-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၇


သတေဖန် အမျိုးသမိုင်းကိုပြော
CROSS REFERENCES






ထိုအခါ ယဇ်ပုရောဟိတ်မင်းက၊ ဤစကားမှန်သလော၊ ဟုမေးသည်ရှိသော်၊ သတေဖန်(Stephen)က၊ ညီအစ်ကိုအဘတို့ နားထောင်ကြပါလော့။ ငါတို့အဘ အာဗြဟံသည်၊ ခါရန်မြို့(Haran)၌ မနေမှီ၊ မေသောပေါတာမိ (Mesopotamia) တိုင်း၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍၊ သင်နေသောပြည်နှင့်တကွ အမျိုးသားချင်းများထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့သွားလော့၊ ဟုအာဗြဟံအား မိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ခါလဒဲ(Chaldeans)ပြည်မှ ထွက်ခွါ၍၊ ခါရန်မြို့၌ နေ၏။ သူ၏အဘ သေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့၊ ထိုမြို့မှ ပြောင်းစေတော်မူ၏။ ဤပြည်၌ ​ခြေနင်းရာကိုမျှ အမွေပေးတော်မမူသော်လည်း၊ သူမှစ၍ သူ၏သားမြေးတို့အား ဤပြည်ကို အပိုင်ပေးတော်မူမည်၊ ဟုသားတယောက်မျှမရှိမီ၊ ကတိထားတော်မူ၏။ သင်၏အမျိုးအနွယ်သည်၊ သူတပါးပိုင်သော ပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံး ခံရကြလိမ့်မည်။ သူတို့ကို စေခိုင်းသော လူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ သူတို့သည် ထွက်၍၊ ဤအရပ်၌ ငါ့အားဝတ်ပြု ကြလိမ့်မည်၊ ဟုဗျာဒိတ်ထားတော်မူ၏။ ဘုရားသခင်သည်လည်း အာရေဖျားလှီး [A]ခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို၊ အာဗြဟံအား ပေးတော်မူ၏။ ထိုသို့ဣဇာက်ကို ဖွားမြင်၍ ရှစ်ရက်မြောက်သောနေ့၌၊ အရေဖျားလှီးခြင်းကို ပေးလေ၏။ ဣဇာက်သားယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏အဘတကျိပ်နှစ်ပါးတည်း။ အမျိုး၏အဘတို့သည်လည်း ငြူစူသောစိတ်ရှိ၍၊ ယောသပ်ကို အဲဂုတ္တုပြည်သို့ ရောင်းလိုက်ကြ၏။ ဘုရားသခင်သည်သူ့ကို စောင့်မတော်မူလျက်၊ ၁၀ အလုံးစုံသော ဒုက္ခဆင်းရဲထဲမှ ကယ်နှုတ်၍၊ အဲဂုတ္တုပြည်ကို အစိုးရသော ဖာရောဘုရင်ထံ၌ မျက်နှာပွင့်လန်းခြင်းနှင့်၊ ပညာအတတ်ကို ပေးတော်မူသဖြင့်၊ ထိုမင်းကြီးသည် အဲဂုတ္တုနိုင်ငံအုပ်အရာ၊ နန်းတော်အုပ်အရာ၌ ယောသပ်ကိုခန့်ထား၏။


ယာကုပ်နှင့်သားများ အဲဂုတ္တုပြည်သို့သွား

၁၁ ခါနာန်ပြည်နှင့် အဲဂုတ္တု(Canaan and Egypt)ပြည် တရှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသော ဆင်းရဲခြင်းရှိ၍ ငါတို့အဘများ၌ စားစရာကုန်သောအခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်၊ ဟုယာကုပ်သည်ကြားလျှင်၊ ၁၂ ငါတို့အဘများကို ပဌမအကြိမ်တွင် စေလွှတ်လေ၏။ ၁၃ ဒုတိယအကြိမ်တွင် ယောသပ်သည်၊ မိမိညီအစ်ကိုတို့အား မိမိအကြောင်းကို ဖေါ်ပြ၍၊ ဖာရောဘုရင်သည် ယောသပ်၏ အမျိုးကို သိတော်မူ၏။ ၁၄ ထိုအခါ ယောသပ်သည် စေလွှတ်၍၊ မိမိအဘယာကုပ်နှင့်တကွ အရေအတွက်အားဖြင့်၊ ခုနစ်ကျိပ်ငါးယောက်သော မိမိအမျိုးသားချင်း အပေါင်းတို့ကို ခေါ်ပင့်လေ၏။ ၁၅ ယာကုပ်သည်လည်း အဲဂုတ္တုပြည်သို့သွား၍ ကိုယ်တိုင်မှစသော ငါတို့အဘများသည် သေလွန်ကြ၏။ ၁၆ ထိုသူတို့ကိုလည်း ရှေခင်မြို့ (Shechem)သို့ ပို့ဆောင်သဖြင့်၊ ရှေခင်၏အဘဖြစ်သော ဟာမော်၏သားတို့အား၊ အဘိုးငွေကိုပေး၍ ဝယ်ပြီးဖြစ်သော သင်္ချိုင်းတွင်း၌ ထားကြ၏။


ဣသရေလများ အဲဂုတ္တုကျွန်ခံမောရှေမွေး

၁၇ အာဗြဟံအား ဘုရားသခင် ဓိဌာန်တော်မူသော၊ ကတိတော်၏ အချိန်ရောက်လုသောအခါ၊ ထိုလူမျိုးသည် အဲဂုတ္တုပြည်၌ တိုးပွား၍၊ ၁၈ ယောသပ်ကို မသိမ​ကျွမ်းသော မင်းကြီးတပါး ပေါ်လာသည်တိုင်အောင် များပြားကြလေ၏။ ၁၉ ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးတို့ကို ပရိယာယ်ပြုသဖြင့်၊ သူငယ်များကို အသက်မရှင်စေခြင်းငှါ ပစ်ထားရမည်အကြောင်း၊ ငါတို့အဘများကို ညှဉ်းဆဲနှိပ်စက်လေ၏။ ၂၀ ထိုအခါ အလွန်အဆင်းလှသော မောရှေကိုဖွားမြင်လျှင်၊ သုံးလပတ်လုံးအဘ၏ အိမ်တွင်​ကျွေးမွေးကြ၏။ ၂၁ နောက်မှ ပစ်ထားသည်ရှိသော်၊ ဖာရောဘုရင်၏ သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌ မွေးစားလေ၏။ ၂၂ မောရှေသည်လည်း အဲဂုတ္တုအတတ်၊ ပညာအလုံးစုံတို့ကိုသင်၍၊ နှုတ်သတ္တိလက်သတ္တိရှိ၏။၂၃ အသက်လေးဆယ်စေ့သောအခါ ဣသရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှု သွားမည်၊ ဟုအကြံရှိ၏။ ၂၄ အမျိုးသားချင်း တယောက်သည် ညှဉ်းဆဲခံရသည်ကို မြင်လျှင်၊ သူ့ဘက်ကနေ၍ အဲဂုတ္တုလူကို ကွပ်မျက်သဖြင့်၊ ထိုညှဉ်းဆဲခံရသောသူအား အနိုင်ပေးလေ၏။ ၂၅ ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နှုတ်တော် မူမည်အရာကို၊ ညီအစ်ကိုတို့သည် နားလည်လိမ့်မည်၊ ဟုထင်မှတ်သော်လည်းထိုသူတို့သည်နားမလည်ဘဲနေကြ၏။ ၂၆ နက်ဖြန်နေ့၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုအချင်းချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တယောက်ကို တယောက် ညှဉ်းဆဲကြသနည်း၊ ဟုဆို၍၊ ရန်ငြိမ်းရာသို့ သွေးဆောင်သည်ရှိသော်၊ ၂၇ အိမ်နီးချင်းကို ညှဉ်းဆဲသောသူက၊ အဘယ်သူသည် သင့်ကိုငါတို့အပေါ်မှာ၊ အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။ ၂၈ မနေ့က အဲဂုတ္တုလူကို သတ်သကဲ့သို့၊ ငါ့ကိုသတ်လိုသလော၊ ဟုဆိုလျက်မောရှေကိုပယ်၏။ ၂၉ ထိုစကားကိုကြားလျှင် မောရှေသည်ပြေး၍၊ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက် နေသည်တွင် သားနှစ်ယောက်ကို မြင်လေ၏။


ဘုရားကမောရှေကို ခေါင်းဆောင်ခန့်
CROSS REFERENCES





CROSS REFERENCES






၃၀ အနှစ်လေးဆယ် လွန်သောအခါ၊ သိနာတောင်​ခြေရင်းတောတွင်၊ မီးလောင်သောချုံ၌ ထာဝရဘုရား၏ ကောင်းကင် တမန် ထင်ရှား၏။ ၃၁ ထိုရူပါရုံကို မြင်သောအခါ မောရှေသည်အံ့ဩ၍၊ စေ့စေ့ကြည့်ရှုခြင်းငှါ အနားသို့ချဉ်းကပ်လျှင်၊ ၃၂ ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား [B]ဖြစ်၏၊ ဟုထာဝရဘုရား၏ ဗျာဒိတ်တော် အသံထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့မကြည့်ဝံ့။ [C] ၃၃ ထာဝရဘုရားကလည်း၊ သင်၏ခြေနင်း ကိုချွတ်လော့။ သင်နင်းသောအရပ်ကား သန့်ရှင်းသောမြေဖြစ်၏။ ၃၄ အဲဂုတ္တုပြည်၌ ရှိသောငါ၏လူတို့သည်၊ ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ၊ သူတို့ညည်းတွား မြည်တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့ကို ကယ်နှုတ်ခြင်းငှါ ငါဆင်းလာပြီ။ ယခုသွားလော့။ သင့်ကို အဲဂုတ္တုပြည်သို့ ငါစေလွှတ်မည်၊ ဟုဗျာဒိတ်တော်ရှိ၏။ ၃၅ အဘယ်သူသည် သင့်ကိုအကဲ အမှူးတရားသူကြီးအရာ၌ ခန့်ထားသနည်းဟူ၍၊ အငြင်းအပယ်ခံရသော ထိုမောရှေကိုအကဲအမှူး၊ ကယ်လွှတ်သောသူ ဖြစ်စေခြင်းငှါ၊ ဘုရားသခင်သည်၊ ချုံ၌ ထင်ရှားသော ကောင်းကင်တမန် အားဖြင့်၊ စေခန့်တော်မူ၏။ ၃၆ ထိုသူသည် ဣသရေလ အမျိုးသားတို့ကို နှုတ်ဆောင်၍၊ အနှစ်လေးဆယ်ပတ်လုံး အဲဂုတ္တုပြည်၌၎င်း၊ ပင်လယ်နီ၌၎င်း၊ တော၌၎င်း၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြုလေ၏။


သတေဖန် နောက်ကြောင်းသမိုင်းကို ဆက်ပြော

၃၇ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့ အမျိုးသားချင်းတို့အထဲ၌၊ ငါနှင့်တူသော ပရောဖက်တပါးကို သင်တို့အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရကြမည်၊ [D] ဟုဣသရေလ အမျိုးသားတို့အား ပြောဆိုသောသူကား အခြားသူမဟုတ်၊ ထိုမောရှေပင်ဖြစ်သတည်း။ ၃၈ ထိုသူသည် တောတွင်ရှိသော အစည်းအဝေး၌၎င်း၊ သိနာတောင်ပေါ်မှာ သူ့ကိုနှုတ်ဆက်သော ကောင်းကင်တမန်နှင့်၎င်း၊ ငါတို့အဘများနှင့်၎င်းရှိ၏။ ထိုသူသည် ငါတို့အား အပ်ပေးခြင်းငှါ၊ အသက်ရှင်စေသော ဗျာဒိတ်တော်ကိုခံလေ၏။ ၃၉ ထိုသူ၏စကားကို ငါတို့အဘများသည်၊ နားမထောင်လိုဘဲ လျက်ပယ်၍၊ ၄၀ ငါတို့ရှေ့မှာ သွားရသော ဘုရားတို့ကို ငါတို့အဘို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော၊ ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိ၊ ဟုအဲဂုတ္တုပြည်သို့ ပြန်ချင်သောစိတ်နှင့်၊ အာရုန်ကို ပြောဆိုကြ၏။ ၄၁ ထိုနေ့ရက်ကာလ၌ နွားသငယ်ကို လုပ်၍၊ ထိုရုပ်တုအား ယဇ်ပူဇော်သဖြင့်၊ မိမိတို့လက်နှင့် လုပ်သောအရာ၌ ပင်ပျော်မွေ့ကြ၏။ ၄၂ အနာဂတ္တိကျမ်း၌ လာသည်ကား၊ အိုဣသရေလအမျိုး၊ သင်တို့သည် စီရင်သော တိရစ္ဆာန်နှင့်ယဇ်များကို၊ တော၌ အနှစ်လေးဆယ် ပတ်လုံးငါ့အား ပူဇော်ကြသလော။ ၄၃ သင်တို့သည် မောလုပ်၏တဲနှင့်၊ သင်တို့ဘုရား ရင်ဖန်၏ ကြယ်တည်းဟူသော ကိုးကွယ်ဘို့ရာ၊ မိမိတို့လုပ်သော ပုံတို့ကို ဆောင်ရွက်ကြပြီတကား။ ထိုကြောင့်ငါသည် သင်တို့ကို ဗာဗုလုန်မြို့တဘက်သို့ ဆောင်သွားမည်၊ ဟုကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင်သည် မျက်နှာတော်ကိုလွှဲ၍၊ ကောင်း ကင် တန်ဆာများတို့အား ဝတ်ပြုစေခြင်းငှါ ထိုသူတို့ကို စွန့်ပစ်ထားတော်မူ၏။ ၄၄ မောရှေမြင်ရသော ပုံနှင့်အညီ၊ သက်သေခံတော်မူချက် ဌာပနာရာတဲတော်ကို လုပ်ရမည်အကြောင်း၊ အမိန့်တော်ရှိသော သူမှာထားတော်မူသည်အတိုင်း၊ ထိုတဲတော်သည် တောတွင် ငါတို့အဘများ၌ ရှိ၏။ ၄၅ နောက်ကျသော ငါတို့အဘများသည်၊ ထိုတဲတော်ကို တပါးအမျိုးသားတို့ ပိုင်သောမြေထဲသို့၊ ယောရှုနှင့်အတူ ဆောင်သွားကြ၏။ ထိုတပါး အမျိုးသားတို့ကို ဘုရားသခင်သည် ဒါဝိဒ်မင်း လက်ထက်တိုင်အောင်၊ ငါတို့အဘများထံမှ နှင်ထုတ်တော်မူ၏။ ၄၆ ထိုဒါဝိဒ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကိုခံရ၍၊ ယာကုပ်၏ ဘုရားသခင် ကျိန်းဝပ်တော်မူဘို့ရာအရပ်ကို တွေ့ခြင်းငှါ တောင့်တ၏။ ၄၇ ရှောလမုန်သည်လည်း ဗိမာန်တော်ကို တည်ဆောက်ရ၏။ သို့သော်လည်း ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ ၄၉ မြေကြီးသည် ငါ့​ခြေတင်ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကိုငါ့အဘို့ တည်ဆောက် ကြမည်နည်း။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။ ၅၀ ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည်မဟုတ်လော၊ ဟုထာဝရဘုရား၏ ဗျာဒိတ်တော်အချက်ကို ပရောဖက် ပြန်ကြားသည်နှင့်အညီ၊ အမြင့်ဆုံးသော ဘုရားသည်လူတို့လက်ဖြင့် လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည် မဟုတ်။


ဖြောင့်မတ်သောသူ (ယေရှု) ကိုသတ်ကြပြီ
CROSS REFERENCES






၅၁ လည်ပင်းခိုင်မာ၍ [E] နှလုံးဖြင့်၎င်း၊ နားဖြင့်၎င်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုလေ့ ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။ ၅၂ သင်တို့ဘိုးဘေးများသည် အဘယ်ပရောဖက်ကိုမျှ မညှဉ်းဆဲဘဲ နေသနည်း။ ​ဖြောင့်မတ်သောသူ ကြွလာတော်မူမည် အကြောင်းအရာကို ဟောပြောပြညွှန်သော သူတို့ကို ကွပ်မျက်ကြ၏။ ထို​ဖြောင့်မတ်သော သူကိုပင် ယခုလည်းသင်တို့သည် အပ်နှံ၍ အသေသတ်ကြပြီ။ ၅၃ သင်တို့သည် ကောင်းကင်တမန် များခင်းကျင်းသောအားဖြင့် ပညတ်တရားတော်ကို ခံရသော်လည်း၊ မစောင့်မရှောက်ကြ၊ ဟုသတေဖန်မြွက်ဆို၏။


သတေဖန်ကို ကျောက်ခဲနှင့် ပစ်သတ်ကြ

၅၄ ထိုစကားကိုကြားလျှင် နှလုံးကွဲ ပြတ်မတတ်ဖြစ်၍၊ သတေဖန်၌ အံသွားခဲကြိတ်ခြင်းကို ပြုကြလေ၏။ ၅၅ သူသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ယေရှုရပ်နေသည်ကို၎င်း မြင်လျှင်၊ ၅၆ ကြည့်ပါ၊ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏ လက်ျာတော်ဘက်၌ ရပ်နေသည်ကို၎င်း၊ ငါမြင်သည်၊ ဟုဆို၏။ ၅၇ ထိုသူတို့သည် ပြင်းစွာသောအသံနှင့် ဟစ်ကြော်၍ နားကိုပိတ်ဆို့လျက်၊ သူ့ဆီသို့ ညီညွတ်စွာ တဟုန်တည်းပြေး၍၊ ၅၈ မြို့ပြင်သို့ နှင်ထုတ်ပြီးမှ၊ ကျောက်ခဲနှင့် ပစ်ကြ၏။ သက်သေခံတို့သည်လည်း မိမိတို့အဝတ်ကို၊ ရှောလုအမည်ရှိသော လုလင်၏ခြေရင်း၌ ထားကြ၏။ ၅၉ ကျောက်ခဲနှင့် ပစ်ကြစဉ် သတေဖန်သည် ပဌနာပြုလျက်၊ သခင်ယေရှု၊ အ​ကျွန်ုပ်၏ ဝိညာဉ်ကို သိမ်းယူတော်မူပါ၊ ဟုလျှောက်ဆို၏။ ၆၀ ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ပြုသော ဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်၊ ဟုကြီးသောအသံနှင့် ကြွေးကြော်ပြီးမှ ကျိန်းစက်လေ၏။ သူ့ကိုကွပ်မျက်သောအမှုကို ရှောလုသည်လည်း ဝန်ခံလျက်ရှိ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.