-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
၁၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁၂


ဝိညာဉ်ဆုကျေးဇူးများ သိစေချင်

ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်းများကို၊ မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။ သင်တို့သည် အထက်က သာသနာပလူဖြစ်၍၊ သူတပါး သွေးဆောင်သဖြင့်၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသောသူ ဖြစ်ကြောင်းကို သင်တို့သိကြ၏။ ထိုကြောင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍၊ အဘယ်သူမျှ ယေရှုကို မကျိန်ဆဲနိုင်သည်ကို၎င်း၊ ယေရှုသည် ဘုရားသခင် ဖြစ်တော်မူ၏။ ဟုသန့်ရှင်းသော ဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကို၎င်း၊ သင်တို့သည် သိနားလည်စေခြင်းငှါ ငါသတိပေး၏။


ဝိညာဉ်ဆုကျေးဇူး ကိုးမျိုး

ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း၊ ဝိညာဉ်တော် တပါးတည်းရှိ၏။ ဓမ္မဆရာ အမှုအထူးထူး အထွေထွေ ရှိငြားသော်လည်း၊ သခင်တပါးတည်းရှိ၏။ ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း၊ ခပ်သိမ်းသောသူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင် တပါးတည်းရှိ၏။ ကောင်းသော အကျိုးအလိုငှါသာ၊ ဝိညာဉ်တော်ကို လူအသီးသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက်ရှိ၏။ အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား၊ ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား၊ ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့်၊ တယောက်သောသူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့်၊ တယောက်သောသူအား၊ အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ကို ပေးတော်မူ၏။ ၁၀ တယောက်သောသူအား၊ တန်ခိုးကို ပြနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍ သိနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ထိုဘာသာစကား၏ အနက်ကိုဖေါ်ပြနိုင်သော အခွင့်ကို၎င်း၊ ပေးတော်မူ၏။ ၁၁ ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍၊ လူအသီးသီးတို့အား အသီးသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ပေးတော်မူ၏။


လူကွဲပြားကြသော်လည်း ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏

၁၂ ဥပမာကား၊ ကိုယ်တခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍၊ ထိုတခုတည်းသော ကိုယ်၏ အင်္ဂါအပေါင်းတို့သည် များလျက်နှင့် ကိုယ်တခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။ ၁၃ အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ​ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော် တပါးတည်းအားဖြင့်၊ တကိုယ်တည်း ထဲသို့ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ်တဝိညာဉ်တည်း ထဲသို့လည်း သောက်ကြ၏။ ၁၄ ကိုယ်သည် အင်္ဂါတခုတည်းရှိသည်မဟုတ်၊ အများရှိသည်ဖြစ်၍၊ ၁၅ ​ခြေက၊ ငါသည် လက်မဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်၊ ဟုဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။ ၁၆ နားကလည်း၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်၊ ဟုဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။ ၁၇ တကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ကြားနိုင်မည်နည်း။ တကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။ ၁၈ ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း အင်္ဂါများအသီးသီးတို့ကို ကိုယ်၌ စီရင်ခန့်ထားတော်မူ၏။ ၁၉ ထိုမှတပါး အင်္ဂါအပေါင်းတို့သည် အင်္ဂါတခုတည်းဖြစ်လျှင်၊ ကိုယ်သည် ဘယ်မှာရှိလိမ့်မည်နည်း။ ၂၀ ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တခုတည်းရှိ၏။


ကိုယ်အင်္ဂါများ အချင်းချင်းလက်ခံကြ

၂၁ မျက်စိက၊ သင့်ကို ငါအလိုမရှိ၊ ဟုလက်ကိုမဆိုရ။ ထိုနည်းတူ ဦးခေါင်းက၊ သင်တို့ကို ငါအလိုမရှိ၊ ဟုခြေတို့ကိုမဆိုရ။ ထိုမျှမက အားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။ ၂၂ အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း၊ သာ၍ကြီးသော အသရေကို ပေးတတ်၏။ ၂၃ တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။ ၂၄ တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ။ ၂၅ ကိုယ်ခန္ဓာ၌ အချင်းချင်း ကွဲပြားခြင်း မရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကိုကိုယ်နှင့်အမျှ သတိပြုစေခြင်းငှါ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သော အင်္ဂါအားသာ၍ များသောအသရေကို ပေးတော်မူ၏။ ၂၆ သို့ဖြစ်၍၊ အင်္ဂါတခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါတခုသည် ချီးမြောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။


ရာထူးရှစ်မျိုးပေး
CROSS REFERENCES






၂၇ သင်တို့သည် ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏။ အသီးသီး အင်္ဂါတော်ဖြစ်ကြ၏။ [A] ၂၈ ဘုရားသခင်သည် ပဌမအရာ၌ တမန်တော်တို့ကို၎င်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကို၎င်း၊ တတိယအရာ၌ ဆရာတို့ကို၎င်း၊ ထိုနောက်တန်ခိုး ပြသောသူတို့ကို၎င်း၊ ထိုနောက် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကို၎င်း၊ သင်းထောက်တို့ကို၎င်း၊ စီရင်အုပ်စိုးသောသူတို့ကို၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောသူတို့ကို၎င်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။


အားလုံးသည်တမန်တော်၊ ပရောဖက်၊ ဆရာမဟုတ်

၂၉ သင်းဝင်သူရှိသမျှတို့သည် တမန်တော် ဖြစ်ကြသလော။ ရှိသမျှတို့သည် ပရောဖက် ဖြစ်ကြသလော။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော။ ရှိသမျှတို့သည် တန်ခိုးကိုပြ နိုင်ကြသလော။ ၃၀ ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့် ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏ အနက်ကို ဖေါ်ပြနိုင်ကြသလော။ ၃၁ သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ် သောလမ်းကိုငါပြဦးမည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.