-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁၁


ငါသည် ခရစ်တော်နည်းတူ ကျင့်သကဲ့သို့
CROSS REFERENCES






ငါသည် ခရစ်တော်၏နည်းတူ ကျင့်သကဲ့သို့၊ သင်တို့လည်း ငါ့နည်းတူ ကျင့်ကြလော့။ [A] ညီအစ်ကိုတို့ သင်တို့သည် အရာရာ၌ ငါ့ကိုအောက်မေ့၍၊ ငါအပ်ပေးသော နည်းဥပဒေသတို့ကို စွဲလမ်းကြသည်ဖြစ်၍ သင်တို့ကို ငါချီးမွမ်း၏။ [B] ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကို၎င်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို၎င်း၊ သင်တို့ သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။


ယောက်ျားနှင့် မိန်းမခေါင်းဖုံးခြင်းအကြောင်း
CROSS REFERENCES






ယောက်ျားမည်သည်ကား၊ မိမိခေါင်းကို ဖုံးလျက် ဆုတောင်းသော်၎င်း၊ ပရောဖက်ပြုသော်၎င်း၊ မိမိခေါင်းအသရေကို ရှုတ်ချ၏။ မိန်းမမည်သည်ကား၊ မိမိခေါင်းကိုမဖုံးဘဲ ဆုတောင်းသော်၎င်း၊ ပရောဖက်ပြုသော်၎င်း၊ မိမိခေါင်းအသရေကို ရှုတ်ချ၏။ ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ၏။ မိန်းမသည် မိမိခေါင်းကိုမဖုံးလျှင် ဆံပင်ကိုဖြတ်စေ။ ဆံပင်ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင် ခေါင်းကိုဖုံးစေ။ ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဍာန်၊ ဘုန်းအသရေတော် ဖြစ်သောကြောင့် [C] မိမိခေါင်းကိုမဖုံးရ။ မိန်းမမူကား၊ ယောက်ျား၏ ဘုန်းအသရေဖြစ်၏။ ယောက်ျားသည် မိန်းမကြောင့် ဖြစ်သည်မဟုတ်။ မိန်းမသည် ယောက်ျားကြောင့် ဖြစ်၏။ ယောကျ်ားကို မိန်းမဘို့ ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားဘို့ဖန်ဆင်း၏။၁၀ ထိုကြောင့်၊ ကောင်းကင်တမန်များကို ထောက်၍၊ မိန်းမသည် မိမိခေါင်းကိုဖုံးရမည်။ ၁၁ သို့သော်လည်း ဘုရားသခင်၌ ယောက်ျားမပါဘဲ မိန်းမဖြစ်သည်မဟုတ်။ မိန်းမမပါဘဲ ယောက်ျားဖြစ်သည် မဟုတ်။ ၁၂ မိန်းမသည် ယောက်ျားကြောင့် ဖြစ်သကဲ့သို့၊ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ်၏။ အလုံးစုံတို့သည်လည်း ဘုရားသခင်ကြောင့်ဖြစ်၏။ ၁၃ မိန်းမသည် ခေါင်းကိုမဖုံးဘဲလျက် ဘုရားသခင်ကို ဆုတောင်းလျှင်၊ လျောက်ပတ်သည် မလျောက်ပတ်သည်ကို၊ သင်တို့အလိုအလျောက် ဆင်ခြင်စီရင်ကြလော့။ ၁၄ ယောက်ျားသည် ရှည်သောဆံပင်ရှိလျှင်၊ ရှက်ဘွယ်သောအကြောင်း ဖြစ်သည်ကို၊ သင်တို့အား ပကတိတရားပင် ဆုံးမသွန်သင်သည် မဟုတ်လော။ ၁၅ မိန်းမမူကား၊ ရှည်သောဆံပင်ရှိလျှင်၊ သူ၏ဘုန်းအသရေဖြစ်၏။ အကြောင်းမူကား၊ မိန်းမဆံပင်သည် မိမိခြုံစရာဘို့ဖြစ်၏။ ၁၆ သို့သော်လည်း တစုံတယောက်သောသူသည် ငြင်းခုံလျှင်၊ ငါတို့၌၎င်း၊ ဘုရားသခင်၏ အသင်းတော်တို့၌၎င်း၊ ထိုသို့သောထုံးစံမရှိ။


အသင်းတော်၌ အချင်းချင်းကွဲပြားကြ

၁၇ တဖန်တုံ၊ သင်တို့သည် အကျိုးကို ပြုစုခြင်းငှါ စည်းဝေးကြသည်မဟုတ်။ အကျိုးကို နည်းစေခြင်းငှါ စည်းဝေးကြသည်ဖြစ်၍၊ ငါသည်ပညတ်ထားစဉ်တွင် သင်တို့ကို မချီးမွမ်းရ။ [D] ၁၈ ပဌမအကြောင်းဟူမူကား၊ သင်တို့သည် အသင်းတော်၌ စည်းဝေးကြသောအခါ၊ အချင်းချင်း ကွဲပြားခြင်းရှိသည်ကို ငါကြားရ၏။ [E] ၁၉ ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား၊ သင်တို့တွင် ကောင်းမွန်သောသူတို့ကို ထင်ရှားစိမ့်သောငှါ သင်းခွဲခြင်းရှိရမည်။ ၂၀ သင်တို့သည် အတူစုဝေးကြသော အခါ၊ ဘုရားသခင်၏ ပွဲတော်ကို စားအံ့သောငှါ စည်းဝေးကြသည်မဟုတ်။ ၂၁ အကြောင်း မူကား၊ သင်တို့သည် စားကြသည်တွင် ကိုယ်စီကိုယ်စီ မိမိအစာကိုအရင်ယူ၍၊ တချို့ကားဆာမြွက်လျက်၊ တချို့ကား စားသောက်ကြူးလျက် ရှိကြ၏။ ၂၂ သင်တို့သည် စားသောက်ရာဘို့ ကိုယ်အိမ်မရှိသလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက်စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာသင်တို့ကို ချီးမွမ်းရမည်လော။ မချီးမွမ်းရ။ [F]


ပွဲတော်မင်္ဂလာစားသောအခါ
CROSS REFERENCES





CROSS REFERENCES






၂၃ အကြောင်းမူကား၊ သင်တို့၌ ငါပေးအပ်သောအရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူမူကား၊ သခင်ယေရှုသည် ရန်သူလက်သို့ အပ်နှံခြင်းကိုခံသော နေ့ညမှာမုန့်ကိုယူ၍၊ ၂၄ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား၊ သင်တို့အဘို့အလိုငှါ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့၊ ဟုမိန့်တော်မူ၏။ ၂၅ ထိုနည်းတူ၊ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ [G] ဤခွက်ကိုသောက်သောအခါ၊ ငါ့ကိုအောက်မေ့ဘို့ရာ သောက်ကြလော့၊ ဟုမိန့်တော်မူ၏။ ၂၆ အကြောင်းမူကား၊ သင်တို့သည် ထိုမုန့်ကိုစား၍ ထိုခွက်ကိုသောက်သော အခါခါ၊ သခင်ဘုရား အသေခံတော်မူခြင်းကို၊ ကြွလာတော်မမူမှီတိုင်အောင် ပြကြ၏။ ၂၇ ထိုကြောင့် သခင်ဘုရား၏ မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့် အသွေးတော်ကို ပြစ်မှားရာရောက်၏။ ၂၈ သို့ဖြစ်၍ လူတိုင်းကိုယ်ကို ကိုယ်စစ်ကြောပြီးမှ [H] မုန့်ကိုစားစေ။ ထိုနည်းတူခွက်ကိုလည်း သောက်စေ။ ၂၉ အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည်၊ သခင်ဘုရား၏ ကိုယ်တော်ကိုပိုင်း ခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏။ ၃၀ ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမာသောသူများရှိကြ၏။ သေသောသူအများလည်း ရှိကြ၏။


ကိုယ့်ကိုကိုယ်စစ်ကြောပါ
CROSS REFERENCES






၃၁ ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ [I]၃၂ စစ်ကြောစီရင်တော်မူခြင်း ကိုခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။ ၃၃ ထိုကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားအံ့သောငှါ စည်းဝေးသောအခါ၊ အချင်းချင်း တယောက်ကိုတယောက် ငံ့လင့်ကြလော့။ ၃၄ တစုံတယောက်သောသူသည် ဆာမွတ်လျှင်၊ သင်တို့သည် အပြစ်ခံလျက် မစည်းဝေးစေခြင်းငှါ၊ ထိုသူသည် မိမိအိမ်၌စားစေ။ ကြွင်းသောအမှုများကို ငါလာသောအခါ စီရင်မည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.