-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၂


ဘုရား၏ ပညာတော်ကို ဝိညာဉ်တော်အားဖြင့်သိရ၊ (ပညာ ၁၀ ကြိမ်)

ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့ ရောက်လာသောအခါ၊ ဘုရားသခင်၏ သက်သေချက်ကို၊ ထူးမြတ်သောစကားနှင့် ထူးမြတ်သော ပညာအားဖြင့်၊ သင်တို့အား ပြသ၍ ရောက်လာသည်မဟုတ်။ [A] အကြောင်း မူကား၊ ယေရှုခရစ်တည်းဟူသော၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိမမှတ်၊ ဟုငါစိတ်ပြဌာန်းခြင်းရှိ၏။ သင်တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်းခြင်း၊ အလွန်ကြောက်ရွံ့ တုန်လှုပ်ခြင်းနှင့်တကွ ငါရှိနေ၏။ သင်တို့၏ ယုံကြည်ခြင်းသည်၊ လူပညာအားဖြင့်မတည်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေခြင်းငှါ၊ ငါ့စကား၊ ငါ့ဒေသနာသည်၊ လူပညာနှင့်ယှဉ်သော ဖြားယောင်းသော စကားနှင့်တကွ ရှိသည်မဟုတ်။ ဝိညာဉ်တော်၏ နိမိတ်လက္ခဏာ တန်ခိုးတော်နှင့် တကွရှိ၏။ သို့သော်လည်း၊ စုံလင်သောသူတို့အား၊ ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက်တတ်သော၊ လောကီမင်းတို့၏ ပညာကိုမဆိုလို။ ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်းအသရေဖြစ်စေခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူသောပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကို၊ ငါတို့သည်ပြသကြ၏။ [B] ထိုပညာကို လောကီမင်း တစုံတယောက်မျှမသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသော သခင်ကို၊ လက်ဝါးကပ်တိုင်မှာ မကွပ်မျက်ကြပြီ။ ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သောသူတို့အဘို့ အလိုငှါ၊ ဘုရားသခင် ပြင်ဆင်တော်မူသော အရာတို့ကို၊ လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ [C]



ဝိညာဉ် (၁၃ ကြိမ်)
CROSS REFERENCES





CROSS REFERENCES






၁၀ ထိုအရာတို့ကို ဘုရားသခင်သည်၊ မိမိဝိညာဉ်တော်အားဖြင့်၊ ငါတို့အား ဖေါ်ပြတော်မူ၏။ [D] ဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ နက်နဲသောအရာတိုင်အောင်၊ ခပ်သိမ်း သောအရာတို့ကို စစ်တော်မူ၏။ ၁၁ လူ၏နက်နဲသောအရာကို၊ လူ၌ ရှိသောမိမိစိတ်ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို၊ ဘုရားသခင်၏ ဝိညာဉ်တော်မှတပါး၊ အဘယ်သူမျှမသိ။ ၁၂ ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင် ပေးတော်မူသောအရာတို့ကို သိခြင်းအလိုငှါ၊ ဘုရားသခင့်ထံမှ ကြွလာသော ဝိညာဉ်ကို ခံရကြပြီ။ [E] ၁၃ ဘုရားသခင် ပေးတော်မူသောအရာတို့ကို၊ ငါတို့သည် လူပညာကိုအမှီပြု၍ နားလည်သော စကားနှင့်မဟော။ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ ဝိညာဉ်နှင့် စပ်ဆိုင်သောအရာကို၊ ဝိညာဉ်စကားအားဖြင့် ဖွင့်ပြ၍ ပဲ့ပြင်တော်မူသော စကားနှင့်ငါတို့သည် ဟောကြ၏။


ဇာတိလူကဝိညာဉ်တော်ကို နားမလည်နိုင်
CROSS REFERENCES





CROSS REFERENCES






၁၄ ဇာတိပကတိလူသည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်၊ ဟုထင်တတ်၏။ [F] ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။၁၅ ဝိညာဉ်လူ [G]မူကား၊ ထိုအရာအလုံးစုံတို့ကို ပိုင်းခြား၍ နားလည်တတ်၏။ [H] သို့သော်လည်း၊ ထိုလူကို အဘယ်သူမျှ ပိုင်းခြား၍မသိနိုင်။ ၁၆ ထိုလူကို သွန်သင်နိုင်မည်အကြောင်း၊ အဘယ်သူသည် ထာဝရဘုရား၏ စိတ်တော်ကိုသိသနည်း။ [I] ငါတို့မူကား ခရစ်တော်၏ စိတ်ကိုခံရကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.