၅ ထိုသူသည် ငါတို့လွန်ကျူးသော အပြစ်များကြောင့်၊ နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း၊ ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။
၂၄ ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကို မခံရလျှင်၊ အနေသာ၍ ကောင်းသည်၊ ဟုမိန့်တော်မူ၏။
၂၅ ကိုယ်တော်ကလည်း၊ ပရောဖက် ဟောပြောသော စကားများကို ယုံနိုင်အောင်ဥာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊
၃၂ ကျမ်းစာ၌ ဖတ်သောအချက်ဟူမူကား၊ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးကဲ့သို့သူ့ကို ဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲ နေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။
၂ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍၊ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊
၂၃ ယခုတိုင်အောင်ရှိ နေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊ သေခြင်းမှ အဦးဆုံးထမြောက်၍ ယုဒအမျိုးသား၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍၎င်း၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသော စကားထက် အကျွန်ုပ်သည်မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍နေပါသည်၊ ဟုလျှောက်လေ၏။
sဖေတ္တုမင်းကပေါလုကိုသူရူးဟုဆို
၉ ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
၂၁ ထိုမှတပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်သော နေ့၌ ထမြောက်လိမ့်မည် ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။
၁၄ ထိုနောက် တကျိပ်တပါးသောသူတို့သည်၊ စားပွဲ၌လျောင်းကြစဉ်တွင်၊ ကိုယ်တော်ကို ပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ် တော်ကို မြင်သောသူတို့၏ စကားကိုမယုံသောကြောင့်၊ သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊
၁၉ ခုနစ်ရက်တွင် ပဌမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကို ပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသော အရပ်သို့ယေရှုသည် ကြွလာ၍၊ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း၊ ဟုမိန့်တော်မူ၏။
၃ သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည်၊ သူ့ပတ်လည်၌ ရုတ်ကနဲ ထွန်းတောက်လေ၏။
၆ လမ်း၌ သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ မွန်းတည့်အချိန်တွင် ကောင်းကင်ထဲက ကြီးသောအလင်းသည်၊ အကျွန်ုပ်ပတ်လည်၌ ရုတ်ကနဲ ထွန်းတောက်ပါ၏။
၁၂ ထိုသို့ပြု၍၊ ယဇ်ပုရော ဟိတ်အကြီး တို့ပေးသောအခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ်တွင်၊
၁ ငါပေါလုသည် ကျွန်မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော။ တမန်တော်ဖြစ်သည် မဟုတ်လော။ ငါတို့ သခင်ယေရှုခရစ်ကို မြင်ရပြီမဟုတ်လော။ သင်တို့သည် ဘုရားသခင်၌ ၊ ငါလုပ်သောအလုပ် ဖြစ်ကြသည် မဟုတ်လော။
၂၃ သူတို့သည် ခရစ်တော်၏ ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့်ဖြစ်၏၊ ဟု သူရူးကဲ့သို့ ဆိုရ၏။
sပေါလု၏ ဆင်းရဲဒုက္ခခံခြင်းများ
ပင်ပန်းစွာအမှုကို အထူးသဖြင့် ဆောင်ရွက်သောသူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင် အကြိမ်ကြိမ်တွေ့ကြုံသောသူ ဖြစ်၏။
၂၉ ထိုသို့အလိုငှါ ငါသည်အမှုဆောင်ရွက်၍၊ ငါ၌ တန်ခိုးတော် ပြုပြင် အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။
၁၀ ထိုကြောင့်၊ အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကို ကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အထူးသဖြင့် ကယ်မတော်မူသော၊ ဘုရားသခင်၌ ငါတို့သည် ကိုးစားသည်နှင့်အညီ၊ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။
၃၂ သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည် ဟုဆိုကြ၏။
၈ ကွဲပြားသည် အကြောင်းကား၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ ကောင်းကင်တမန် မရှိ၊ ဝိညာဉ် မရှိဟုယူကြ၏။ ဖာရိရှဲတို့က နှစ်ပါးစလုံးရှိသည်၊ ဟုဝန်ခံကြ၏။
၁ ထာဝရဘုရားက သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ ၊ ဟုငါ၏သခင်အား မိန့်တော်မူ၏။
၄၄ ဒါဝိဒ်၏ စကားမှာ၊ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီ တိုင်အောင် ငါ့လကျ်ာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်၊ ဟုဒါဝိဒ်ဆိုသတည်း။
၁၀ ထိုကျေးဇူးတော်ကား၊ ငါတို့ကို ကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ၊ ယခုထင်ရှားလျက်ရှိ၏။ ထိုသခင်သည် သေခြင်း အကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်း အကြောင်းနှင့် မဖောက်ပြန်ခြင်း အကြောင်းကို၊ ဧဝံဂေလိတရား အားဖြင့် ထင်ရှားစေတော်မူပြီ။
၁၄ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ်သတည်း။
၄ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။
s ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းပြီ
၄၀ ထိုအခါလယ်၌ ရှိသောသူ နှစ်ယောက်တို့တွင်၊ တယောက်ကို သိမ်းယူ %fo(g) ၍ တယောက်မူကား နေရစ်ရလတံ့။
၂၅ ယေရှုကလည်း၊ ငါသည်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
၁၃ ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။
၁၄ သူတို့ကိုမရဏာနိုင်ငံမှတပါးငါကယ်လွှတ်မည်။ သေမင်းလက်မှရွေးမည်။ အိုသေမင်း၊ သင့်ကိုကာလနာစွဲစေမည်။ အိုမရဏာနိုင်ငံသင်၌ ဖျက်ဆီးသောဘေးကိုရောက်စေမည်။ နောင်တရမည် အကြောင်းကိုပမာဏမပြု၊
၈ သေခြင်းကိုလည်း နစ်မွန်ဆုံးရှုံး စေတော်မူလိမ့်မည်။ အရှင် ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏ လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီးတပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်၊ ဟုထာဝရဘုရား အမိန့်တော်ရှိ၏။
၁၄ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသောအားဖြင့်၊ သေခြင်းတရားကို အစိုးရသောသူ တည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊