-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၉


ရှောလုဒမသက်မြို့အဝင်၌ ယေရှုနှင့်ရင်ဆိုင်
CROSS REFERENCES






ရှောလုသည်ကား၊ သခင်ဘုရား၏ တပည့်တော်တို့ တဘက်၌ ခြိမ်းခြောက်၍၊ အသေသတ်ခြင်းငှာ ပြင်းစွာ အသက်ရှုသဖြင့်၊ ထိုဘာသာဝင်သောယောက်ျား၊ မိန်းမတို့ကိုတွေ့လျှင်၊ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့ဆောင်ရမည် အကြောင်း၊ ဒမာသက်မြို့၌ရှိသော တရားစရပ်မှူးတို့ထံသို့ မှာစာပေးပါ၊ ဟုယဇ်ပုရောဟိတ်မင်းထံ၌ဝင်၍ တောင်းပြီးမှ၊ သွား၍ ဒမာသက်မြို့အနီးသို့ ရောက်သောအခါ၊ ကောင်းကင်ထဲက အလင်းသည်၊ သူ့ပတ်လည်၌ ရုတ်ကနဲ ထွန်းတောက်လေ၏။ ရှောလုသည် မြေပေါ်မှာလဲ၍နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း၊ [A] ဟုမိမိအား ပြောသောစကားသံကို ကြားလျှင်၊ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း၊ ဟုမေးလျှောက်၏။ သခင်ဘုရားကလည်း၊ ငါကားသင်ညှဉ်းဆဲသော ယေရှုဖြစ်သတည်း။ [B] သို့သော်လည်းထ၍ မြို့သို့ဝင်လော့။ သင်ပြုရမည့်အမှုကို ပြောလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ရှောလုနှင့်အတူ သွားသော သူတို့သည် အသံကို ကြားရုံမျှသာ ရှိ၍၊ အဘယ်သူကိုမျှ မမြင်ဘဲ မိန်းမော တွေဝေလျက် ရပ်နေကြ၏။ ရှောလုသည်လည်း မြေမှထ၍၊ မျက်စိကိုဖွင့်သော်လည်း အဘယ်သူကိုမျှ မမြင်နိုင်သည် ဖြစ်၍၊ သူ၏ လက်ကိုဆွဲလျက်၊ ဒမာသက်မြို့သို့ ပို့ဆောင်ကြ၏။ သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက်ဘဲ နေလေ၏။


အာနနိကို ရှောလုထံ ယေရှုကသွားခိုင်း
CROSS REFERENCES






၁၀ ထိုအခါ အာနနိအမည်ရှိသော တပည့်တော် တစ်ယောက်သည် ဒမာသက်မြို့၌ ရှိ၏။ ထိုသူကို သခင်ဘုရားသည် ဗျာဒိတ်တော်အားဖြင့်၊ အာနနိ၊ ဟုခေါ်တော်မူလျှင်၊ နာနနိက၊ သခင်ဘုရား အ​ကျွန်ုပ်ရှိပါသည်၊ ဟုလျှောက်၏။ ၁၁ သခင်ဘုရားကလည်း၊ သင်သည်ထ၍ လမ်း​ဖြောင့် အမည်ရှိသော လမ်းသို့သွားလော့။ ရှောလု အမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ ရှာဖွေလော့။ အကြောင်းမူကား၊ ထိုသူသည် ဆုတောင်းလျက်နေ၏။ ၁၂ မိမိမျက်စိကို မြင်ပြန်စေခြင်းငှာ အာနနိအမည်ရှိသော သူသည်ဝင်၍၊ မိမိအပေါ်၌ လက်တင်သည်ကို ဗျာဒိတ်တော်အားဖြင့် မြင်လေပြီ၊ ဟုမိန့်တော်မူ၏။ ၁၃ အာနနိကလည်း၊ သခင်ဘုရား၊ ထိုသူသည် ယေရုရှလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသူတို့ကို၊ အဘယ်မျှလောက်ပင် ညှဉ်းဆဲသည်ကို၊ လူများပြော၍ အ​ကျွန်ုပ်ကြားရပါပြီ။ ၁၄ ဤအရပ်၌လည်း ကိုယ်တော်ကို၊ ပဌနာပြုသောသူ ရှိသမျှတို့ကို၊ ချည်နှောင်ရမည် အခွင့်ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌၊ ရပါသည်၊ ဟုပြန်လျှောက်၏။ ၁၅ သခင်ဘုရားကလည်း၊ ထိုသူကား တပါးအမျိုးသားတို့နှင့် ရှင်ဘုရင်ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှာ၊ ငါရွေးကောက်သော တန်ဆာဖြစ်၏။ [C] ၁၆ အကြောင်းမူကား၊ ထိုသူသည် ငါ၏နာမကြောင့် အဘယ်မျှလောက်ပင် ဆင်းရဲခံရမည်ကို၊ ငါသည် သူ့အားပြမည်။ ထိုကြောင့် သင်သွားလော့၊ ဟုအာနနိအား မိန့်တော်မူ၏။


ရှောလု သခင်ယေရှုကို ယုံကြည်လက်ခံ
CROSS REFERENCES






၁၇ အာနနိသည်လည်း သွား၍ အိမ်သို့ရောက်လျှင်၊ ရှောလုအပေါ်၌ မိမိလက်ကို တင်၍ ညီရှောလု၊ သင်လာသော လမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည်၊ သင်၏မျက်စိ မြင်ပြန်စေခြင်းငှာ၎င်း၊ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်‌စေခြင်းငှာ၎င်း၊ ငါ့ကို စေခန့်တော်မူသည်၊ ဟုပြောဆို၏။ ၁၈ ထိုခဏ၌ ရှောလု၏ မျက်စိမှ ငါး​ကြေး ကွာကျသကဲ့သို့ ဖြစ်၍၊ မျက်စိ မြင်ပြန်သဖြင့် ထ၍ ဗတ္တိဇံကို ခံပြီးလျှင်၊ အစာအာဟာရကို သုံးဆောင်၍ အားဖြည့်လေ၏။ ၁၉ ထိုနောက် ရှောလုသည် ဒမာသက်မြို့၌ရှိသော၊ တပည့်တော်တို့နှင့်အတူ ကာလအတန်အရာနေ၍၊ ၂၀ ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်းကို၊ တရားဇရပ်တို့၌ မဆိုင်းမလင့်ဟောလေ၏။ ၂၁ ကြားသောသူ အပေါင်းတို့သည် အံ့ဩ၍၊ ဤသူကား၊ ထိုသခင်ကို ပဌနာပြုသော သူတို့ကို၊ ယေရုရှလင်မြို့၌ ဖျက်ဆီးသည်သာမက၊ ထိုသူများကို ချည်နှောင်၍ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ ပို့ဆောင်ခြင်းငှာ၊ ဤအရပ်သို့ လာသောသူ ဖြစ်သည်မဟုတ်လော၊ ဟုဆိုကြ၏။ ၂၂ ရှောလုသည်လည်း အားတိုးပွားသဖြင့်၊ ဒမာသက်မြို့၌ နေသော ယုဒလူတို့သည် ပြောသမျှသော စကားကို ချေ၍၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထင်ရှားစွာပြ၏။ [D]


ရှောလုကို သတ်မည်ကြံ၊ ယေရုရှလင်မြို့သို့သွား

၂၃ ကာလကြာမြင့်ပြီးမှ ရှောလုကို သတ်အံ့သောငှာ၊ ယုဒလူတို့သည် အချင်းချင်း တိုင်ပင်ကြ၏။ ၂၄ ထိုအကြံအစည်ကို ရှောလုသည်သိ၏။ သူ့ကို သတ်အံ့သောငှာ မြို့တံခါးတို့ကို နေ့ညမပြတ် စောင့်ကြသောကြောင့်၊ ၂၅ တပည့်တော်တို့သည် ညအခါ သူ့ကိုယူ၍၊ တောင်း၌ ထည့်ပြီးလျှင် မြို့ရိုးပေါ်က လျော့ချကြ၏။ ၂၆ ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ တပည့်တော်တို့နှင့် ပေါင်းဖော်မည်ပြုသော်၊ သူသည် တပည့်တော် ဖြစ်ကြောင်းကို၊ တပည့်တော် အပေါင်းတို့သည် မယုံသဖြင့်၊ သူ့ကို ကြောက်ရွံ့ကြ၏။ ၂၇ ထိုအခါ ဗာနဗသည် သူ့ကိုခေါ်၍၊ တမန်တော်များထံသို့ ပို့ဆောင်ပြီးလျှင်၊ အထက်က ရှောလုသည် လမ်းခရီး၌ သခင်ဘုရားကို မြင်သည်ဟူ၍၎င်း၊ သူ့အား မိန့်တော်မူသည်ဟူ၍၎င်း၊ ဒမာသက်မြို့၌ ယေရှု၏နာမတော်ကို အမှီပြုလျက်၊ ရဲရင့်စွာ ဟောသည်ဟူ၍၎င်း ပြောလေ၏။ ၂၈ ထိုနောက်မှ ရှောလုသည် ယေရုရှလင်မြို့၌ ၊ တမန်တော်တို့နှင့် ပေါင်းဖော်၍၊ သခင်ယေရှု၏ နာမတော်ကို အမှီပြု၍၊ ရဲရင့်စွာ ဟောလျက်နေ၏။


ရှောလုတာရှုမြို့သို့ ထွက်ပြေး
CROSS REFERENCES






၂၉ ဟေလေနစ်(ဂရိတ်)လူတို့နှင့် နှီးနှောပြောဆိုသဖြင့်၊ ထိုသူတို့သည် ရှောလုကို သတ်မည်၊ ဟုအားထုတ်ကြ၏။ ၃၀ ထိုအကြောင်းကို ညီအစ်ကိုတို့သည် ကြားသိလျှင်၊ ရှောလုကို ကဲသရိမြို့သို့ပို့၍ တာရှုမြို့တိုင်အောင် စေလွှတ်ကြ၏။ ၃၁ ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည် အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍၊ တည်ဆောက်ခြင်း ရှိကြ၏။ သခင်ဘုရားကို ကြောက်ရွံ့ခြင်း၌၎င်း၊ [E] သန့်ရှင်းသော ဝိညာဉ်တော်၏ အဆုံးအမ၌၎င်း၊ မွေ့လျော်သောအားဖြင့် ပွားများကြ၏။


ပေတရုက လက်ခြေသေသူ အဲနေ ကျန်းမာစေ

၃၂ ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည်တွင်၊ သန့်ရှင်းသူတို့ရှိရာ လုဒ္ဒ​မြို့သို့ ရောက်လေ၏။ ၃၃ ထိုအရပ်၌ အဲနေအမည်ရှိသော လက်​ခြေသေ၍၊ ရှစ်နှစ်ပတ်လုံး အိပ်ယာ၌ တုံးလုံးနေသောသူ တစ်ယောက်ကို တွေ့လျှင်၊ အဲနေ ယေရှုခရစ်သည် သင့်အား ချမ်းသာပေးတော်မူ၏။ ၃၄ ထ၍ အိပ်ယာကို ပြင်လော့၊ ဟုပေတရုဆိုသော်၊ ထိုသူသည် ချက်ချင်းထ၏။ ၃၅ လုဒ္ဒ​မြို့နှင့်ရှာရုန်မြို့၌ နေသောသူ အပေါင်းတို့သည်၊ ထိုသူကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။


ပေတရုက ယုပ္ပေမြို့တွင် ဒေါ်ကာကို ရှင်ပြန်စေ

၃၆ ယုပ္ပေမြို့၌ ဒေါ်ကာ၊ ဟုဆိုလိုသော တဗိသ အမည်ရှိသော၊ တပည့်တော်မ တစ်ယောက်ရှိ၏။ ထိုမိန်းမသည် ကောင်းသော အကျင့်၊ စွန့်ကြဲခြင်း အကျင့်နှင့် ပြည့်စုံလျက်၊ ၃၇ ထိုအခါ၌နာ၍ သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင်၊ အထက်ခန်း၌ တင်ထားကြ၏။ ၃၈ လုဒ္ဒ​မြို့သည် ယုပ္ပေမြို့နှင့် နီးသည်ဖြစ်၍၊ ထိုမြို့၌ ပေတရု ရှိကြောင်းကို တပည့်တော်တို့သည် ကြားလျှင်၊ ပေတရုသည် အလျှင်အမြန် ကြွလာပါမည် အကြောင်း၊ လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန်ကြ၏။ ၃၉ ပေတရုသည် ထ၍ ထိုသူတို့နှင့်အတူ လိုက်လေ၏။ ရောက်လျှင် အထက်ခန်းသို့ ခေါ်ပင့်၍၊ မုဆိုးမများတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာ ရှိစဉ်အခါ၊ လုပ်ခဲ့သော အင်္ကျီနှင့် အဝတ်များကို ပြလျက်ရှိကြ၏။ ၄၀ ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ ထွက်စေသည်နောက်၊ ကိုယ်တိုင်ဒူးထောက်၍ ဆုတောင်းပဌနာ ပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာလှည့်၍ တဗိသ၊ ထလော့၊ ဟုဆိုလေ၏။ ထိုမိန်းမသည် မျက်စိကိုဖွင့်၍၊ ပေတရုကို မြင်လျှင် ထ၍ထိုင်၏။ ၄၁ ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်းသူတို့နှင့် မုဆိုးမတို့ကို ခေါ်၍၊ အသက်ရှင်လျက် ရှိသော ထိုမိန်းမကို ပြလေ၏။ ၄၂ ထိုအကြောင်းကို ယုပ္ပေမြို့၌ အနှံ့အပြား သိကြ၍၊ လူများတို့သည် သခင်ဘုရားကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၄၃ ပေတရုသည် ယုပ္ပေမြို့၌ ရှိမုန်အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့်စွာနေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.