-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၂၁


ပေါလုနှင့်အဖွဲ့ဆက်ခရီးနှင်ကြ

ထိုသူများနှင့် ငါတို့သည် ခွါသွား၍ သင်္ဘောလွှင့်မှ ကောသ​ကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ ရောဒု​ကျွန်းသို့၎င်း၊ ထို​ကျွန်းမှ ပါတရမြို့သို့၎င်း ရောက်ကြ၏။ ဖိနိတ်ပြည်သို့ ကူးသောသင်္ဘောကို တွေ့လျှင်၊ ထိုသင်္ဘောကိုစီး၍ လွှင့်ပြန်၏။ ကုပရု​ကျွန်းကိုမြင်လျှင် လက်ျာဖက်၌ လျှောက်သွားသဖြင့်၊ ရှုရိပြည်သို့ ကူး၍ တုရုမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ ပါသောဝန်ကို ချရ၏။ တပည့်တော်တို့ကိုတွေ့၍ ငါတို့သည် ခုနစ်ရက်နေကြ၏။ ပေါလုသည် ယေရုရှလင်မြို့သို့ မတက်ရမည် အကြောင်း၊ ထိုတပည့်တော်တို့သည် ဝိညာဉ်တော်အားဖြင့် ပြောပြကြ၏။ ခုနစ်ရက်စေ့သောအခါ တပည့်တော်အပေါင်းတို့သည်၊ သားမယားနှင့်တကွ မြို့ပြင်သို့ငါတို့ကို ပို့လိုက်ကြ၍၊ ငါတို့သည် ထွက်သွားပြီးလျှင်၊ ပင်လယ်ကမ်းပေါ်၌ ဒူးထောက်လျက် ဆုတောင်းကြ၏။ အချင်းချင်း နှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့ တက်၍၊ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။ တုရုမြို့မှ ပတောလင်မြို့သို့ ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တရက်နေပြီးမှ၊


ပေါလုသည် ချည်နှောင်ခြင်းခံမည့်အကြောင်း အာဂဗုပရောဖက်ပြု

နက်ဖြန်နေ့၌ ထွက်သွားပြန်၍ ကဲသရိမြို့သို့ရောက်လျှင်၊ ဆရာခုနစ်ပါးအဝင် သာသနာပြုဆရာ ဖိလိပ္ပု၏ အိမ်သို့ဝင်၍ နေကြ၏။ ထိုသူ၌ ပရောဖက်ပြုသော သမီးကညာလေးယောက်ရှိ၏။ ၁၀ ထိုအိမ်၌ တာရှည်စွာနေကြပြီးမှ အာဂဗုအမည်ရှိသော ပရောဖက်တယောက်သည် ယုဒပြည်မှလာ၍၊ ၁၁ ငါတို့ရှိရာသို့ဝင်သဖြင့်၊ ပေါလု၏ ခါးပန်းကိုယူ၍ မိမိ​ခြေလက်ကို ချည်နှောင်ပြီးလျှင်၊ ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌ ချည်နှောင်၍၊ တပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည် ၊ ဟုသန့်ရှင်းသော ဝိညာဉ်တော် မိန့်တော်မူသည်ဟုဆို၏။ ၁၂ ထိုစကားကိုကြားလျှင် ငါတို့နှင့် ထိုအရပ်၌ ရှိသော သူတို့က၊ ယေရုရှလင်မြို့သို့ မသွားပါနှင့်၊ ဟုပေါလုကို တောင်းပန်ကြ၏။ ၁၃ ပေါလုကလည်း၊ အဘယ်ကြောင့် ငိုကြွေးလျက် ငါ့စိတ် နှလုံးကိုကြေကွဲစေလျက် ပြုကြသနည်း။ သခင်ယေရှု၏ နာမတော်ကြောင့်၊ ယေရုရှလင်မြို့၌ ချည်နှောင်ခြင်းမက၊ အသေသတ်ခြင်းကိုပင် ခံခြင်းငှါ၊ ငါအသင့်ရှိသည် ဟုဆို၏။ ၁၄ ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ၊ ငါတို့သည် မသွေးဆောင်ဘဲ နေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေ၊ ဟုဆိုကြ၏။


ပေါလုအဖွဲ့ ယေရုရှလင်မြို့သို့ရောက်

၁၅ ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍၊ ယေရုရှလင်မြို့သို့ သွားကြ၏။ ၁၆ ကဲသရိမြို့သား တပည့်တော်အချို့တို့သည် ငါတို့နှင့်အတူ လိုက်ကြ၍၊ ငါတို့ကို ဧည့်ခံမည့်သူ မနာသုန်အမည်ရှိသော ကုပရု​ကျွန်းသား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။ ၁၇ ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လက်ခံကြ၏။ ၁၈ နက်ဖြန်နေ့၌ ပေါလုသည် ငါတို့နှင့်တကွ ယာကုပ်ထံသို့ဝင်လျှင်၊ သင်းအုပ်အပေါင်းတို့သည် စည်းဝေးကြ၏။ ၁၉ ပေါလုသည် ထိုသူများကို နှုတ်ဆက်ပြီးလျှင်၊ မိမိသည် ဓမ္မဆရာအမှုကို ဆောင်ခြင်းအားဖြင့်၊ ဘုရားသခင်သည် တပါးအမျိုးသားတို့တွင် ပြုတော်မူသမျှတို့ကို သေချာစွာ ထုတ်ဖော်ပြသလေ၏။


ပေါလုသည် တရားကျင့်ကြောင်းပြဘို့အကြံပေးကြ
CROSS REFERENCES






၂၀ ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူ ဘယ်နှစ်သောင်းရှိသည်ကို သင်သည်သိမြင်၏၊ ထိုသူအပေါင်းတို့သည် ပညတ်တရားဘက်၌ စိတ်အားကြီးသောသူ ဖြစ်ကြ၏။ ၂၁ တပါးအမျိုးသားတို့တွင် နေသော ယုဒလူအပေါင်းတို့သည်၊ သူငယ်တို့အား အရေဖျားလှီးခြင်း [A]ကို မပေးရကြ။ ရှေးထုံးတမ်းအတိုင်း မကျင့်ရကြ၊ ဟုသင်သည်ဆိုလျက်၊ သူတို့သည် မောရှေတရားကို စွန့်စေခြင်းငှါ ဆုံးမဩဝါဒ ပေးတတ်သည်ကို၊ ဤလူတို့သည် သိတင်းကြားကြပြီ။ ၂၂ သို့ဖြစ်၍ အဘယ်သို့ပြုရမည်နည်း။ လူအပေါင်းတို့သည် မစုမဝေးဘဲမနေနိုင်ရာ။ သင်ရောက်ကြောင်းကို ကြားသိကြလိမ့်မည်။ ၂၃ ထိုကြောင့် ကျွန်ုပ်တို့ဆိုသည် အတိုင်းပြုပါလော့။ သစ္စာဂတိပြုပြီးသော လူလေးယောက်သည် အ​ကျွန်ုပ်တို့တွင်ရှိ၏။ ၂၄ ထိုသူတို့ကိုယူ၍ သူတို့နှင့်တကွ စင်ကြယ်ခြင်းကို ပြုလျက်၊ သူတို့ခေါင်းရိတ်ခြင်း စရိတ်ကို ပေးပါလော့။ ထိုသို့ပြုလျှင် လူအပေါင်းတို့သည်၊ မိမိတို့ကြားသော သိတင်းစကား မမှန်သည်ကို၎င်း၊ သင်သည် ကိုယ်တိုင် ပညတ်တရားကို စောင့်ရှောက်၍ ကျင့်နေသည်ကို၎င်း၊ သိရကြလိမ့်မည်။ ၂၅ ယုံကြည်ခြင်းသို့ရောက်သော တပါးအမျိုးသားတို့မူကား၊ ထိုသို့သောတရားကို မကျင့်မစောင့်ဘဲလျက်၊ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုန်ကို၎င်း၊ ရှောင်စေခြင်းငှါသာ ငါတို့သည် စီရင်၍ကြားလိုက်ခဲ့ပြီ၊ ဟုဆိုကြ၏။


ပေါလုကိုဖမ်းကြ

၂၆ ထိုအခါ ပေါလုသည် ထိုသူတို့ကိုခေါ်၍၊ နက်ဖြန်နေ့၌ သူတို့နှင့်တကွ စင်ကြယ်ခြင်းကိုပြုပြီးမှ၊ ဗိမာန်တော်သို့ဝင်၍ သူတို့အတွက် အသီးအခြား ပူဇော်သက္ကာပြုရသော အချိန်တည်းဟူသော၊ စင်ကြယ်ခြင်းကို ပြုရသော နေ့ရက်စေ့မည့်အချိန်ကို ကြားပြောလေ၏။ ၂၇ ထိုခုနစ်ရက်စေ့လုသောအခါ၊ အာရှိပြည်မှလာသော ယုဒလူတို့သည်၊ ဗိမာန်တော်၌ ပေါလုကိုမြင်လျှင် စုဝေးသောလူအပေါင်းတို့ကို တိုက်တွန်းနှိုးဆော်၍၊ ဣသရေလလူတို့၊ ကူမကြပါ။ ၂၈ ဤသူကား၊ ငါတို့အမျိုးနှင့် ပညတ်တရားကို၎င်း၊ ဤအရပ်ဌာနကို၎င်း၊ ခပ်သိမ်းသောအရပ်တို့၌ ဆန့်ကျင်ဘက်ပြု၍၊ လူအပေါင်းတို့အား ဆုံးမဩဝါဒပေးသောသူ ဖြစ်ပါ၏။ ထိုမျှမက၊ ဟေလသလူတို့ကို ဗိမာန်တော်ထဲသို့ သွင်း၍၊ ဤသန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေပြီတကား၊ ဟုဟစ်ကြော်၍၊ ပေါလုကို ဖမ်းဆီးကြ၏။ ၂၉ အထက်က မြို့ထဲ၌ ပေါလုနှင့်အတူ၊ တရောဖိမ် အမည်ရှိသော ဧဖက်မြို့သားတယောက်ကို မြင်ကြသည်ဖြစ်၍၊ ထိုသူကို ပေါလုသည် ဗိမာန်တော်ထဲသို့သွင်းသည်၊ ဟုထင်မှတ်ကြ၏။ ၃၀ တမြို့လုံး ရုန်းရင်းခတ်မျှဖြစ်လျှင်၊ လူများတို့သည် ပြေးလာ၍ စုဝေးကြလျက်၊ ပေါလုကိုကိုင်ယူ၍ ဗိမာန်တော်ပြင်သို့ ဆွဲငင်ပြီးမှ၊ တခဏခြင်း တံခါးများတို့ကို ပိတ်ထားကြ၏။


ပေါလုကိုသတ်မည်ကြံ၍ စစ်သူကြီးကကယ်

၃၁ ပေါလုကိုသတ်မည်၊ ဟုအားထုတ်ကြသောအခါ၊ ယေရုရှလင်မြို့တမြို့လုံး မငြိမ်မသက် ရုန်းရင်ခတ်မျှဖြစ်သည် ၊ ဟုလူတထောင်ကို အုပ်ချုပ်သော စစ်သူကြီးသည် သိတင်းကြားလျှင်၊ ၃၂ စစ်သူရဲများနှင့် တပ်မှူးတို့ကို အလျှင်အမြန်ခေါ်၍၊ ထိုသူတို့ရှိရာသို့ ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့် စစ်သူရဲတို့ကိုမြင်လျှင်၊ ပေါလုကို မရိုက်ဘဲနေကြ၏။ ၃၃ ထိုအခါ စစ်သူ ကြီးသည်အနီးသို့ရောက်၍ ပေါလုကိုကိုင်ယူပြီးလျှင်၊ သံကြိုးနှစ်စင်းနှင့် ချည်ချေဟုစီရင်၍၊ ဤသူသည် အဘယ်သူနည်း။ အဘယ်အမှုကို ပြုမိသနည်း၊ ဟုမေးစစ်လေ၏။ ၃၄ လူအစုအဝေးထဲ၌ အသီးသီးအခြားခြား ဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကို မသိနိုင်သဖြင့်၊ ပေါလုကို ရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှါ စီရင်ပြန်လေ၏။ ၃၅ လူများတို့သည် ပြင်းထန်သောကြောင့်၊ လှေကားပေါ်သို့ ရောက်သောအခါ၊ စစ်သူရဲတို့သည် ပေါလုကိုချီပွေ့၍ ဆောင်ရကြ၏။ ၃၆ သူ့ကိုထုတ်လော့ ၊ ဟုလူများအပေါင်းတို့သည် ဟစ်ကြော်လျက် လိုက်ကြ၏။


ပေါလုလူများထံစကားပြောခွင့်စစ်သူကြီးပေး

၃၇ ပေါလုသည် ရဲတိုက်ထဲသို့ ဝင်လုသောအခါ၊ အ​ကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည်လော၊ ဟုစစ်သူကြီးအားမေးလျှင် စစ်သူကြီးက၊ သင်သည် ဟေလသစကားကို ပြောတတ်သလော။ ၃၈ သင်သည်အထက်က ပုန်ကန်၍ ထားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူ ဖြစ်သည်မဟုတ်လော ဟုမေး၏။ ၃၉ ပေါလုကလည်း၊ အ​ကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဖွားသော ယုဒလူဖြစ်ပါ၏။ အ​ကျွန်ုပ်နေသောမြို့ကား၊ သာမညမြို့မဟုတ်။ ဤသူတို့အား အ​ကျွန်ုပ်ပြောရသော အခွင့်ကိုပေးပါ။ အ​ကျွန်ုပ် ပန်ကြားပါသည်၊ ဟုဆို၏။ ၄၀ စစ်သူကြီးသည် အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေခါးပေါ်မှာ ရပ်၍၊ ထိုလူတို့အား မိမိလက်နှင့်အမှတ် ပေးလေ၏။ သူတို့သည် အလွန်တိတ်ဆိတ်စွာ နေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့် မြွက်ဆိုလျက်၊



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.