-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၅


အာနနိနှင့်ဇနီးရှာဖိရေသေ

သို့ရာတွင် အာနနိနှင့် ရှာဖိရေအမည်ရှိသော လင်မယား နှစ်ယောက်တို့မူကား၊ ဥစ္စာတစုံတခုကို ရောင်းပြီးလျှင်၊ ထိုသူသည် မိမိခင်ပွန်းနှင့် သဘောတူလျက်၊ အဘိုး၏တဘို့ကို ထိမ်ဝှက်သဖြင့်၊ တဘို့ကိုသာ ယူဆောင်ခဲ့၍၊ တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။ ပေတရုကလည်း၊ အာနနိ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို လှည့်စား၍၊ မြေကိုရောင်းသော အဘိုး၏တဘို့ကို ထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။ ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသောအဘိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာမုသာပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသာပြောပြီ၊ ဟုပေတရုဆို၏။ ထိုစကားကိုကြားလျှင်၊ အာနနိသည်လဲ၍သေ၏။ ထိုအကြောင်းအရာကို ကြားသောသူ အပေါင်းတို့သည်၊ အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။ လုလင်တို့သည်လည်းထ၍၊ အလောင်းကောင်ကို အဝတ်နှင့်ပတ်ရစ်ပြီးလျှင်၊ ဆောင်သွား၍ သင်္ဂြိုလ်ကြ၏။ ထိုနောက် သုံးနာရီခန့်လောက်ကြာလျှင်၊ သူ၏ခင်ပွန်းသည် ဖြစ်ခဲ့ပြီးသောအမှုအရာကို မသိဘဲလျက်ဝင်လာ၏။ ပေတရုကလည်း၊ ဤမျှလောက်နှင့်မြေကို ရောင်းသလော၊ ငါ့အားပြောလော့၊ ဟုမေးလျှင်၊ ထိုမိန်းမက၊ ဟုတ်ပါ၏။ ဤမျှလောက်နှင့်ပင် ရောင်းပါသည်၊ ဟုဆို၏။ ပေတရုကလည်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်ကို စုံစမ်းမည်၊ ဟုသဘောတူနှင့်၊ အဘယ်ကြောင့် ကြံစည်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုလ်သောသူတို့၏ ​ခြေသည်၊ တံခါးနားမှာ ရှိသည်ဖြစ်၍၊ သင့်ကိုလည်း ဆောင်သွားလေဦးမည်၊ ဟုဆိုသောခဏခြင်းတွင်၊ ၁၀ ထိုမိန်းမသည် ပေတရု၏ခြေရင်း၌ လဲ၍သေလေ၏။ လုလင်တို့သည်လည်းဝင်၍ ထိုမိန်းမသေသည်ကို တွေ့လျှင်၊ ဆောင်သွား၍ သူ၏ခင်ပွန်းအနားမှာ သင်္ဂြိုလ်ကြ၏။ ၁၁ သင်းဝင်သူအပေါင်းမှစ၍ ထိုအကြောင်းအရာကို ကြားရသောသူ အပေါင်းတို့သည်၊ အလွန်ကြောက်လန့်ခြင်းသို့ ရောက်ကြ၏။


တမန်တော်တို့ကြီးစွာသော နိမိတ်များပြုကြ

၁၂ တမန်တော်တို့သည်လည်း လူများရှေ့မှာ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သော အမှုအရာများကို ပြုကြ၏။ ထိုသူအပေါင်းတို့သည် ရှောလမုန်ကနားပြင် (Colonnade or Portico)၌ တညီတညွတ်တည်း နေကြသဖြင့်၊ ၁၃ ကြွင်းသောသူ တစုံတယောက်မျှ မပေါင်းဖေါ်ဝံ့သော်လည်း၊ လူများတို့သည် ကောင်းကြီးပေးကြ၏။ ၁၄ သခင်ဘုရား၌ ယုံကြည်သော ယောက်ျားမိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။ ၁၅ ပေတရုသည်လမ်း၌ လျှောက်သွားစဉ်၊ အနာစွဲသောသူတို့တွင် တယောက်ယောက်ကို သူ၏အရိပ်လွှမ်းမိုးစေခြင်းငှါ၊ လူနာတို့ကို လမ်းနားသို့ထုတ်၍၊ ခုတင်မွေ့ယာပေါ်မှာ တင်ထားကြ၏။ ၁၆ ပတ်လည်ဝန်းကျင်၌ ရှိသော မြို့သူရွာသားအပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုး ညှဉ်းဆဲသောသူတို့ကို ဆောင်ခဲ့လျက်၊ ယေရုရှလင်မြို့သို့ စုဝေးလာကြ၍၊ ထိုလူနာအပေါင်းတို့သည် အနာကင်းလွတ်ခြင်းသို့ ရောက်ကြ၏။


တမန်တော်များကိုထောင်ထဲ၌ လှောင်ထားကြ

၁၇ ထိုအခါ ယဇ်ပုရောဟိတ်မင်းနှင့်၊ ဇဒ္ဒုကဲဖြစ်သောထိုမင်း၏ အပေါင်းဖော်ရှိသမျှတို့သည် ထ၍၊ ဒေါသအမျက်နှင့် ပြည့်ကြသဖြင့်၊ ၁၈ တမန်တော်တို့ကို ဖမ်းဆီး၍၊ ထောင်ထဲ၌ လှောင်ထားကြ၏။ ၁၉ ညအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးကို ဖွင့်ပြီးလျှင်၊ ထိုသူတို့ကိုနှုတ်၍၊ သင်တို့သွားကြလော့။ ၂၀ ဗိမာန်တော်၌ ရပ်၍၊ အသက်ရှင်ခြင်း တရားစကားအလုံးစုံကို လူများတို့အား၊ ဟောပြောကြလော့၊ ဟုမှာထား၏။ ထိုစကားကိုကြားလျှင်၊ နံနက်စောစော ဗိမာန်တော်သို့ဝင်၍၊ ဆုံးမဩဝါဒ ပေးကြ၏။ ၂၁ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏အပေါင်းအဖော်တို့သည် လာကြသဖြင့်၊ လွှတ်အရာရှိမှစ၍၊ ဣသရေလလူတို့တွင် အသက်ကြီးသောသူ အပေါင်းတို့ကို စုဝေးစေပြီးမှ၊ တမန်တော်တို့ကို ခေါ်စေခြင်းငှါ၊ လုလင်တို့ကို ထောင်သို့ စေလွှတ်ကြ၏။ ၂၂ မင်းလုလင်တို့သည် ထောင်သို့ရောက်လျှင်၊ တမန်တော်တို့ကို ထောင်ထဲမှာ မတွေ့သည်ရှိသော် ပြန်ကြ၍၊ ၂၃ ထောင်တံခါးလည်း အထူးသဖြင့် လုံခြုံစွာပိတ်လျက်၊ ထောင်ကို စောင့်သောသူတို့လည်း တံခါးပြင်မှာ ရပ်လျက်ရှိကြသည်ကို၊ အ​ကျွန်ုပ်တို့သည် တွေ့ပါ၏။ ဖွင့်ပြီးမှအထဲ၌ အဘယ်သူကိုမျှ မတွေ့ပါ၊ ဟုကြားလျှောက်ကြ၏။ ၂၄ ယဇ်ပုရောဟိတ်မင်းနှင့်၊ ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ် အကြီးတို့သည် ထိုစကားကိုကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သော အမှုဖြစ်လိမ့်မည်နည်းဟူ၍၊ တွေးတောခြင်းရှိကြ၏။ ၂၅ ထိုအခါ လူတယောက်သည်လာ၍ ထောင်ထဲမှာ လှောင်ထားသောသူတို့သည် ဗိမာန်တော်၌ ရပ်လျက်၊ လူများတို့အား ဆုံးမဩဝါဒပေးကြပါသည်၊ ဟုလျှောက်လေ၏။


ယဇ်ပုရောဟိတ်မင်းက ငါတို့အပေါ်အပြစ်ရောက်စေ

၂၆ ထိုအခါ ဗိမာန်တော်မှူးသည် မင်းလုလင်တို့နှင့်အတူ သွားပြန်လျှင်၊ မိမိတို့ကို လူများတို့သည် ကျောက်ခဲနှင့်ပစ်မည်ကို စိုးရိမ်သောကြောင့်၊ တမန်တော်တို့ကို အနိုင်အထက်မပြုဘဲ ခေါ်ဆောင်လေ၏။ ၂၇ ထိုသို့ခေါ်ဆောင်ပြီးလျှင်၊ လွှတ်အရာရှိတို့ရှေ့ မှာထား၍ယဇ်ပုရောဟိတ်မင်းက၊ ၂၈ ထိုနာမကိုအမှီပြု၍မဆုံးမ၊ မသွန်သင်မည်အကြောင်း၊ ငါတို့သည် သင်တို့အား ကျပ်တည်းစွာ စီရင်မှာထားသည် မဟုတ်လော။ ယခုကြည့်ကြ၊ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့် ပြည့်စေသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေခြင်းငှါ၊ သင်တို့ကြံစည်ပါသည်တကား၊ ဟုမေးမြန်းပြောဆိုကြ၏။


လူစကားထက် ဘုရားစကားနားထောင်သင့်
CROSS REFERENCES






၂၉ ပေတရုနှင့် အခြားသော တမန်တော်တို့ကလည်း၊ လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။၃၀ သင်တို့သည် သစ်တိုင်၌ စွဲ၍ ကွပ်မျက်သောယေရှုကို၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။ ၃၁ ဣသရေလလူတို့အား နောင်တတရားနှင့်၊ [A] အပြစ်လွှတ်ခြင်းအခွင့်ကို ပေးစေခြင်းငှါ၊ ထိုသူကိုအစိုးရသော အရှင်အရာ၌၎င်း၊ ကယ်တင်သော သခင်အရာ၌၎င်း၊ ဘုရားသခင်ခန့်ထား၍ မိမိလက်ျာလက်တော်နှင့် ချီးမြှင့်တော်မူပြီ။ ၃၂ ထိုအကြောင်းအရာတို့သည် အမှန်ဖြစ်ကြောင်းကို ငါတို့သည် သက်သေခံဖြစ်ကြ၏။ ဘုရားသခင်၏ စကားတော်ကို နားထောင်သောသူတို့အား၊ ပေးသနားတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း၊ သက်သေခံ ဖြစ်တော်မူသည်၊ ဟုပြောဆိုကြ၏။


ဂါမလျေလ၏ အကြံလက်ခံကြ
CROSS REFERENCES






၃၃ ထိုစကားကိုကြားလျှင်၊ ထိုသူတို့နှလုံးသည် ကွဲပြတ်မတတ်ဖြစ်၍၊ တမန်တော်တို့ကို ကွပ်မျက်ခြင်းငှါ၊ အချင်းချင်း တိုင်ပင်ပြောဆိုကြ၏။ ၃၄ ထိုအခါ လူအပေါင်းတို့ ရိုသေသောသူ၊ ဂါမလျေလအမည်ရှိသော နိဿရည်းဆရာ၊ [B](a) ဖာရိရှဲတယောက်သည် လွှတ်တော်ပေါ်၌ ထ၍၊ တမန်တော်တို့ကို ပြင်သို့ခဏထွက်စေပြီးလျှင်၊ ၃၅ ဣသရေလလူတို့၊ ဤသူတို့အားအဘယ် သို့ပြုမည်အရာကိုသတိနှင့် ဆင်ခြင်ကြလော့။ ၃၆ အကြောင်းမူကား၊ အထက်က သုဒအမည်ရှိသော သူတယောက်သည် ထသဖြင့်၊ ငါသည် လူသာမညမဟုတ်၊ ဟုဆိုသည်ဖြစ်၍၊ သူ၌ လူလေးရာမျှ လောက်ဆည်းကပ်ကြ၏။ ထိုသူသည် ပျက်စီးခြင်းသို့ရောက်၍၊ သူ့ကိုယုံကြည်သမျှ သောသူတို့သည် ကွဲပြားပျောက်ပျက်ကြ၏။ ၃၇ ထိုသူနောက် ငွေတော်ခွဲစဉ်ကာလ၊ ယုဒအမည်ရှိသော ဂါလိလဲလူတယောက်သည် လည်းထ၍၊ မိမိနောက်သို့လူများကို သွေးဆောင်လေ၏။ ထိုသူသည်လည်း ပျက်စီးခြင်းသို့ရောက်၍ သူ့ကိုယုံကြည် သမျှသောသူတို့သည်၊ ပျောက်လွင့်ကြ၏။ ၃၈ ယခုလည်း ဤသူတို့ကို ရှောင်ရှား၍၊ အလိုအလျောက်ရှိကြပါစေ၊ ဟုငါဆို၏။ ဤအကြံဤအမှုသည် လူ၏အကြံလူ၏အမှု ဖြစ်လျှင်၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ ၃၉ ဘုရားသခင်၏ အကြံအမှုဖြစ်လျှင်၊ သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို၊ ဆန်သောသူ မဖြစ်မည်အကြောင်း၊ သတိပြုကြလော့၊ ဟုပြောဆို၏။ ၄၀ ထိုစကားကို နားထောင်သဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍လွှတ်ကြ၏။


တမန်တော်တို့သည် ယေရှုနာမကြောင့် အရှက်ကွဲခြင်း၌ အားရ
CROSS REFERENCES






၄၁ တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့်၊ မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်၊ ဟုမှတ်တော်မူသောကြောင့်၊ ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှ ထွက်သွားကြ၏။ ၄၂ ဗိမာန်တော်၌၎င်း၊ အိမ်၌၎င်း၊ နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ [C] ဟူ၍၊ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက် နေကြ၏။

_________________________
Footnotes


၃၄ (a) နိဿရေးဆရာသည် ဂရိတ်လို νομοδιδάσκαλος အင်္ဂလိပ်အသံထွက် (nomodidaskalos) အဓိပ္ပါယ် မှာ teachers of the law ပညတ်တော်၌ ကျွမ်းကျင်သောဆရာ ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.