-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၉


ပေါလုသည် တမန်တော်ဖြစ်

ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ငါတို့ သခင်ယေရှုခရစ်ကို မြင်ရပြီမဟုတ်လော။ သင်တို့သည် ဘုရားသခင်၌ ၊ ငါလုပ်သောအလုပ် ဖြစ်ကြသည် မဟုတ်လော။ ငါသည် အခြားသောသူတို့အား တမန်တော်မဖြစ်သော်လည်း၊ သင်တို့အား တမန်တော်အမှန် ဖြစ်၏။ အကြောင်းမူကား၊ ငါသည် တမန်တော်မှန်သည်၊ ဟုသင်တို့သည် တပည့်တော်ဖြစ်သောအားဖြင့် ငါ့ကိုတံဆိပ်ခပ်ကြ၏။ ငါ့ကိုစစ်ဆေး မေးမြန်းသောသူ တို့အား၊ ငါအပြစ်ဖြေစရာ စကားဟူမူကား၊ ငါတို့သည် စားသောက်ခြင်း အခွင့်မရှိသလော။


ပေါလု၌ မိန်းမမရှိ

ကေဖနှင့် သခင်ဘုရား၏ ညီများမှစ၍၊ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည် ဒေသစာရီ လှည့်လည်သည်တွင်၊ နှမဖြစ်သော မယားပါစေခြင်းငှါ အခွင့်မရှိသလော။ ငါနှင့်ဗာနဗသာ အလုပ်မလုပ်ဘဲ နေရသောအခွင့်မရှိ၊ ဟုဆိုရသလော။


ကိုယ်စရိတ်နှင့်စစ်တိုက်
CROSS REFERENCES






အဘယ်သူသည် ကိုယ်စရိတ်ကို သုံး၍၊ စစ်မှုကိုထမ်းရသနည်း။ [A] အဘယ်သူသည် ဥယျာဉ်ကိုစိုက်၍၊ အသီးကိုမစားဘဲ နေရသနည်း။ အဘယ်သူသည် သိုးထိန်းလုပ်၍၊ သိုးနို့ကို မသုံးဘဲနေရသနည်း။ လောကီဝေါဟာရအားဖြင့် သာဤသို့ငါဆိုသလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော။ မောရှေ၏ ပညတ္တိကျမ်းစာ၌ လာသည်ကား၊ စပါးနင်း နယ်သောနွား၏နှုတ်ကို မချုပ်တည်းရ၊ ဟုလာ၏။ ဘုရားသခင်သည် နွားကိုသာ ပမာဏပြုတော်မူသလော။ ၁၀ သို့မဟုတ် ငါတို့ကြောင့်သာ ဤသို့ပညတ်တော်မူသလော။ လယ်ထွန်သောသူသည် မြော်လင့်လျက် ထွန်စေခြင်းငှါ၎င်း၊ မြော်လင့်လျက် စပါးနင်းနယ်သောသူသည်၊ မြော်လင့်သည်အတိုင်း ရစေခြင်းငှါ၎င်း၊ ငါတို့ကြောင့်သာ ဤသို့ကျမ်းစာလာ၏။


ယဇ်ပူဇော်သူသည် ယဇ်ပလ္လင်နှင့်ဆိုင်၍စားရသည်

၁၁ ငါတို့သည်သင်တို့၌ ဓမ္မမျိုးစေ့ကိုစိုက်ပြီးမှ၊ သင်တို့၏ လောကီအသီးကို သုံးဆောင်လျှင် ကျေးဇူးကြီးမည်လော။ ၁၂ အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့်ကိုရလျှင်၊ ငါတို့သည်သာ၍ ရထိုက်သည် မဟုတ်လော။ သို့သော် လည်း ထိုအခွင့်ကို ငါတို့သည်မသုံးဘဲ၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဆီးတားခြင်း အကြောင်းမရှိစေခြင်းငှါ၊ အရာရာ၌ သီးခံကြ၏။ ၁၃ ဓမ္မကိစ္စအမှုကို ဆောင်ရွက်သောသူတို့သည်၊ ဗိမာန်တော်ကိုအမှီပြု၍ စားရသည်ကို၎င်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက်သောသူတို့သည်၊ ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကို၎င်း၊ သင်တို့မသိသလော။


ဧဝံဂေလိဟောသောသူ ထိုတရားဖြင့်အသက်မွေးရမည်

၁၄ ထိုနည်းတူ၊ ဧဝံဂေလိတရားကို ဟောသောသူတို့သည်၊ ဧဝံဂေလိတရားကို အမှီပြု၍ အသက်မွေးရမည်အကြောင်း၊သခင်ဘုရား၏ ပညတ်တော်မူချက်ရှိ၏။ ၁၅ သို့သော်လည်း ထိုအခွင့်ကို ငါအလျှင်းမသုံး။ သင်တို့သည် ငါ့အားထိုသို့ ပြုစေခြင်းငှါ၊ ဤစကားကို ငါရေးသည်မဟုတ်။ အကြောင်းမူကား၊ ငါဝါကြွားခြင်းအခွင့်ကို သူတပါး ဖျက်ဆီးသည်ထက်၊ ငါသေသော်သာ၍ ကောင်း၏။


ဧဝံဂေလိတရား မဟောဘဲနေလျှင် အမင်္ဂလာ

၁၆ ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင်၊ ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား၊ မဟောဘဲ မနေနိုင်၊ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။ ၁၇ သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကို ငြင်းဆန်၍ ဆောင်ရွက်လျှင်၊ အရာတော်၌ ခန့်ထားသောသူဖြစ်၏။ ၁၈ သို့ဖြစ်၍ ငါ၏ အကျိုး အဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့်စပ်ဆိုင်သော အခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ်စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှါ ပြုလျှင်ငါ၌ အကျိုးရှိ၏။


လူတကာတို့၏ ကျွန်ခံရ၏

၁၉ ငါသည် အဘယ်သူ၏ ကျွန်မဖြစ်သော်လည်း၊ သာ၍များသောသူတို့ကို ရခြင်းအလိုငှါ၊ လူတကာတို့၏​ ကျွန်ခံရ၏။ ၂၀ ယုဒလူတို့ကိုရခြင်းအလိုငှါ၊ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင် မဆည်းကပ်သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူ တို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားကို ဆည်းကပ်သောသူတို့၌ ၊ ပညတ်တရားကို ကျင့်သောသူ ကဲ့သို့ဖြစ်၏။ ၂၁ ဘုရားသခင့် ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏ တရားကို ကျင့်သောသူ ဖြစ်သော် လည်း၊ ပညတ်တရားမဲ့သောသူတို့ကို ရခြင်းအလိုငှါ၊ ပညတ်တရားမဲ့ သောသူတို့၌ ပညတ်တရားမဲ့သောသူ ကဲ့သို့ဖြစ်၏။ ၂၂ အားနည်းသောသူတို့ကို ရခြင်းအလိုငှါ၊ အားနည်းသောသူတို့၌ အားနည်းသောသူ ကဲ့သို့ဖြစ်၏။ အချို့သောသူတို့ကို တစုံတခုသော အမှုအရာအားဖြင့်၊ ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။ ၂၃ သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှါ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။


ဆုကိုရမည်အကြောင်း ပြေးကြလော့
CROSS REFERENCES






၂၄ မြေတလင်း၌ ပြိုင်၍ပြေးကြသောသူ အပေါင်းတို့သည်၊ ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်းသာလျှင် ဆုကိုရသည်။ ဟုသင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်း ပြေးကြလော့။ [B] ၂၅ ပွဲ၌ပြိုင်၍ အချင်းချင်း တိုက်သောသူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။ ငါတို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကို၊ ရခြင်းအလိုငှါ ပြုကြ၏။ ၂၆ ထိုကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ၊ အာကာသ ကောင်းကင်ကိုသာ ထိုး၍သတ်သည်မဟုတ်။ ၂၇ သူတပါးကိုဆုံးမပြီးမှ၊ ကိုယ်တိုင် ရှုံးသောသူ မဖြစ်ရမည် အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.