တနေ့နှင့်တညပတ်လုံး ပင်လယ်ထဲမှာနေရပြီ။ ၂၆ အကြိမ်ကြိမ် ဒေသစာရီလှည့်လည်ပြီ။ မြစ်ကိုကူးသောဘေး၊ ဓားပြတိုက်သောဘေး၊ အမျိုးသားခြင်း ပြုသောဘေး၊ တစ်ပါးအမျိုးသား ပြုသောဘေး၊ မြို့ရွာ၌ ရောက်သောဘေး၊ တော၌ ရောက်သောဘေး၊ ပင်လယ်ဘေး၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သော သူတို့ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။ ၂၇ ပင်ပန်းစွာ အမှုဆောင်ရွက်ခြင်း၊ အကြိမ်များစွာ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ်အစာ ရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဤဆင်းရဲခြင်းများကို ငါခံခဲ့ပြီ။ [E]


ကိုယ်နွမ်းရိသောအဖြစ်ကိုသာ ဝါကြွားမည်

၂၈ ထိုအမှုမှတပါး အသင်းတော်အပေါင်းတို့ကို စိုးရိမ်သောစိတ်နှင့်၊ ကြည့်ရှုပြုစု၍ နေ့တိုင်းအစဉ် နှောင့်ယှက်ခြင်းကို ငါခံရ၏။ ၂၉ ငါမနွမ်းရိဘဲ အဘယ်သူနွမ်းရိသနည်း။ ငါသည် စိတ်မပူပန်ဘဲ ဘယ်သူဖောက်ပြန်သနည်း။ ၃၀ ငါသည် မဝါကြွားဘဲ မနေရသည်မှန်လျှင်၊ ကိုယ်နွမ်းရိသောအဖြစ်ကို သာအကြောင်းပြု၍ ဝါကြွားမည်။ ၃၁ ငါသည် မုသာမပြောသည်ကို ထာဝရမင်္ဂလာရှိတော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင် သိတော်မူ၏။ ၃၂ ဒမာသက်မြို့၌ အရေတ မင်းကြီး ခန့်ထားသောမြို့ဝန်သည်၊ ငါ့ကိုဖမ်းဆီးခြင်းငှါ အလိုရှိ၍၊ ဒမာသက်မြို့ကို စောင့်စဉ်တွင်၊ ၃၃ တပည့်တော်တို့သည်၊ ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍၊ မြို့ရိုးအပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်တွင်"သူတို့သမီးကညာ"ဟုရေးထားသည်။ မူရင်းဂရိတ်ဘာသာ၌ παρθένον ἁγνὴν အင်္ဂလိပ်အသံထွက် parthenon hagnēn ဟုရေးထားသည်။ ထို့ကြောင့် "အပျိုကညာ" ဟုရေးရမည်။

(b) မြန်မာကျမ်းစာအုပ်တွင်"ထိမ်းမြားဆောင်နှင်းပြီး"ဟုရေးထားသည်။ မူရင်းဂရိတ်ဘာသာ၌ ἡρμοσάμην အင်္ဂလိပ်အသံထွက် hērmosamēn ဟုရေးထားသည်။ ထိုအရာသည် "စေ့စပ်ပြီး" ဟုရေးရမည်။

(c) မြန်မာကျမ်းစာအုပ်တွင်"ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သောစိတ်" ဟုရေးထားသည်။ မူရင်းဂရိတ်ဘာသာ၌ Θεοῦ ζήλῳ အင်္ဂလိပ်အသံထွက် Theou zēlō ဟုရေးထားသည်။ ထိုအရာသည်အင်္ဂလိပ်လို godly jealousy ဖြစ်သည်။ ထို့ကြောင့် "ဝိညာဉ်ပိုင်းသဝန်တိုခြင်း" ဟုဆိုလိုခြင်းဖြစ်သည်။

၁၀ (d) မြန်မာကျမ်းစာ၌ ခရစ်တော်၏ "သစ္စာတရား" ဟုရေးထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.