-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၂၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၂၆


ပေါလုအဂြိပ္ပမင်းရှေ့၌ သက်သေခံ
CROSS REFERENCES





CROSS REFERENCES






ထိုအခါအဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဘို့အလိုငှါ ပြောရသောအခွင့်ရှိသည်၊ ဟုပေါလုအားဆိုလျှင်၊ ပေါလုသည်လက်ကို ဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။ အဂြိပ္ပမင်းကြီး၊ ယုဒလူတို့သည် အ​ကျွန်ုပ်ကို အမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌ အပြစ်​ဖြေစရာစကားကို ယနေ့ပြောရမည်အကြောင်းကို၎င်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာစာအမေးများကို လေ့ကျက်တော်မူကြောင်းကို၎င်း၊ အ​ကျွန်ုပ်ထောက်၍ ကိုယ်၌ မင်္ဂလာရှိသည်၊ ဟုကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့် သည်းခံသောစိတ်တော်နှင့် အ​ကျွန်ုပ်စကားကို နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။ ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့၏ အထဲ၌ အ​ကျွန်ုပ်နေသဖြင့်၊ ငယ်သောအသက်ရွယ်မှစ၍၊ အ​ကျွန်ုပ်၏ အနေအထိုင်အပြုအမူများကို၊ ယုဒလူအပေါင်းတို့သည် သိကြပါ၏။ အ​ကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကြပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှါ အလိုရှိလျှင်၊ ရှေ့ဦးစွာကပင် သိကြပါ၏။ ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ဂတိတော်ကိုထောက်၍၊ မြော်လင့်ခြင်း [A]တရားအကြောင်း ကြောင့်အ​ကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။ ယုဒလူတဆယ်နှစ်မျိုးတို့သည် နေ့ညမပြတ်ကြိုးစား၍ ဘုရားဝတ်ကိုပြုသဖြင့်၊ ထိုဂတိတော်အတိုင်း ခံရမည်၊ ဟုမြော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမြော်လင့်ခြင်းတရားကို အကြောင်းပြု၍၊ ယုဒလူတို့သည်အ​ကျွန်ုပ်ကိုအမှု လုပ်ကြပါ၏။ သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက်စေတော်မူမည်ဟူ သောအယူကို၊ မယူအပ်၊ ဟုသင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။ နာဇရက်မြို့သားယေရှု၏ နာမတော်နှင့် ဆန့်ကျင်သောအမှုများကို ပြုကောင်း၏ ၊ ဟုအ​ကျွန်ုပ်သည် စိတ်ထင်လျက်၊ ၁၀ ယေရုရှလင်မြို့၌ ထိုအမှုကိုပြုမိပါ၏။ ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူအများတို့ကို ထောင်ထဲမှာ လှောင် ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ၊ အ​ကျွန်ုပ်သည် ဝန်ခံပါ၏။ ၁၁ ထိုသူတို့သည် ဘုရားသခင်ကို၊ နှုတ်ဖြင့် ပြစ်မှားစေခြင်းငှါ၊ အ​ကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသော တရားစရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တ​ကျွန်းတနိုင်ငံတိုင်အောင် သူတို့ကို ညှဉ်းဆဲနှိပ်စက်ပါ၏။ ၁၂ ထိုသို့ပြု၍၊ ယဇ်ပုရော ဟိတ်အကြီး တို့ပေးသောအခွင့်အရာနှင့် အ​ကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ်တွင်၊ ၁၃ နေ၏ အရောင်ထက်မကသော အလင်းသည် အ​ကျွန်ုပ်မှစ၍၊ အ​ကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည်၌ ၊ ကောင်းကင်ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့်အချိန်တွင် လမ်းပေါ်မှာ အ​ကျွန်ုပ်မြင်ရပါသည်၊ အရှင်မင်းကြီး။ ၁၄ အ​ကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည်၊ မြေပေါ်မှာလဲ၍ နေကြစဉ်၊ ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့် ညှဉ်းဆဲသနည်း။ [B] ဒုတ်ချွန်ကိုခြေနှင့် ကျောက်လျှင်ခက်လှသည်၊ ဟုဟေဗြဲဘာသာအားဖြင့် ပြောသောစကားသံကို အ​ကျွန်ုပ်ကြားလျှင်၊ ၁၅ သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း၊ ဟုအ​ကျွန်ုပ်မေးလျှောက်သော်၊ ငါကားသင်ညှဉ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ်သတည်း။ [C] ၁၆ သို့သော်လည်း၊ ထ၍မတ်တပ်နေလော့။၁၇ ငါသည်ယုဒအမျိုးသား၊ တပါးအမျိုးသား တို့လက်မှ သင့်ကိုကယ်လွှတ်၍၊ ၁၈ သင်သည် ယခုမြင်ရသော အကြောင်းအရာတို့နှင့်၊ နောက်မှငါသည် သင့်အား ထင်ရှားလတံ့သော အကြောင်းအရာတို့မှာ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူ အရာ၌ သင့်ကို ခန့်ထားစေခြင်းငှါ၊ ငါသည် သင့်အားထင်ရှား၏။ တပါးအမျိုးသားတို့သည် မှောင်မိုက်မှအလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့်၊ အပြစ်လွှတ်ခြင်းကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကိုယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့်၊ ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏ မျက်စိကိုဖွင့်စေခြင်းငှါ သူတို့ဆီသို့ သင့်ကိုငါစေလွှတ်မည်၊ ဟုမိန့်တော်မူ၏။

၁၉ အိုအဂြိပ္ပမင်းကြီး၊ ကောင်းကင်က ဖြစ်သော ထိုဗျာဒိတ်တော်ကို အ​ကျွန်ုပ်သည် နားမထောင်ဘဲမနေရပါ။ ၂၀ လူတို့သည် နောင်တရရမည်။ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ရမည်။ ဘုရားသခင်အထံတော်သို့ ပြောင်းလဲရမည်ဟူ၍၊ ဒမာသက်မြို့၌ ရှေ့ဦးစွာဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌ နေသောသူတို့အား၎င်း၊ တပါးအမျိုး သားတို့အား၎င်း၊ ဟောပြောပါ၏။ ၂၁ ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အ​ကျွန်ုပ်ကိုဖမ်းဆီး၍၊ ကွပ်မျက်ခြင်းငှါ အားထုတ်ကြပါ၏။ ၂၂ သို့ရာတွင် ဘုရားသခင်မစတော်မူသော ကျေးဇူးတော်ကို အ​ကျွန်ုပ်ခံရ၍၊ ၂၃ ယခုတိုင်အောင်ရှိ နေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကို ခံရမည်ဟူ၍၎င်း၊ သေခြင်းမှ အဦးဆုံးထမြောက်၍ ယုဒအမျိုးသား၊ တပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍၎င်း၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသော စကားထက် အ​ကျွန်ုပ်သည်မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍နေပါသည်၊ ဟုလျှောက်လေ၏။


ဖေတ္တုမင်းကပေါလုကိုသူရူးဟုဆို
CROSS REFERENCES






၂၄ ထိုသို့ ပေါလုသည် အပြစ်​ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍၊ သူရူးအဖြစ်သို့ရောက်ခဲ့ပြီ၊ ဟုကြီးသောအသံနှင့်ဆို၏။ ၂၅ ပေါလုကလည်း၊ မြတ်တော်မူသော ဖေတ္တုမင်း၊ အ​ကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရား [D]နှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သောစကားကိုပြောပါ၏။ ၂၆ ဤအရာများကို အဂြိပ္ပမင်းကြီးသိတော်မူ၏။ ထိုမင်းရှေ့တော်၌ အ​ကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ပါ၏။ ဤအမှုအရာတစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူ၊ ဟုအ​ကျွန်ုပ်ထင်ပါ၏။ အကြောင်းမူကား၊ ဤအမှုသည် စိတ်ကွယ်ရာအရပ်၌ ပြုသောအမှု မဟုတ်ပါ။ ၂၇ အိုအဂြိပ္ပမင်းကြီး၊ ကိုယ်တော်သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အ​ကျွန်ုပ်သိပါသည်၊ ဟုလျှောက်၏။ ၂၈ အဂြိပ္ပမင်းကလည်း၊ သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့်၊ ငါသည်ခရစ်ယာန်ဖြစ်လုပြီ၊ ဟုပေါလုအားပြောဆိုလျှင်၊ ၂၉ ပေါလုက၊ ကိုယ်တော်မှစ၍ ယနေ့တွင်အ​ကျွန်ုပ်၏ စကားကိုကြားသောသူ အပေါင်းတို့သည်၊ ဤသံကြိုးကိုထား၍ အ​ကျွန်ုပ်ကဲ့သို့သောသူ ဖြစ်လုသည်သာမက၊ လုံးလုံးဖြစ်စေခြင်းငှါ ဘုရားသခင်ကို အ​ကျွန်ုပ်ဆုတောင်းပါသည်၊ ဟုလျှောက်လေ၏။ ၃၀ ထိုအခါ မင်းကြီးနှင့် ဗေရနိတ်သည်ထ၍၊ မြို့ဝန်မင်းမှစသော အပေါင်းအဖေါ်များတို့နှင့် တကွ၊ ၃၁ အခြားသို့သွားပြီးလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်း ခံထိုက်သောအမှုကိုမပြု၊ ဟုအချင်းချင်းပြောဆိုကြ၏။ ၃၂ အဂြိပ္ပမင်းကလည်း၊ ဤသူသည် ကဲသာဘုရင်၏ အယူတော်ကိုခံပါမည်၊ ဟုမဆိုမိလျှင်၊ လွှတ်သင့်သည်၊ ဟုဖေတ္တုမင်းအားဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.