၁၃ ထာဝရဘုရားသည် လှေခါးထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သောမြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေးမည်။
၆ ငါသည် သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားဖြစ်သည်ဟူ၍၎င်း၊ မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကို မကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။
sဘုရားက မောရှေကို ဣသရေလအမျိုးသားများ ကယ်ဖို့ပြော
၁၅ တဖန် ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည်၊ ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူပြီ၊ ဟုဣသရေလ အမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုး အစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏။
၅ သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည်၊ သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။
sမောရှေ၏လက်နူစေသော နိမိတ်ပြ
၃၂ ထိုမှတပါး သေလွန်သော သူတို့သည် ထမြောက်ခြင်း အရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်၊ ဟုသင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။ ဘုရားသခင်သည် သေနေသော သူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သော သူတို့၏ ဘုရားဖြစ်တော်မူသည်၊ ဟုမိန့်တော်မူ၏။
၃၇ ထိုမှတပါး၊ မောရှေသည်ထာဝရဘုရားကို အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား၊ ဟုချုံခဏ်း၌ ခေါ်ဝေါ်သောအခါ သေလွန်သောသူတို့သည် ထမြောက်ကြောင်းကိုဖေါ်ပြခဲ့ပြီ။
၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည်၊ မိမိသားတော်၏ ဘုန်းကို ထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့ အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း၊ သင်တို့သည် ထိုသခင်ကို ငြင်းပယ်ကြ၏။
၃၂ ငါကား သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏၊ ဟုထာဝရဘုရား၏ ဗျာဒိတ်တော် အသံထွက်တော်မူ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် စေ့စေ့မကြည့်ဝံ့။
၁၃ ယေရှုသည် ဖိလိပ္ပု ကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း၊ ဟုတပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊
၁၀ ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။
၁၉ ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း၊ ဟုမေးကြ၏။ ယေရှုကလည်း၊ သင်တို့သည်ငါ့ကိုမသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။
၄၈ ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူ လည်းဖြစ်၏၊ဟုငါတို့ပြောသောစကားသည် လျောက်ပတ်သည် မဟုတ်လော၊ ဟုဆိုကြ၏။
၅၅ သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ ငါမူကားသိ၏။ ငါမသိဟုငါဆိုလျှင် သင်တို့ကဲ့သို့ မုသာသုံးသောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော်ကိုလည်း နားထောင်၏။
၂၁ ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။
၃ ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။
၂၅ တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကို မသိသော်လည်းအကျွန်ုပ်သိပါ၏။
၁၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည်၊ မိမိသားတော်၏ ဘုန်းကို ထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့ အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း၊ သင်တို့သည် ထိုသခင်ကို ငြင်းပယ်ကြ၏။
၂၃ သားတော်ကို ငြင်းပယ်သောသူ မည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူ မည်သည်ကား၊ ခမည်းတော်ကိုသိ၏။
၁ ဘုရားသခင်၏ သားတော်၊ ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့်၊ ငါတို့ကိုလည်း မသိကြ။