-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၂၃


ပေါလုကိုယဇ်ပုရောဟိတ်မင်းကပါးရိုက်ခိုင်း

ပေါလုသည် လွှတ်အရာရှိတို့ကို စေ့စေ့ကြည့်ရှု၍၊ ညီအစ်ကိုတို့၊ အ​ကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ကိုပြုခြင်းအမှုမှာ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ပြုပါသည်၊ ဟုပြောဆိုသော်၊ ယဇ်ပုရောဟိတ်မင်း အာနနိက၊ သူ၏ နှုတ်ကိုရိုက်လော့၊ ဟုအနား၌ ရပ်နေသောသူတို့အား အမိန့်ရှိ၏။ ထိုအခါပေါလုက၊ အဖြူသုတ်သောအုတ်ရိုး၊ ဘုရားသခင်သည် သင့်ကိုရိုက်တော်မူမည်။ သင်သည်အ​ကျွန်ုပ်ကို တရားနှင့်အညီ စီရင်ခြင်းငှါ ထိုင်နေလျက်ပင်၊ သူ့ကိုရိုက်လော့၊ ဟုမတရားသဖြင့် စီရင်ရမည်လော ဟုဆို၏။ အနား၌ ရပ်နေသောသူ တို့ကလည်း၊ သင်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ် မင်းကို ဆဲသလောဟုမေးလျှင်၊ ပေါလုက၊ ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်သည်ကို အ​ကျွန်ုပ်မသိ။ သင်၏ အမျိုးကို အုပ်စိုးသောမင်းကို သင်သည်မကဲ့ရဲ့ရ၊ ဟုကျမ်းစာ၌ လာသည် ဟုဆို၏။


ပေါလုကသူသည် ဖာရိရှဲဖြစ်ကြောင်းပြော
CROSS REFERENCES






ထိုအရာရှိတို့တွင် အချို့တို့သည် ဇဒ္ဒုကဲဖြစ်ကြသည်၊ အချို့တို့သည် ဖာရိရှဲဖြစ်ကြသည်ကို ပေါလုသိမြင်လျှင်၊ ညီအစ်ကိုတို့ အ​ကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏ သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်၊ ဟုမြော်လင့်ခြင်း [A]အကြောင်းကြောင့်၊ အ​ကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏၊ ဟုလွှတ်တော်အပေါ်မှာ ကြွေးကြော်လေ၏။ ထိုအခါဖာရိရှဲတို့နှင့် ဇဒ္ဒုကဲတို့သည် အချင်းချင်းငြင်းခုံ၍၊ အစုအဝေးသည် ကွဲပြားခြင်းသို့ ရောက်လေ၏။ ကွဲပြားသည် အကြောင်းကား၊ ဇဒ္ဒုကဲတို့က၊ ထမြောက်ခြင်းမရှိ၊ [B] ကောင်းကင်တမန် မရှိ၊ ဝိညာဉ် မရှိဟုယူကြ၏။ ဖာရိရှဲတို့က နှစ်ပါးစလုံးရှိသည်၊ ဟုဝန်ခံကြ၏။ အော်ဟစ်သံများ၍၊ ဖာရိရှဲတို့ဘက်၌ နေသောကျမ်းဆရာတို့သည် ထလျက်ပြင်းစွာ ငြင်းခုံ၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါတို့မတွေ့။ ဝိညာဉ်သော်၎င်း၊ ကောင်းကင်တမန်သော်၎င်း၊ သူ့ကိုပြောလျှင် ဘုရားသခင်၏ အာဏာတော်ကိုမဆန်ကြနှင့် ဟုဆိုကြ၏။ ၁၀ အချင်းချင်း ငြင်းခုံခြင်းများသောအခါ၊ ထိုသူတို့သည် ပေါလုကိုဆွဲငင်၍၊ အပိုင်းပိုင်း ဆုတ်ဖြတ်မည်ကို စစ်သူကြီးစိုးရိမ် သောကြောင့်၊ စစ်သူရဲများ၊ ဆင်းကြ၊ ပေါလုကို အရာရှိမင်းတို့အထဲမှ အနိုင်အထက်ယူ၍၊ ရဲတိုက်ထဲသို့ ပို့ဆောင်ကြ၊ ဟုအမိန့်ရှိ၏။


ပေါလုကိုသတ်ဘို့ ဓိဋ္ဌာန်ပြုသူလေးကျိပ်မကရှိ
CROSS REFERENCES






၁၁ နက်ဖြန်နေ့ညတွင် သခင်ဘုရားသည် ပေါလုအနား၌ ပေါ်လာတော်မူလျက်၊ ပေါလုမစိုးရိမ်နှင့်။ [C] ငါ၏အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်း ခံရဦးမည်၊ ဟုမိန့်တော်မူ၏။ ၁၂ မိုးလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကို မသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရ၊ ဟုကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။ ၁၃ ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မကရှိ၏။ ၁၄ ထိုသူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့ ထံသို့သွား၍၊ အ​ကျွန်ုပ်တို့သည် ပေါလုကို မသတ်မှီတိုင်အောင်၊ အလျှင်းမစားမသောက်ရ၊ ဟုကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြပါပြီ။ ၁၅ ထိုကြောင့်၊ နက်ဖြန်နေ့၌ စစ်သူကြီးသည် ပေါလုကို ကိုယ်တော်တို့ထံသို့ ပို့ဆောင်စေခြင်းငှါ၊ သူ့ကိုသာ၍ စေ့စေ့စစ်ကြော မည်အဟန်ပြု၍၊ လွှတ်အရာရှိများနှင့်အတူ ကိုယ်တော်တို့သည် စစ်သူကြီးကို လျှောက်ကြပါလော့။ ပေါလုသည် ကိုယ်တော်တို့ထံသို့ မရောက်မှီအကြားတွင် အ​ကျွန်ုပ်တို့သည် သူ့ကိုသတ်ခြင်းငှါ အသင့်ရှိနှင့်ပါပြီ၊ ဟုလျှောက်ကြ၏။


ဓိဋ္ဌာန်ပြုသူများ၏အကြံကို ပေါလုတူကစစ်သူကြီးပြော

၁၆ ထိုသို့လမ်းနား၌ ချောင်း၍နေကြသည်အမှုကို၊ ပေါလု၏တူသည် ကြားလျှင် ရဲတိုက်ထဲသို့ဝင်၍၊ ပေါလုအားကြားပြောလေ၏။ ၁၇ ပေါလုသည် တပ်မှူးတယောက်ကို ခေါ်၍၊ ဤလုလင်ကို စစ်သူကြီးထံသို့ ပို့ပါ။ လျှောက်စရာ တစုံတခုရှိသည်၊ ဟုဆိုသော်၊ ၁၈ တပ်မှူးသည် လုလင်ကို စစ်သူကြီးထံသို့ ပို့ပြီးလျှင်၊ အကျဉ်းခံရသော ပေါလုသည် အ​ကျွန်ုပ်ကိုခေါ်၍၊ ကိုယ်တော်အား လျှောက်စရာတစုံတခုရှိသော ဤလုလင်ကို၊ ကိုယ်တော်ထံသို့ ပို့စေခြင်းငှါ တောင်းပန်ပါသည်၊ ဟုလျှောက်၏။ ၁၉ စစ်သူကြီးသည် လုလင်ကို လက်ဆွဲ၍ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ သင်သည် အဘယ်အကြောင်းကို ငါ့အားလျှောက်ချင်သနည်း၊ ဟုမေးမြန်းလေ၏။ ၂၀ လုလင်ကလည်း၊ ကိုယ်တော်သည် နက်ဖြန်နေ့၌ ၊ ပေါလုကို လွှတ်တော်သို့ ပို့ဆောင်စေခြင်းငှါ၊ ယုဒလူတို့သည် သူ့ကိုသာ၍ စေ့စေ့မေးမြန်းမည် အဟန်ပြု၍၊ ကိုယ်တော်ကို တောင်းလျှောက်မည်၊ ဟုတိုင်ပင်ညှိညွတ်ကြပါပြီ၊ ၂၁ သို့ရာတွင် သူတို့၏အလိုသို့ မလိုက်ပါနှင့်။ ပေါလုကို မသတ်မှီတိုင်အောင် အလျှင်းမစားမသောက်ရ၊ ဟုကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုသော ယုဒလူလေးကျိပ်မက၊ လမ်းနား၌ ပေါလုကိုချောင်း၍ နေကြပါ၏။ ယခုပင် ကိုယ်တော်ဝန်ခံမည့်စကားကို ထိုသူတို့သည် ဆိုင်းလင့်၍ အသင့်ရှိနှင့်ပါပြီ၊ ဟုလျှောက်လေ၏။


ပေါလုကိုကဲသရိမြို့ဖေလဇ်မင်းထံသို့ပို့

၂၂ စစ်သူကြီးကလည်း၊ သင်သည် ငါ့အားဤသို့ ကြားလျှောက်သည်ကို အဘယ်သူအားမျှ မပြောနှင့် ၊ ဟုထိုလုလင်ကို မှာထား၍ လွှတ်လိုက်ပြီးလျှင်၊ ၂၃ တပ်မှူးနှစ်ယောက်ကို ခေါ်၍၊ ယနေ့ည သုံးချက်တီးအချိန်၌ ကဲသရိမြို့သို့ သွားစေခြင်းငှါ စစ်သူရဲနှစ်ရာ၊ မြင်းစီးသူရဲ ခုနစ်ကျိပ်၊ လှံကိုင်သူရဲနှစ်ရာတို့ကို ပြင်ဆင်ကြ။ ၂၄ ပေါလုစီးစရာဘို့ တိရစ္ဆာန်တို့ကို ပြင်၍ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ ကြပ်မ၍ပို့ကြ၊ ဟုအမိန့်ရှိ၏။ ၂၅ စစ်သူကြီးသည် ရေး၍ပေးလိုက်သော စာဟူမူကား၊ ၂၆ ကလောဒိလုသိက၊ မြတ်တော်မူသော မြို့ဝန်မင်း ဖေလဇ်ကိုမေတ္တာနှင့် ကြားလျှောက်လိုက်ပါသည်။ ၂၇ ယုဒလူတို့သည် ဤသူကို ဖမ်းဆီး၍ သတ်မည်ပြုကြစဉ်၊ သူသည် ရောမလူဖြစ်ကြောင်းကို အ​ကျွန်ုပ်သည် ကြားသိသဖြင့်၊ စစ်သူရဲတို့နှင့်တကွ သွား၍သူ့ကို နှုတ်ပါသည်။ ၂၈ ယုဒလူတို့သည် အဘယ်အပြစ်ကြောင့် သူနှင့်အမှုလုပ်ကြသည်ကို အ​ကျွန်ုပ်သိလိုသောကြောင့်၊ သူ့ကိုယူ၍ လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊ ၂၉ အသေသတ်ခြင်း၊ အကျဉ်းထားခြင်းကို ခံထိုက်သော အပြစ်ကြောင့် အမှုလုပ်ကြသည် မဟုတ်ဘဲ၊ သူတို့တရားနှင့် စပ်ဆိုင်သော ပုစ္ဆာအမေးကို အကြောင်းပြု၍သာ၊ အမှုလုပ်ကြသည်ကို အ​ကျွန်ုပ်သိမြင်ပါ၏။ ၃၀ ယုဒလူတို့သည် မကောင်းသောအကြံနှင့် သူ့ကိုလုပ်ကြံမည်၊ ဟုအ​ကျွန်ုပ်ရိပ်မိလျှင်၊ သူ့ကို ကိုယ်တော်ထံသို့ ချက်ချင်းစေလွှတ်၍၊ အမှု လုပ်သောသူတို့ကို ရှေ့တော်၌ လျှောက်ထားစေခြင်းငှါ စီရင်ပါ၏။ ကိုယ်တော် ကျန်းမာပါစေသော်၊ ဟုရေး၍ပေးလိုက်သတည်း။ ၃၁ စစ်သူကြီး မှာထားသည်အတိုင်း စစ်သူရဲတို့သည် ပေါလုကိုယူ၍၊ ညအခါ အန္တိပတရိမြို့သို့ ပို့လိုက်ပြီးမှ၊ ၃၂ နက်ဖြန်နေ့၌ မြင်းစီးသူရဲတို့ကို ပေါလုနှင့်တကွ သွားစေခြင်းငှါ လွှတ်လိုက်၍၊ မိမိတို့သည် ရဲတိုက်သို့ပြန်ကြ၏။ ၃၃ မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ ရောက်လျှင်၊ စစ်သူကြီး၏ စာကိုမြို့ဝန်မင်းလက်သို့ အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။ ၃၄ မြို့ဝန်မင်းသည် စာကိုဖတ်ပြီးမှ၊ အဘယ်မြို့နှင့် ဆိုင်သနည်း၊ ဟုမေး၍ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင်၊ ၃၅ သင့်ကို အမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်၊ ဟုဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေ၊ ဟုစီရင်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.