-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၂၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၂၄


ပေါလုကိုမြို့ဝန်မင်းဖေလဇ်(Felix)ထံ၌ တရားစွဲ

ထိုနောက် ငါးရက်လွန်သောအခါ၊ ယဇ်ပုရောဟိတ်မင်း အာနနိသည်၊ တေရတုလုအမည်ရှိသော ရှေ့နေမှစ၍ လူအကြီးအကဲတို့နှင့် တကွ၊ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု၏ အကြောင်းကို မြို့ဝန်မင်းထံ၌ လျှောက်ထားကြ၏။ ပေါလုကိုခေါ် ပြီးမှ၊ တေရတုလုသည် အပြစ်တင်သောစကားကို လျှောက်ဆိုသည်မှာ၊ မြတ်တော်မူသော ဖေလဇ်မင်း၊ အ​ကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန်ငြိမ်သက်စွာနေရသဖြင့်၊ ကိုယ်တော်ကြည့်ရှု ပြုစုတော်မူခြင်း ကျေးဇူးတော်ကို၊ ဤလူမျိုးသည် ခံရပါသည် ဖြစ်၍၊ အရပ်ရပ်တို့၌ အ​ကျွန်ုပ်တို့သည်၊ အစဉ်မပြတ် ကျေးဇူးတော်ကို အလွန်သိတတ်သော စိတ်နှင့်ခံရပါ၏။ အ​ကျွန်ုပ်သည် ကိုယ်တော်ကို၊ ကြာမြင့်စွာ နှောင့်ရှက်ခြင်းအပြစ်နှင့် လွှတ်ခြင်းငှါ၊ အကျဉ်းအားဖြင့် လျှောက်သောစကားကို ​ဖြေးညှင်းသောစိတ်တော်နှင့်၊ နားထောင် တော်မူမည်အကြောင်း အသနားတော်ခံပါ၏။ နာဇရက်ဘာသာဝင်သူတို့တွင် အကြီးလုပ်၍၊ အရပ်ရပ်တို့၌ ယုဒလူအပေါင်းတို့ကို ထစေခြင်းငှါနှိုးဆော်သော၊ ဤလူဆိုးကို အ​ကျွန်ုပ်တို့သည် တွေ့ကြပါပြီ။ သူသည် ဗိမာန်တော်ကို ရှုတ်ချခြင်းငှါပြုပါပြီ။ အ​ကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီး၍၊ အ​ကျွန်ုပ်တို့ တရားအတိုင်း စီရင်ခြင်းငှါ အလိုရှိကြသည်တွင်၊ စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍၊ အ​ကျွန်ုပ်တို့လက်မှ နှုတ်ပြီးလျှင်၊ အမှုလုပ်သောသူတို့ကို ကိုယ် တော်ထံသို့ သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူကို ကိုယ်တော်တိုင် စစ်တော်မူလျှင်၊ အ​ကျွန်ုပ်တို့အပြစ်တင် သောအကြောင်း အရာများကို၊ သေချာစွာ သိနိုင်တော်မူမည်၊ ဟုလျှောက်ထား၏။ ယုဒလူတို့ကလည်း၊ ဤစကားမှန်ပါသည်၊ ဟုဝန်ခံကြ၏။


ပေါလုသူကိုယ်တိုင်ခြေပ
CROSS REFERENCES






၁၀ မြို့ဝန်မင်းသည် အမှတ်ပေး၍၊ ပေါလုသည် လျှောက်ရသောအခွင့်ကို ရလျှင်၊ ကိုယ်တော်သည် ဤလူမျိုးကို တာရှည်စွာ အုပ်စိုးတော်မူသည်ကို အ​ကျွန်ုပ်သိ၍၊ သာယာသောစိတ်နှင့် ကိုယ်အပြစ်ဖြေရာစကားကို လျှောက်ဝံ့ပါ၏။ ၁၁ အ​ကျွန်ုပ်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့သို့ တက်သွား၍၊ ယခု တဆယ်နှစ်ရက်သာရှိသည်ကို ကိုယ်တော် သိနိုင်တော်မူ၏။ ၁၂ ဗိမာန်တော်၌ တစုံတယောက်သောသူနှင့် အ​ကျွန်ုပ် ဆွေး​နွေးငြင်းခုံသည်ကို သူတို့မတွေ့ကြပါ။ တရားစရပ်တို့၌ ၎င်း၊ မြို့ထဲ၌ ၎င်း၊ လူများကို မငြိမ်မသက်စေခြင်းငှါ အ​ကျွန်ုပ်နှိုးဆော်သည်ကို သူတို့မတွေ့ကြပါ။ ၁၃ ယခုတွင် အ​ကျွန်ုပ်ကို အပြစ်တင်သောအမှု၌၊ သက်သေမပြနိုင်ကြပါ။ ၁၄ သို့သော်လည်း ဒိဌိ(sect)(a) အယူဟူ၍ သူတို့ခေါ်တတ်သော ဘာသာအတိုင်း၊ အ​ကျွန်ုပ်သည် မိစဉ်ဘဆက်ကိုးကွယ်သော ဘုရားသခင်ကို၊ ကိုးကွယ်သည်၊ ဟုရှေ့တော်၌ အ​ကျွန်ုပ်ဝန်ခံပါ၏။ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းတို့၌ စီရင်ရေး ထားသမျှတို့ကို၊ အ​ကျွန်ုပ်ယုံပါ၏။ ၁၅ ​ဖြောင့်မတ်သောသူ၊ မ​ဖြောင့်မတ်သောသူ ရှိသမျှတို့သည်၊ သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍၊ [A] သူတို့မြော်လင့်သည်နည်းတူ၊ အ​ကျွန်ုပ်လည်း ဘုရားသခင်ကိုအမှီပြု၍ မြော်လင့်ပါ၏။ ၁၆ ထိုကြောင့်၊ ဘုရားသခင်ကို ပြစ်မှားပြီ၊ လူတို့ကို ပြစ်မှားပြီ၊ ဟုကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွှတ်မည်အကြောင်း၊ အ​ကျွန်ုပ်သည် ကြိုးစားအားထုပ်ပါ၏။ ၁၇ နှစ်ပေါင်းများစွာလွန်သောအခါ၊ အမျိုးသားချင်းတို့အား စွန့်ကြဲပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော်သက္ကာခြင်း အမှုနှင့် အ​ကျွန်ုပ်ရောက်လာသည်တွင်၊ ၁၈ ဗိမာန်တော်၌ လူအစုအဝေးမရှိ၊ ရုန်းရင်းခတ်မျှမပြုဘဲ၊ စင်ကြယ်ခြင်းကို ပြုလျက်ရှိသည်ကို၊ အာရှိပြည်ကလာသော ယုဒလူအချို့တို့သည် တွေ့ကြပါ၏။ ၁၉ ထိုသူတို့သည် အ​ကျွန်ုပ်၌ အပြစ်တင်စရာရှိလျှင်၊ အထံတော်သို့ ကိုယ်တိုင်လာ၍ အပြစ်တင်အပ်ပါ၏။ ၂၀ သို့မဟုတ် အ​ကျွန်ုပ်သည် လွှတ်အရာရှိတို့ရှေ့မှာ ရှိသောအခါ၊ သေသောသူတို့သည် ထမြောက်ခြင်းအကြောင်းနှင့်၊ ၂၁ အ​ကျွန်ုပ်သည် သင်တို့ရှေ့၌ ယနေ့ စစ်ကြောစီရင်ခြင်းကို ခံရ၏၊ ဟုကြွေးကြော်သော စကားသံတခွန်းကိုထားလျှင်၊ အ​ကျွန်ုပ်၌ အဘယ်အပြစ်ကို တွေ့ကြသည်ကို ယခုရှိသောဤသူတို့သည်၊ ပြောကြပါစေ၊ ဟုပေါလုလျှောက်၏။


ပေါလုကိုဖေလဇ်မင်းမကြာမကြာစကားပြော

၂၂ ဖေလဇ်မင်းကလည်း၊ စစ်သူကြီး လုသိရောက်လာသောအခါ၊ သင်တို့အမှုကို ငါစစ်ဦးမည်၊ ဟုထိုဘာသာကိုသာ၍ နားလည်သောသူဖြစ်လျက်၊ မစီရင်ဘဲ သူတို့ကို လွှတ်လိုက်၏။ ၂၃ ပေါလုကို အကျဉ်းမထားဘဲ စောင့်၍နေစေ။ သူ၏အဆွေအမျိုးတို့သည် သူ့ထံသို့လာ၍ လုပ်​ကျွေးကြစေ၊ ဟုတပ်မှူးကိုမှာထား၏။ ၂၄ ထိုနောက်များမကြာ၊ ဖေလဇ်မင်းသည် ယုဒအမျိုးဖြစ်သော မိမိခင်ပွန်း​ဒြုသိလေနှင့်တကွ လာပြီးလျှင်၊ ပေါလုကိုခေါ်၍ ခရစ်တော်ကို ယုံကြည်ခြင်းနှင့် ယှဉ်သောစကားကို၊ နားထောင်လေ ၏။ ၂၅ ပေါလုသည် ဖြောင့်မတ်ခြင်းတရားနှင့် ကာမဂုဏ်ချုပ်တည်းခြင်း တရားကို၎င်း၊ နောင်ဖြစ်လတံ့သော စစ်ကြောစီရင်ခြင်းကို၎င်း ဟောပြောလျှင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍၊ ယခုသွားဦးလော့။ နောက်မှ အဆင်သင့်သောအခါ ငါခေါ်ဦးမည် ဟုဆို၏။ ၂၆ ပေါလုသည် မိမိလွတ်ရအောင် ငွေပေးမည်၊ ဟုထိုမင်းသည်ထင်မှတ်လျက်၊ မကြာမကြာပေါလုကို ခေါ်၍သူနှင့် စကားပြောလေ၏။ ၂၇ နှစ်နှစ်စေ့သောအခါ ပေါကိဖေတ္တု (Porcius Festus)သည်၊ ဖေလဇ်မင်း၏ အရာကိုရသဖြင့်၊ ဖေလဇ်မင်းသည် ယုဒလူတို့အား ကျေးဇူးပြုလိုသောစိတ်နှင့်၊ ပေါလုကို အကျဉ်းထားရစ်စေ၏။

_________________________
Footnotes


၁၄ (a) αἵρεσιν hairesin ဒိဌိ ကို "လမ်းလွဲအယူဝါဒ" ဟုအင်္ဂလိပ်ကျမ်းစာများ၌ ဘာသာပြန်ကြသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.