-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၃


ကောရိန္သုအသင်းတော်ခရစ်တော်၌သူငယ်ကလေး
CROSS REFERENCES





CROSS REFERENCES






ညီအစ်ကိုတို့၊ အထက်ကငါသည် ဝိညာဉ်လူ [A] တို့အား ဟောပြောသကဲ့သို့၊ သင်တို့အား ဟောပြောရသောအခွင့် မရှိဘဲ၊ ဇာတိပကတိလူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။ ယခုတိုင်အောင် သင်တို့သည် ခဲဘွယ်စားဘွယ်ကို မ​ကြေနိုင်သောကြောင့် ငါမ​ကျွေးရ။ နို့ကိုသာတိုက်ရ၏။ ယခုပင်လည်း၊ သင်တို့သည် မ​ကြေနိုင်သေး။ ယခုပင်လည်း၊ ဇာတိပကတိလူ ဖြစ်ကြသေး၏။ [B] ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်းကွဲပြားခြင်း ရှိသည်ဖြစ်၍၊ သင်တို့သည် ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။ လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော။ တယောက်က၊ ငါသည် ပေါလုတပည့် ဖြစ်၏ဟူ၍၎င်း၊ တယောက်က၊ ငါသည် အာပေါလုတပည့်ဖြစ်၏ ဟူ၍၎င်း၊ အသီးအသီးပြောကြလျှင်၊ ဇာတိပကတိလူ ဖြစ်ကြသည် မဟုတ်လော။ ပေါလုကား အဘယ်သူနည်း။ အာပေါလုကား အဘယ်သူနည်း။ အခြားသောသူမဟုတ်၊ ထာဝရဘုရားသည် အသီးအသီးတို့အား အခွင့်ပေးသနားတော်မူသည်နှင့်အညီ၊ သင်တို့ကိုယုံကြည်ခြင်းသို့ ရောက်စေသော ဓမ္မဆရာပေတည်း။


စိုက်သူရေလောင်းသူ
CROSS REFERENCES






ငါသည်စိုက်သောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူ ဖြစ်၏။ အပင်ကို ကြီးပွါးစေသောသူကား၊ ဘုရားသ ခင်ပေတည်း။ စိုက်သောသူ မတတ်နိုင်။ ရေလောင်းသောသူလည်း မတတ်နိုင်။ ကြီးပွါးစေတော်မူသော ဘုရားသခင် သာလျှင်တတ်နိုင်တော်မူ၏။ သို့သော်လည်း၊ စိုက်သောသူနှင့် ရေလောင်းသောသူသည်၊ တလုံးတဝတည်း [C]ဖြစ်၍၊ အ သီးအသီး မိမိလုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။


ဥယျာဉ်တော်နှင့် ကျောင်းတော်တိုက်

ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူ ချင်းဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်တော်ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ၏။ ၁၀ ဘုရားသခင်၏ ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင် အဘယ်သို့ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။


တိုက်ဆောက်သူများဆုပေးပွဲ

၁၁ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသောတိုက်မြစ်မှတပါး၊ အခြားသောတိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။ ၁၂ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍တည် ဆောက်သောသူရှိသမျှ၊ ၁၃ အသီးအသီး လုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဖေါ်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သော အလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို၊ မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။ ၁၄ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍၊ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏၊ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ ၁၅ အကြင်သူ၏ အလုပ်သည်​ ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။


ဘုရားသခင်၏ဗိမာန်တော်
CROSS REFERENCES






၁၆ သင်တို့သည်၊ ဘုရားသခင်၏ ဗိမာန်တော် [D]ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌၊ ကျိန်းဝပ်တော်မူသည်ကို၎င်း၊ မသိကြသလော။ ၁၇ အကြင်သူသည်၊ သခင်ဘုရား၏ ဗိမာန်တော်ကိုဖျက်ဆီး၏၊ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း၊ ထိုဗိမာန်တော်ဖြစ်ကြ၏။


ပညာရှိဖြစ်ခြင်းငှါ

၁၈ အဘယ်သူမျှ ကိုယ်ကို မလှည့်ဖြားစေနှင့်။ သင်တို့တွင် အကြင်သူသည်၊ ဤလောက၌ ပညာရှိဖြစ်သည်၊ ဟုကိုယ်ကိုထင်၏။ ထိုသူသည် ပညာရှိအဖြစ်သို့ ရောက်လိုသောငှါ၊ လူမိုက်ဖြစ်ပါစေ။ ၁၉ အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် ပညာရှိတို့ကို၊ သူတို့၏ ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏။ ဟုလာသတည်း။ ၂၀ တဖန်တုံ၊ ပညာရှိတို့၏ အကြံအစည်တို့သည်၊ အချည်းနှီးဖြစ်ကြောင်းကို၊ ထာဝရဘုရား သိတော်မူ၏၊ ဟုလာသတည်း။


ခပ်သိမ်းသောအရာသင်တို့အဘို့

၂၁ ထိုသို့ဖြစ်လျှင်၊ အဘယ်သူမျှလူတို့၌ ဝါကြွားခြင်းမရှိစေနှင့်။ ခပ်သိမ်းသောအရာတို့သည် သင်တို့အဘို့ဖြစ်ကြ၏။၂၂ ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတံ့သော အရာဖြစ်စေ၊ ခပ်သိမ်းသောအရာတို့သည် သင်တို့အဘို့ဖြစ်ကြ၏။


ဘုရားသခင်အဘို့

၂၃ သင်တို့သည်လည်း၊ ခရစ်တော်အဘို့ဖြစ်ကြ၏။ ခရစ်တော်သည်လည်း ဘုရားသခင်အဘို့ဖြစ်တော်မူ၏။




S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.