-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၇


ယောက်ျားမိန်းမဆက်ဆံခြင်း

သင်တို့သည် ငါ့ထံသို့ ပေးလိုက်သောစာ၌ ပါသောအရာမှာ၊ ယောက်ျားသည် မိန်းမနှင့် မဆက်ဆံဘဲနေလျှင်၊ ကောင်းသော်လည်း၊ မတရားသော မေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယားရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။ ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို၊ မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို၊ မိမိလင်အား ပြုစေလော့။ မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူယောက်ျား သည်လည်း၊ မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။ အချင်းချင်း ခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရ၊ ဟုမဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့်၊ စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့် မရှိစေခြင်းငှါ၊ နောက်တဖန်အတူနေကြလော့။ သို့ရာတွင် ပညတ်မထားဘဲ အခွင့်ပေးခြင်းအားဖြင့် သာငါဆို၏။


ခင်ပွန်းမရှိလျှင်ကောင်း၊ မနေနိုင်လျှင်ခင်ပွန်းရှိပါ

လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှါ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီးအသီးတို့သည်၊ ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း၊ အသီးအသီးသော ဆုကျေးဇူးကိုခံရကြ၏။ ထိုကြောင့်၊ မယားမရှိသောသူတို့နှင့် မုဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။ သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင်၊ ထိမ်းမြားစုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာ စိတ်ပူပန်ခြင်းရှိသည်ထက်၊ ထိမ်းမြားစုံဘက်ခြင်း ပြုသော်သာ၍ ကောင်း၏။ ၁၀ ခင်ပွန်းရှိသောသူတို့ကိုလည်း၊ ငါပညတ်သည်သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။ ၁၁ စွန့်ပစ်လျှင် မိမိခင်ပွန်းမရှိဘဲ နေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်းထံသို့ပြန်၍ အသင့်အတင့်နေစေ။ ယောကျ်ားသည်လည်း မိမိမယားနှင့်မကွာစေနှင့်။


မယုံကြည်သူခင်ပွန်းနှင့်အတူနေပါ၊ သူကကွာလိုလျှင်ကွာပါစေ

၁၂ ကြွင်းသောသူတို့ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက်သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါအလိုရှိလျှင် မကွာစေနှင့်။ ၁၃ ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့် နေခြင်းငှါအလိုရှိလျှင် မကွာစေနှင့်။ ၁၄ အကြောင်းမူကား၊ မယုံကြည်သော လင်သည်၊ မိမိမယားအဘို့ စင်ကြယ်၏။ မယုံကြည်သော မယားသည်လည်း၊ မိမိလင်အဘို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။ ၁၅ သို့သော်လည်း၊ မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ရှိ၏။ ၁၆ အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း။ အချင်းယောကျ်ား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း။



အရေဖျားလှီးခြင်း
CROSS REFERENCES






၁၇ သခင်ဘုရားသည် လူအသီးသီးတို့အား ဝေငှတော်မူ၍၊ ဘုရားသခင်သည် လူအသီးအသီးတို့ကို ခေါ်တော်မူသည်နှင့် လျော်စွာလူတိုင်းကျင့်နေစေ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ငါပညတ်၏။ ၁၈ အရေဖျားလှီးခြင်း [A]ကို ခံသောသူသည်၊ ခေါ်တော်မူခြင်း ကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း၊ ခေါ်တော်မူခြင်း ကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မခံစေနှင့်။ ၁၉ အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ၊ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ၊ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။


လူထံ၌ ကျွန်မခံနှင့်

၂၀ ခေါ်တော်မူခြင်း ကျေးဇူးကို ခံရသောသူသည်၊ အကြင်အမှုကို လုပ်နေ၏၊ ထိုသို့လူတိုင်း လုပ်နေစေ။ ၂၁ အစေခံ​ကျွန်ဖြစ်၍ ခေါ်တော်မူခြင်း ကျေးဇူးကိုခံရလျှင်၊ စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်း လွတ်ခြင်းသို့ ရောက်နိုင်လျှင်၊ လွတ်ရသော အခွင့်ကိုသာ၍ သုံးဆောင်လော့။ ၂၂ အကြောင်းမူကား၊ ​ကျွန်ဖြစ်စဉ်၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည်၊ သခင်ဘုရား၏ လူလွတ်ဖြစ်၏။ ထိုနည်းတူ လူလွတ်ဖြစ်စဉ်၊ ခေါ်တော်မူခြင်းကို ခံရသောသူသည်၊ ခရစ်တော်၏ ကျွန်ဖြစ်၏။ ၂၃ သင်တို့သည် အဘိုးနှင့်ဝယ်တော်မူသောသူ ဖြစ်၍၊ လူထံ၌ အလိုအလျောက်​ကျွန်မခံကြနှင့်။ ၂၄ ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်း ကျေးဇူးကို ခံရသောသူသည်၊ အကြင်အမှုကို လုပ်နေ၏၊ ထိုသို့ဘုရားသခင့် ရှေ့တော်၌ လူတိုင်းလုပ်နေစေ။


ခင်ပွန်းမရှိလျှင်ကောင်း၏

၂၅ ခင်ပွန်းမရှိသော သူတို့၏အမှုမှာ၊ သခင်ဘုရား၏ ပညတ်တော်သည် ငါ၌ မရှိသော်လည်း၊ ငါသည် သစ္စာရှိသောသူ ဖြစ်အံ့သောငှါ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။ ၂၆ စီရင်ချက်ဟူမူကား၊ ယခုညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း၏။ ၂၇ သင်သည် မယားရှိလျှင် လွတ်စေခြင်းငှါ မကြံစည်နှင့်။ မယားနှင့် လွတ်လျှင် အခြားသောမယားကို မရှာနှင့်။ ၂၈ သို့သော်လည်း သင်သည်မယားနေလျှင် အပြစ်မရှိ။ လင်မနေဘူးသော မိန်းမသည်လည်း၊ လင်နေလျှင်အပြစ်မရှိ။ သို့သော်လည်း၊ ထိုသို့ပြုသောသူတို့သည် လောက ညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်။ ဤအမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို။ ၂၉ ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသောသူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။ ၃၀ ငိုကြွေးသောသူသည်၊ မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည်၊ ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည်၊ အလျှင်းမရှိသကဲ့သို့ဖြစ်ရမည်။ ၃၁ ဤလောကကို သုံးသောသူသည်၊ မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏ အဆင်း သဏ္ဍာန်သည်၊ ရွေ့သွားကွယ်ပျောက်တတ်၏။


ခင်ပွန်းမရှိသောသူသည် သခင်ဘုရားအမှုကို သာသတိထားတတ်

၃၂ သင်တို့သည် စိုးရိမ်ခြင်းနှင့် ကင်းလွတ်စေခြင်းငှါ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏ စိတ်တော်နှင့် တွေ့စေခြင်းငှါ သခင်ဘုရား၏ အမှုကိုသာ သတိထားတတ်၏။ ၃၃ ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏ စိတ်နှင့်တွေ့စေခြင်းငှါ၊ လောကီအမှုကို သတိထားတတ်၏။ ၃၄ ထိုနည်းတူ၊ ခင်ပွန်းမရှိသော မိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည်၊ ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည်၊ ကိုယ်ခန္ဓာနှင့်ဝိညာဉ်နှစ်ပါး(a) ကို သန့်ရှင်းစေခြင်းငှါ၊ သခင်ဘုရား၏ အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏ စိတ်နှင့်တွေ့စေခြင်းငှါ၊ လောကီအမှုကို သတိထားတတ်၏။ ၃၅ ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ဆို၏။ သင်တို့ကို နှောင့်ရှက်ချင်သော စိတ်နှင့်ဆိုသည်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှါသာ ဤသို့ဆို၏။


မင်္ဂလာဆောင်သောသူသည် ကောင်း၏၊ မဆောင်သောသူသာ၍ကောင်း၏

၃၆ အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင်၊ မလျောက်ပတ်၊ ဟုထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍၊ ထိမ်းမြားစရာ အကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိ ထိမ်းမြားကြစေ။ ၃၇ သို့သော်လည်း မိမိစိတ်နှလုံး တည်ကြည်ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သောအခွင့်နှင့်၊ ကိုယ်စိတ်အလိုကို ချုပ်တည်းနိုင်သော အခွင့်ရှိသောကြောင့်၊ မထိမ်းမမြားဘဲနေမည်၊ ဟုကိုယ်စိတ်နှလုံးထဲမှာ စီရင်ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။ ၃၈ သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား၊ သာ၍ ကောင်းစွာပြု၏။ ၃၉ မိန်းမသည် မိမိခင်ပွန်းမသေမှီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ [B] ခင်ပွန်းသေလျှင်မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌ သာအခြားသောသူ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ၏။ ၄၀ အခွင့်ရှိသော်လည်း၊ အခြားသောသူ၏ မယားမဖြစ်ဘဲနေလျှင်၊ သာ၍မင်္ဂလာရှိသည်၊ ဟုငါသဘောရှိ၏။ ငါ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူသည်၊ ဟုငါစွဲလမ်းခြင်းစိတ်ရှိ၏။

_________________________
Footnotes


၃၄ (a) မူရင်းဂရိတ်၌ καὶ τῷ σώματι καὶ τῷ πνεύματι အင်္ဂလိပ်ကျမ်းစာများ၌ both in body and spirit ကိုမြန်မာကျမ်းစာ၌ ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါး၊ ဟုရေးထားရာ၊ "စိတ်" အပိုရေးထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.