-
AA
+
🡀
|
🡂
၁ ကောရိန္သု ဩဝါဒစာ
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


၁ ကောရိန္သု ဩဝါဒစာ
အခန်းကြီး ၁၀


‌ ဣသရေလလူများ၌ ဖြစ်ပျက်သောအရာသင်ခန်းစာ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ [A] ပင်လယ်အလယ်၌ လျှောက်သွားကြသည်ဟူ၍၎င်း၊ [B] မိုးတိမ်နှင့်ပင်လယ်ထဲမှာ၊ မောရှေ၌ ဗတ္တိဇံကိုခံကြသည်ဟူ၍၎င်း၊ ဓမ္မအစာကိုအတူ စားကြသည်ဟူ၍၎င်း၊ ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၎င်း၊ သင်တို့မသိမမှတ်ဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ [C] ထိုသူတို့နောက်၌ လိုက်သော ဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ဖြစ်သတည်း။ [D] သို့သော်လည်း ထိုသူတို့တွင် များစွာသောသူတို့ကို၊ ဘုရားသခင်သည် အားရနှစ်သက်တော်မမူ။ သူတို့သည်တော၌ သေ​ကြေပျက်စီးခြင်းသို့ ရောက်ကြ၏။ ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့၊ ငါတို့သည် မတပ်မက်စေခြင်းငှါ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဘို့ ပုံသက်သေဖြစ်ကြ၏။ [E] လူတို့သည် စားသောက်လျက် ထိုင်နေကြ၏။ နောက်တဖန်က ခုန်မြူးတူးခြင်းငှါ ထကြ၏၊ [F] ဟုကျမ်းစာလာသည်အတိုင်း၊ ထိုသူအချို့တို့သည် ရုပ်တုကို ကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသော မေထုန်အမှုကိုပြု၍၊ တနေ့ချင်းတွင် လူနှစ်သောင်းသုံးထောင်လဲ၍ သေသကဲ့သို့မပြုဘဲ၊ မတရားသော မေထုန်ကို ရှောင်ကြကုန်အံ့။ [G] ထိုသူအချို့တို့သည် စုံစမ်းနှောင့်ရှက်ခြင်းကို ပြု၍၊ မြွေဖြင့်ပျက်စီးသကဲ့သို့ ငါတို့သည်မပြု၊ ခရစ်တော်ကို မစုံစမ်းမနှောင့်ရှက်ဘဲ နေကြကုန်အံ့။ [H] ၁၀ ထိုသူအချို့တို့သည် မြည်တမ်းခြင်းကို ပြု၍၊ ဖျက်ဆီးသောသူ၏ လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကို မပြုကြနှင့်။ [I] ၁၁ ထိုအကြောင်းအရာ ရှိသမျှတို့သည်၊ ပုံသက်သေ ဖြစ်အံ့သောငှါ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင် ဖြစ်သောငါတို့ကို ဆုံးမစရာဘို့ ကျမ်းစာ၌ ရေးထားလျက်ရှိသတည်း။


စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်သောလမ်းပြင်မည်

၁၂ ထိုကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်။ ဟုမိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ။၁၃ လူ၌ ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ရှက်ခြင်းကို၊ သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း၊ စုံစမ်းနှောင့်ရှက်ခြင်း အရာနှင့်တကွ၊ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။


ငါတို့သည်မုန့်တလုံးတည်း ဆက်ဆံသောကြောင့် တလုံးတကိုယ်တည်းဖြစ်ကြ၏
CROSS REFERENCES






၁၄ ထိုကြောင့်ငါ့ချစ်သူတို့၊ ရုပ်တုကို ကိုးကွယ်ခြင်းအမှုကို ကြဉ်ရှောင်ကြလော့။ ၁၅ သင်တို့ကို ပညာရှိကဲ့သို့မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။ ၁၆ ငါတို့သည် ကျေးဇူးတော် ချီးမွမ်းရာ မင်္ဂလာခွက်ဖလားမူကား၊ ခရစ်တော်၏ အသွေးကို ဆက်ဆံခြင်း ဖြစ်သည်မဟုတ်လော။ ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ ကိုယ်ကိုဆက်ဆံခြင်း ဖြစ်သည်မဟုတ်လော။ [J] ၁၇ မုန့်တလုံးတည်း ရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တလုံးတည်းဖြစ်သော ထိုမုန့်ကို၊ ဆက်ဆံလျက်ခံယူ ကြသောကြောင့်၊ အများဖြစ်သော ငါတို့သည် တလုံးတကိုယ်တည်း ဖြစ်ကြ၏။


သခင်ဘုရားနှင့်နတ်ဆိုးခွက်ဖလားနှစ်ပါးကိုမသောက်နိုင်ကြ

၁၈ ဇာတိအားဖြင့် ဣသရေလအမျိုးဖြစ်သော သူတို့ကိုကြည့်ရှုကြလော့။ ယဇ်ကောင်ကို စားသောသူတို့သည်၊ ယဇ်ပလ္လင်နှင့် ဆက်ဆံသောသူ ဖြစ်ကြသည် မဟုတ်လော။ ၁၉ ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်။ ဟုဆိုလိုသလော။ ၂၀ ထိုသို့မဆိုလို။ သာသနာပလူတို့သည် ပူဇော်သောယဇ်ကို၊ ဘုရားသခင်အား ပူဇော်ကြသည် မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှါ ငါအလိုမရှိ။ ၂၁ သခင်ဘုရား၏ခွက်ဖလား၊ နတ်ဆိုးတို့၏ ခွက်ဖလားနှစ်ပါးကို သင်တို့မသောက်နိုင်ကြ။ သခင်ဘုရား ၏စားပွဲ၊ နတ်ဆိုးတို့၏ စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။ ၂၂ သခင်ဘုရား အမျက်တော်ထွက်စေခြင်းငှါ ငါတို့ပြုရကြသလော။ ငါတို့သည် ဘုရားသခင် ထက်သာ၍ တန်ခိုးကြီးကြသလော။


သူတပါးအကျိုးမပြုသော အရာမပြုလုပ်သင့်

၂၃ ငါသည် အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည်မှန်စေတော့၊ ခပ်သိမ်းသော အမှုအရာကို ပြုသင့်သည်မဟုတ်။ အပြစ်မသင့်ဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည်မှန်စေတော့၊ ခပ်သိမ်းသော အမှုအရာတို့သည် သူတပါးကို တည်ဆောက်တတ်သည် မဟုတ်။ ၂၄ ကိုယ်အကျိုးကို အဘယ်သူမျှ မရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။ ၂၅ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ စျေး၌ ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။ ၂၆ အကြောင်းမူကား၊ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို ပိုင်တော်မူ၏။ ၂၇ မယုံကြည်သောသူသည် သင်တို့ကိုခေါ်ဖိတ်၍ သင်တို့သည်သွားလိုလျှင်၊ ဩတ္တပ္ပစိတ်ကို ထောက်ရသောကြောင့်၊ သင်တို့ရှေ့၌ ထည့်သမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့။ ၂၈ သို့သော်လည်း ဤမည်သောအရာသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ဖြစ်၏။ ဟုတစုံတယောက်သောသူ ဆိုလျှင်၊ ထိုသို့ဆိုသောသူ၏ မျက်နှာကို၎င်း၊ ဩတ္တပ္ပစိတ်ကို၎င်း၊ ထောက်၍ မစားကြနှင့်။ ၂၉ ဩတ္တပ္ပစိတ်၊ ဟုဆိုသော် ကိုယ်စိတ်ကိုမဆိုလို၊ သူ့စိတ်ကိုဆိုလို၏။ အခြားသောသူ၏စိတ်သည် ငါ၏အခွင့်ကို အဘယ်ကြောင့် စစ်ကြောစီရင်ရမည်နည်း။


မည်သည့်အရာမဆို ဘုရားဘုန်းထောက်ပါ

၃၀ ကျေးဇူးတော်အားဖြင့် ငါသုံးဆောင်ရလျှင်၊ ကျေးဇူးတော်ကို ချီးမွမ်း၍ သုံးဆောင်သည်တွင်၊ အဘယ်ကြောင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို၊ ခံရမည်နည်း၊ ဟုဆိုလျှင်မူကား၊ ၃၁ သင်တို့သည် စားသော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကို ပြုသော်၎င်း၊ ဘုရားသခင်၏ ဘုန်းတော်ကိုထောက်၍၊ ခပ်သိမ်းသော အမှုကိစ္စကိုပြုကြလော့။ ၃၂ လူများတို့သည် ကယ်တင်ခြင်းသို့ ရောက်စိမ့်သောငှါ၊ ငါသည် ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကိုရှာ၍၊ ၃၃ ခပ်သိမ်းသောလူတို့၏ အလိုသို့အရာရာ၌ လိုက်သည်နည်းတူ၊ သင်တို့လည်း ယုဒလူ၊ ဟေလသလူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍ လဲစရာအကြောင်းကို မပြုကြနှင့်။(a)

_________________________
Footnotes


၃၃ (a) မြန်မာကျမ်းစာအုပ်၌ "မပြုကြဘဲ" ဟုအဆုံးသတ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.