-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၂၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၂၈


မေလိတေကျွန်း၌ ပေါလုမြွေကြောင့်ဘာမျှမဖြစ်

ကုန်းပေါ်သို့ ရောက်သောအခါ၊ ထို​ကျွန်းကား မေလိတေ (Malta)ကျွန်း ဖြစ်သည်ကို သိကြ၏။ မိုးရွာ၍ ချမ်းသောကြောင့် လူရိုင်းတို့သည် မီးမွေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။ ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာထည့်စဉ်တွင်၊ မြွေဆိုးသည် မီးငွေ့ထဲကထွက်၍၊ ပေါလု၏လက်ကို တွယ်လျက်နေ၏။ ထိုလူရိုင်းတို့ သည်မြင်လျှင်၊ ဤလူကား၊ လူအသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှါ တရားသည်၊ အခွင့်မပေး၊ ဟုအချင်းချင်းဆိုကြ၏။ ပေါလုသည် မြွေကိုမီးထဲသိုခါချ၍ အဘယ်ဘေးမျှမသင့်။ သူသည် တကိုယ်လုံးရောင်မည်၊ တခဏချင်းတွင်လဲ၍ သေမည်၊ ဟုထိုသူတို့သည် ကြာမြင့်စွာ ငံ့လင့်သော်လည်း၊ သူ၌ မကောင်းသော အပြစ်တစုံတခကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍၊ ဤသူကား နတ်ဘုရားဖြစ်သည်၊ ဟုဆိုကြ၏။


ပေါလုအားဖြင့်လူနာများကျန်းမာကြ

ထိုအရပ်နှင့် မနီးမဝေးပုဗလိ (Publius) အမည်ရှိသော​ ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်​ကျွေးပြုစုလေ၏။ ပုဗလိမင်း၏အဘသည် ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံး နေသည်ကို ပေါလုဝင်၍ ဆုတောင်းပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကိုငြိမ်းစေ၏။ ဤသို့ပြုသောကြောင့်၊ ထို​ကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှ တို့သည်လာ၍၊ ချမ်းသာခြင်းကိုရကြ၏။ ၁၀ ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကိုပေး၍၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကိုလည်း သင်္ဘောပေါ်သို့ တင်ကြ၏။


ပေါလုတို့ရောမမြို့သို့ရောက်

၁၁ သုံးလလွန်လျှင်၊ နတ်သားအမြွာတို့၏ ရုပ်တုပါသော ထို​ကျွန်း၌ ၊ ဆောင်းကာလပတ်လုံး နေခဲ့ဘူးသော အာလေဇန္ဒြိသင်္ဘော (Alexandrian ship)ကို ငါတို့သည်စီးပြန်၍၊ ၁၂ သုရကုတ်(Syracuse)မြို့သို့ ဆိုက်လျှင် သုံးရက်နေကြ၏။ ၁၃ ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်(Rhegium)မြို့သို့ရောက်၍ တရက်နေပြီးမှ၊ တောင်လေလာသောကြောင့်၊ နှစ်ရက်တွင် ပေါတယောလိ(Puteoli)မြို့သို့ ရောက်ကြ၏။ ၁၄ ထိုမြို့၌ ညီအစ်ကိုအချို့တို့ကို တွေ့၍၊ ခုနစ်ရက်နေကြပါ၊ ဟုသူတို့သည် တောင်းပန်သည်အတိုင်း နေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။ ၁၅ ရောမမြို့သား ညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှါ၊ အချို့တို့သည် အပ္ပိစျေး(Forum of Appius)တိုင်အောင်၎င်း၊ အချို့တို့သည် သုံးစရပ်တိုင်အောင်၎င်း၊ လာကြ၏။ ပေါလုသည် ထိုသူတို့ကိုမြင်လျှင်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၍၊ စိတ်သက်သာခြင်းသို့ ရောက်လေ၏။ ၁၆ ရောမမြို့သို့ ရောက်ကြသောအခါ၊ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည် မိမိကိုစောင့်သော စစ်သူရဲတယောက်နှင့် အတူ၊ မိမိအလိုအလျောက် နေရသောအခွင့်ကို ရ၏။


ပေါလုက ရောမမြို့ရှိ ယုဒလူကြီးများထံ မိမိအကြောင်းပြော

၁၇ သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူအကြီးအကဲတို့ကို ခေါ်၍ စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အ​ကျွန်ုပ်သည် ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက်ကျင့်သော ထုံးတမ်းကိုမပယ် သောသူဖြစ်လျက်ပင်၊ ယေရုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍၊ ရောမလူတို့လက်သို့ အပ်လိုက်ကြ၏။ ၁၈ ရောမလူတို့သည် အ​ကျွန်ုပ်ကို စစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သဖြင့်၊ လွှတ်ခြင်းငှါ အလိုရှိကြ၏။ ၁၉ ထိုအလိုကို ယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်၊ ဟုအ​ကျွန်ုပ်ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို၊ အပြစ်တင်စရာ တစုံတခုရှိသောကြောင့် ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှါ၊ အ​ကျွန်ုပ်ခေါ်ပါပြီ။ ၂၀ ဣသရေလအမျိုး၏ မြော်လင့်ရာအတွက်ကြောင့်၊ အ​ကျွန်ုပ်သည် ဤသံကြိုးနှင့်၊ ချည်နှောင်ခြင်းကို ခံရပါ၏၊ ဟုပြောဆိုလျှင်၊ ၂၁ ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှ အ​ကျွန်ုပ်တို့မရကြ။ ထိုပြည်မှလာသော ညီအစ်ကိုတို့တွင်၊ အဘယ်သူမျှ သင်၌အပြစ်ရှိကြောင်းကို မကြားမပြောပါ။ ၂၂ သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရသောဘာသာဖြစ် သည်ကို၊ အ​ကျွန်ုပ်တို့ သိကြသည်ဖြစ်၍၊ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်ဖေါ်ပြသောစကားကို၊ အ​ကျွန်ုပ်တို့သည် နားထောင်သင့်သည် ထင်ပါ၏၊ ဟုဆိုကြလျှင်၊ ၂၃ နေ့ရက်ကို ချိန်းချက်၍၊ လူများတို့သည် ပေါလုတည်း ခိုရာအရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို၊ သက်သေခံသဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို အမှီပြု၍၊ ဖျားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင် ထုတ်ဖော်ဟောပြောလေ၏။


ပေါလုပြောသောအရာ အချို့ယုံအချို့မယုံ
CROSS REFERENCES






၂၄ အချို့တို့သည် ပေါလု၏ စကားကိုယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။ ၂၅ ထိုသို့အချင်းချင်း သဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတခွန်းကို ပြောလိုက်သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊ ၂၆ သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်၊ ဟုထိုလူမျိုးရှိရာသို့သွား၍ ပြောလော့။ ၂၇ အကြောင်းမူကား၊ သူတို့ မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့၏စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကို ပိတ်လျက်ရှိကြ၏ဟု [A]ငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။ ၂၈ ထိုကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို၊ တပါးအမျိုးသားတို့အား ပေးလိုက်သည်ဖြစ်၍၊ သူတို့သည် နားထောင်မည်အရာကို သင်တို့သိမှတ်ကြလော့၊ ဟု၂၉ ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည်သွား၍၊ အချင်းချင်း များစွာသော ဆွေး​နွေးနှီးနှောခြင်း ရှိကြ၏။ ၃၀ ထိုနောက်မှ ပေါလုသည်၊ နှစ်နှစ်ပတ်လုံး မိမိငှါးသောအိမ်၌ နေသဖြင့်၊ မိမိထံသို့လာသောသူ အပေါင်းတို့ကို ဧည့်ခံ၍၊ ၃၁ အဘယ်သူမျှ မမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို အတည့်အလင်း ဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။

ရှင်လုကာ စီရင်ရေးထားသော တမန်တော်ဝတ္ထုပြီး၏။





S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.