-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၄

ခရစ်တော်၏အစေအပါဘုရားသခင်၏ဘဏ္ဍာစိုး

ခရစ်တော်၏အစေအပါ ကဲ့သို့၎င်း၊ ဘုရားသခင်၏ နက်နဲသောအရာတို့ကို၊ စောင့်သော ဘဏ္ဍာစိုးကဲ့သို့၎င်း၊ [A]သူတပါးသည် ငါတို့ကိုမှတ်ပါစေ။ ထိုမှတပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။ သင်တို့မှစ၍ အခြားသောလူများတို့သည်၊ ငါ့ကိုသစ္စာမရှိ၊ ဟုစီရင်သော်လည်း၊ ငါသည်အမှုမထား။ ငါကိုယ်ကို ငါမစီရင်။ အကြောင်းမူကား၊ ကိုယ်စိတ်သည် ကိုယ်ကိုအပြစ်မတင်။ သို့သော်လည်း၊ ထိုအကြောင်းဖြင့် ငါသည် အပြစ်လွတ်သည်မဟုတ်။ ငါ့ကိုစီရင်သောသူကား၊ ထာဝရဘုရားပေတည်း။ ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍၊ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား၊ ကြွလာတော်မမူမှီ တိုင်အောင်၊ အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးအသီးတို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်း ကျေးဇူးကို ခံရကြလတံ့။


အဘယ်ကြောင့် ဝါကြွားသနည်း

ညီအစ်ကိုတို့၊ သင်တို့သည် ကျမ်းစာကိုလွန်၍၊ သူတပါးကိုမရိုသေအပ်၊ ဟုငါတို့ကိုထောက်၍ နားလည်စေခြင်းငှါ၎င်း၊ မာနစိတ်ထောင်လွှားသည်နှင့်၊ တယောက်ကိုမှီဝဲ၍ တယောက်ကို ငြင်းဆန်ခြင်း မရှိစေခြင်းငှါ၎င်း၊ ငါဆိုခဲ့ပြီးသောအချက်၌ သင်တို့၏အကျိုးကိုထောက်၍၊ ငါနှင့်အာပေါလုကို ပုံဆောင်လျက် ဆိုသတည်း။ ထိုမှတပါး၊ အဘယ်သူသည် သင့်ကိုထူးခြားစေသနည်း။ သူတပါးလက်မှမခံမယူဘဲ၊ အလိုအလျောက်ရသော အရာတစုံတခုမျှ၊ သင်၌ ရှိသလော။ သူတပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။ ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရတတ်ကြ၏။ ငါတို့မရှိစဉ်တွင် စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ၊ စိုးစံရသော အခွင့်ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှါ အလိုရှိ၏။ သတ်ဘို့ရာထားသော သူကဲ့သို့၊ အခြားသောသူ များနောက်၌၊ တမန်တော်တည်းဟူသော ငါတို့ကို၊ ဘုရားသခင် ထုတ်ပြတော်မူသည်၊ ဟုငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက်၌၊ ပွဲဝင်သောသူဖြစ်ကြ၏။


ပေါလုနှင့် အသင်းတော်

၁၀ ငါတို့သည် ခရစ်တော်၏ အကြောင်းကြောင့် လူမိုက်ဖြစ်ကြ၏။ သင်တို့မူကား၊ ခရစ်တော်၌ ပညာရှိဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား၊ အစွမ်းသတ္တိနှင့် ပြည့်စုံသောသူ၊ အသရေရှိသောသူ ဖြစ်ကြ၏။ ငါတို့သည် အရှက်အကြောက် ခံရသောသူဖြစ်၍၊ ၁၁ ယခုတိုင်အောင် အစားအသောက် ငတ်မွတ်ခြင်း၊ အဝတ်အစားနွမ်းပါးခြင်း၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းကို ခံရကြ၏။ နေရာမကျသောသူ၊ ၁၂ ကိုယ်လက်နှင့် ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်ကြ၏။ ကဲ့ရဲ့ခြင်းကိုခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။ ၁၃ အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏ အညစ်အ​ကြေးကဲ့သို့၎င်း၊ အရပ်ရပ်ထဲက လှည်းပစ်သော တန်မြက်ချေး၊ အမှိုက်ကဲ့သို့၎င်း၊ [B] ယခုတိုင်အောင်ဖြစ်ကြ၏။ ၁၄ သင်တို့သည် ရှက်စေခြင်းငှါ ဤသို့ငါရေးသည် မဟုတ်။ သင်တို့ကို ချစ်သားကဲ့သို့မှတ်၍ သတိပေး၏။


ဆရာ တသောင်းရှိငြားသော်လည်း အဘအများမရှိ
CROSS REFERENCES






၁၅ သင်တို့သည် ခရစ်တော်၏ အကြောင်းကို သင်ပေးသော ဆရာတသောင်း ရှိငြားသော်လည်း၊ အဘအများမရှိ။ ဧဝံဂေလိတရားအားဖြင့်၊ ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ဖွားစေပြီ။ ၁၆ သို့ဖြစ်၍ ငါကျင့်သည်နည်းတူ၊ သင်တို့သည် ကျင့်ကြမည်အကြောင်း၊ ငါနှိုးဆော်တောင်းပန်၏။ [C] ၁၇ ထိုအကြောင်းကြောင့်၊ သခင်ဘုရား၏ သစ္စာရှိသော ငါ၏ချစ်သားတိမောသေကို၊ သင်တို့ဆီသို့ငါစေလွှတ်၏။ ခပ်သိမ်းသောအရပ်တို့၌ ခပ်သိမ်းသော အသင်းတော်တို့ကို ငါသွန်သင်သည်နှင့်အညီ၊ ငါသည်ခရစ်တော်၌ ကျင့်သောအကျင့် ဓလေ့များကို သင်တို့သည် မှတ်မိစေခြင်းငှါ၊ သူသည် ပြသတိုက်တွန်းလိမ့်မည်။ ၁၈ ငါသည် သင်တို့ဆီသို့ ကိုယ်တိုင်မလာ၊ ဟုအချို့သောသူတို့သည် ထင်မှတ်သည်နှင့်၊ မာနထောင်လွှားခြင်းရှိကြ၏။ ၁၉ သို့သော်လည်း သခင်ဘုရားသည် အလိုတော်ရှိလျှင် ငါသည်မြန်မြန်လာမည်။ လာသောအခါ မာနထောင်လွှားသောသူတို့၏ စကားကို၊ သိမှတ်မည်မဟုတ်။ သူတို့၏တန်ခိုးကို သိမှတ်မည်။ ၂၀ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည်၊ စကား၌တည်သည်မဟုတ်၊ တန်ခိုး၌တည်၏။ ၂၁ သင်တို့သည် အဘယ်သို့အလိုရှိသနည်း။ ငါသည်နှင်တံနှင့် သင်တို့ဆီသို့လာရမည်လော။ သို့မဟုတ်မေတ္တာနှင့်၎င်း၊ နူးညံ့သိမ်မွေ့သောစိတ်နှင့်၎င်း၊ လာရမည်လော။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.