-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၄


တမန်တော်များကို ဖမ်းဆီးစစ်ဆေး

ထိုသို့ တမန်တော်တို့သည် လူများတို့အား ဟောပြောစဉ်တွင်၊ ဗိမာန်တော်မှူးမှစသော ယဇ်ပုရောဟိတ်တို့နှင့်၊ ဇဒ္ဒုကဲများ တို့သည် လာကြသဖြင့်၊ တမန်တော်တို့သည် လူများတို့အား ဆုံးမဩဝါဒပေး၍၊ ယေရှုကို အကြောင်းပြုလျက် သေခြင်းမှ ထမြောက်ခြင်းတရားကို ဟောသောကြောင့်၊ ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိသည်နှင့်၊ တမန်တော်တို့ကို ဖမ်းဆီးပြီးမှ၊ ညအချိန်ဖြစ်သောကြောင့်၊ နက်ဖြန်နေ့တိုင်အောင် နှောင်အိမ်၌ ချုပ်ထားကြ၏။ တရားနာသောသူများတို့သည်၊ ယုံကြည်ခြင်းသို့ ရောက်၍၊ အရေအတွက်အားဖြင့် လူငါးထောင်မျှ လောက်ရှိကြ၏။ [A] နက်ဖြန်နေ့ရောက်သော် မင်းအရာရှိ၊ လူအကြီး အကဲ၊ ကျမ်းပြုဆရာတို့နှင့်၊ ယဇ်ပုရောဟိတ်မင်း အန္နတ်၊ ကယာဖ၊ ယောဟန်၊ အာလေဇန္ဒြုမှစ၍ ယဇ်ပုရောဟိတ်မင်းမျိုး ရှိသမျှတို့သည်၊ ယေရုရှလင်မြို့၌ စုဝေးကြပြီးလျှင်၊ တမန်တော်တို့ကို အလယ်၌ ထား၍၊ သင်တို့သည် အဘယ်သို့သောတန်ခိုး၊ အဘယ်သူ၏ နာမအားဖြင့် ဤအမှုကိုပြုသနည်း၊ ဟုမေးမြန်းကြ၏။


ပေတရုက ရဲဝင့်စွာ သခင်ယေရှုနာမပြော
CROSS REFERENCES






ထိုအခါ ပေတရုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်လျက်၊ လူများကိုအစိုးရသော မင်းတို့နှင့် ဣသရေလအမျိုး အကြီးအကဲတို့၊ အင်္ဂါချို့တဲ့သောသူကို ကျေးဇူးပြု၍၊ သူသည် အနာရောဂါနှင့် အဘယ်သို့ ကင်းလွတ်သနည်း။ ဟုငါတို့သည် ယနေ့အစစ်ခံရလျှင်၊ ၁၀ သင်တို့သည် လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍၊ ဘုရားသခင်သည် သေခြင်းမှ ထမြောက် စေတော်မူသော၊ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့်၊ ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာလျက်ရှိသည်ကို သင်တို့မှစ၍၊ ဣသရေလလူအပေါင်းတို့ သိမှတ်ကြလော့။ ၁၁ ထိုသခင်ကား၊ သင်တို့သည် တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တဖန် တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်သော၊ ကျောက်ဖြစ်တော်မူ၏။ [B] ထိုသခင်မှတပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ၁၂ ထိုသခင်၏ နာမတော်မှတပါး၊ ငါတို့ကို ကယ်တင်နိုင်သော နာမ တစုံတခုမျှ ကောင်းကင်အောက်လူတို့တွင်၊ မပေါ်မရှိ၊ ဟုပေတရုသည် ထိုသူတို့အား မြွက်ဆို၏။


ယေရှုနာမဖြင့် မဟောပြောဘို့မြစ်တား

၁၃ ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ ရဲရင့်သတ္တိကိုမြင်၍၊ စာမသင်သောသူ၊(a) လူသာမညသာ ဖြစ်သည်ကို သိမှတ်သဖြင့် အံ့ဩ၍နေကြ၏။ ထိုသူနှစ်ယောက်တို့သည် အထက်က ယေရှုနှင့်အတူရှိသည်ကို သတိရ၍၎င်း၊ ၁၄ အနာကင်းလွတ်သောသူသည် ထိုသူတို့နှင့်အတူ ရှိနေသည်ကို မြင်၍၎င်း၊ ငြင်းခုံဆိုဘွယ်ရာ မရှိ၊ မတွေ့ကြ။ ၁၅ တမန်တော်တို့ကို လွှတ်တော်မှ ထွက်သွားစေပြီးလျှင်၊ ဤသူတို့ကို အဘယ်သို့ပြုရမည်နည်း။ ၁၆ သူတို့သည် ထင်ရှားစွာသော နိမိတ်လက္ခဏာကို ပြပြီးသည်ကို၊ ယေရုရှလင်မြို့၌ နေသောသူအပေါင်းတို့သည် သိမြင်ကြ၏။ ငါတို့သည်လည်း ငြင်းခုံခြင်းငှါ မတတ်နိုင်ပြီ။ ၁၇ သို့သော်လည်း လူများထဲ၌ သာ၍ မနှံ့မပြားစေခြင်းငှါ၊ နောက်တဖန် ထိုနာမကို အမှီပြုလျက် အဘယ်သူကိုမျှ မဟောမပြောနှင့်ဟူ၍၊ သူတို့ကိုကျပ်တည်းစွာ ခြိမ်းခြောက်ကြကုန်အံ့၊ ဟုအချင်းချင်းတိုင်ပင်ပြီးမှ၊ ၁၈ တမန်တော်တို့ကိုခေါ်၍၊ ယေရှု၏နာမကို အမှီပြုလျက် ဟောပြောသွန်သင်ခြင်းကို အလျှင်းမပြုနှင့်၊ ဟုအမိန့်ရှိကြ၏။


ကြားလျက်မြင်လျက် ရှိသောအရာ မပြောဘဲမနေနိုင်

၁၉ ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကို နားထောင်သည်ထက်၊ သင်တို့၏ စကားကိုသာ၍ နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။ ၂၀ ငါတို့သည် ကြားလျက်၊ မြင်လျက်ရှိသောအရာတို့ကို၊ မဟောမပြောဘဲမနေနိုင်၊ ဟုထိုသူတို့အား ဆိုကြ၏။ ၂၁ ထိုအခါ တမန်တော်တို့၌ အပြစ်ဒဏ် ပေးသင့်သော အကြောင်းကိုမတွေ့သဖြင့် တဖန်ခြိမ်းခြောက်ပြီးလျှင် လွှတ်ကြ၏။ ၂၂ အကြောင်းမူကား၊ အနာကင်းခြင်း နိမိတ်လက္ခဏာကို ခံရသောသူသည် အသက်လေးဆယ်ကျော် ရှိသည်ဖြစ်၍၊ လူအပေါင်းတို့သည် ထိုအမှုကိုထောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။


ရဲဝင့်စွာ ဟောပြောမည့်အကြောင်း ဆုတောင်းကြ

၂၃ တမန်တော်တို့သည် လွှတ်သောအခါ၊ မိမိတို့ အပေါင်းအသင်းရှိရာသို့ သွား၍၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ၏။ ၂၄ ထိုသူများတို့သည် ကြားလျှင်၊ တညီတညွတ်တည်း ဘုရားသခင်ထံသို့ အသံကိုလွှင့်လျက်၊ အစိုးရတော်မူသော အရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ ၂၅ ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီးကြံစည်ကြသနည်း။ ၂၆ လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကို၊ ရန်ဘက်ပြုလျက် စည်းဝေးကြ၏ [C]ဟုကိုယ်တော်ကျွန် ဒါဝိဒ်၏နှုတ်ဖြင့်၊ ဗျာဒိတ် ထားတော်မူသည်နှင့်အညီ၊ ၂၇ ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည်၊ ၂၈ ကိုယ်တော်၏ အလိုရှိသည်အတိုင်း၊ ရှေးမဆွက လက်တော်ဖြင့် ခွဲခန့် မှတ်သားတော်မူနှင့် သမျှတို့ကို ပြုခြင်းငှါ၊ ဘိသိက်ပေးတော်မူသော သားတော် မြတ်ယေရှုကို၊ ဤမြို့၌ ရန်ဘက်ပြု၍ စည်းဝေးကြပြီ အမှန်ဖြစ်ပါ၏။ ၂၉ အိုထာဝရဘုရား၊ ယခုအခါ ထိုသူတို့၏ ခြိမ်းခြောက်ခြင်းကို မှတ်တော်မူပါ။ ၃၀ အနာရောဂါ ငြိမ်းစေခြင်းငှါ လက်တော်ကိုဆန့်တော်မူ၍၊ သန့်ရှင်းသော သားတော်ယေရှု၏ နာမတော်အားဖြင့် နိမိတ်လက္ခဏာ၊ အံ့ဩဘွယ်သောအမှုတို့ကို ဖြစ်တော်မူစဉ်တွင်၊ ကိုယ်တော်၏ ကျွန်တို့သည် နှုတ်ကပတ် တရားတော်ကို ရဲရင့်စွာ ဟောပြောပါမည်အကြောင်း၊ ကယ်မသနားတော်မူပါ၊ ဟုဆုတောင်းကြ၏။ ၃၁ ထိုသို့ဆုတောင်းပဌနာပြုပြီးမှ၊ စုဝေးသောအရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို၊ ရဲရင့်စွာ ဟောပြောကြ၏။


ယုံကြည်သူများ တညီတညွတ်တည်း ပေါင်းဖေါ်ကြ
CROSS REFERENCES






၃၂ ယုံကြည်သောသူ အပေါင်းတို့သည် စိတ်နှလုံး တညီတညွတ်တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာ တစုံတခုကို ငါ့ဥစ္စာဟူ၍ မဆိုဘဲလျက်၊ ရှိသမျှသော ဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။ ၃၃ သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့် သက်သေခံ၍၊ ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။ ၃၄ ထိုသူတို့တွင် ဆင်းရဲသောသူ တစ်ယောက်မျှမရှိ၊ အကြောင်းမူကား၊ အိမ်၊ မြေကွက်ကို ပိုင်သောသူ ရှိသမျှတို့သည် ရောင်းပြီးလျှင် ရသောအဘိုးကို ယူဆောင်ခဲ့၍၊ ၃၅ တမန်တော်တို့၏ ​ခြေရင်း၌ ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးသီးတို့အား ဝေငှပေးကမ်းကြ၏။ ၃၆ ယောသေ အမည်ရှိ၍ သက်သာစေခြင်း၏သား၊ ဟုဆိုလိုသော ဗာနဗ [D] အမည်သစ်ကို တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော၊ ကုပရုပြည်သား လေဝိလူတယောက်သည်၊ ၃၇ မိမိပိုင်သောမြေကို ရောင်းပြီးလျှင်၊ ရသောငွေကိုယူဆောင်ခဲ့၍ တမန်တော်တို့၏ ​ခြေရင်း၌ ထားလေ၏။

_________________________
Footnotes


၁၃ (a) ἀγράμματοί အင်္ဂလိပ်အသံထွက် agrammatoi ကိုမြန်မာကျမ်းစာအုပ်၌ "လူတတ် မဟုတ်" ဟုရေးထားသည်။ ထိုအရာကို "ကျောင်းမတက်သောသူ" သို့မဟုတ် "စာမသင်သောသူ" ဟူ၍ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.