-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၆


ယေရုရှလင်အသင်းတော်၌ အစာဝေမည့်သူရွေး

ထိုကာလ၌ တပည့်တော်တို့သည် များပြားသည်ရှိသော်၊ နေ့ရက်အစဉ်အတိုင်း လုပ်ကြွေးသောအခါ၊ ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်မကြွေး၊ ဟုထိုအမျိုးအသားတို့သည် မြည်တမ်း၍၊ ဟေဗြဲလူတို့ကို အပြစ်တင်ကြ၏။ ထိုအခါ တကျိပ်နှစ်ပါးသော တမန်တော်တို့သည်၊ တပည့်တော် အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထား၍၊ စားပွဲ၌ လုပ်​ကျွေးမှုကို မဆောင်သင့်။ ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်း ပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို၊ သင်တို့တွင် ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှါ၊ ထိုသူတို့ကို ငါတို့သည်ခန့်ထားကြမည်။ ငါတို့မူကား ဆုတောင်းပဌနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်း၊ အမှုတို့ကိုအမြဲပြု၍ နေမည်၊ ဟုဆိုကြ၏။ ထိုစကားကို လူအစုအဝေး အပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ပြည့်စုံသော သတေဖန်(Stephen)မှစ၍ ဖိလိပ္ပု(Philip)၊ ပြောခေါ်(Prochorus)၊ နိကနော်(Nicanor)၊ တိမုန်(Timon)၊ ပါမေန(Parmenas)၊ ယုဒဘာသာဝင်သော အန္တိအုတ်မြို့သား နိကောလ(Nicolas)တို့ကို ရွေးကောက်၍၊ တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည်လည်း ဆုတောင်းပြီးလျှင်၊ ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကိုတင်ကြ၏။


သတေဖန်နှင့် ငြင်းခုံခြင်း
CROSS REFERENCES





CROSS REFERENCES






ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့်၊ ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည်၊ ယုံကြည်ခြင်း တရားကို နားထောင်ကြ၏။ သတေဖန်သည် ကျေးဇူးတော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ [A] ပြည့်စုံသဖြင့် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို လူများရှေ့မှာ ပြုလေ၏။ ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သောသူ မှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိပြည်သားအချို့တို့သည် ထ၍၊ သတေဖန်နှင့် ငြင်းခုံခြင်းကို ပြုစဉ်တွင်၊ ၁၀ သူဟောပြော၍ သုံးစွဲသောပညာနှင့်၊ ဝိညာဉ်တော်ကို မခံမဆီးနိုင်ကြ။ ၁၁ ထိုအခါ ဤသူသည် မောရှေကို၎င်း၊ ဘုရားသခင်ကို၎င်း၊ လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါပြီ၊ ဟုသက်သက်ခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊ ၁၂ လူများကို၎င်း၊ အကြီးအကဲ ကျမ်းပြုဆရာတို့ကို၎င်း၊ နှိုးဆော်၍ သတေဖန်ထံသို့ လာသဖြင့် ဖမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။ ၁၃ မမှန်သော သက်သေခံတို့ကိုခေါ်၍၊ ဤသူသည် သန့်ရှင်းသော အရပ်ဌာနတော်နှင့်၊ ပညတ်တရားတော်ကို လွန်ကျူး၍၊ အစဉ်မပြတ် ပြောဆိုလျက်နေပါ၏။ ၁၄ ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာနတော်ကို ဖျက်ဆီး၍၊ [B] ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေသကို ပြောင်းလဲစေမည်၊ ဟုဤသူဆိုသည်ကို ကျွန်ုပ်တို့သည် ကြားရပါပြီ၊ ဟုသက်သေခံကြ၏။ ၁၅ လွှတ်တော်၌ ထိုင်လျက်ရှိသောသူ အပေါင်းတို့သည်၊ သတေဖန်ကို စေ့စေ့ကြည့်ရှုလျှင်၊ သူ၏မျက်နှာသည်၊ ကောင်းကင် တမန်၏ မျက်နှာကဲ့သို့ဖြစ်သည်၊ ဟုထင်မှတ်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.