-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁၉


ပေါလုဧဖက်မြို့ရှိယုံကြည်သူများဗတ္တိဇံပေး

အာပေါလုသည် ကောရိန္သုမြို့၌ နေစဉ်၊ ပေါလုသည် အထက်အရပ်များသို့ လျှောက်သွားပြီးမှ၊ ဧဖက်မြို့သို့ရောက်၍၊ တပည့်တော် အချို့တို့ကို တွေ့လျှင်၊ သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြပြီလော ၊ ဟုမေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက်သည်ကို၊ အ​ကျွန်ုပ်တို့ မသိပါ၊ ဟုပြောဆိုကြ၏။ ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကိုခံကြသနည်း၊ ဟုမေးလျှင်၊ ယောဟန်၏ ဗတ္တိဇံကိုခံပါသည်၊ ဟုပြောဆိုကြ၏။ ပေါလုကလည်း၊ ယောဟန်က၊ ငါ့နောက် ကြွလာသောသူကို ယုံကြည်ရမည်၊ ဟုလူများတို့အား ပြောဆိုလျက်၊ နောင်တနှင့်စပ်ဆိုင်သော ဗတ္တိဇံကိုပေး၏။ ထိုသို့ဆိုရာ၌ ယေရှုခရစ်ကို ဆိုလိုသည်၊ ဟူသော စကားကိုကြားလျှင်၊ ထိုသူတို့သည် သခင်ယေရှု၏ နာမ၌ ဗတ္တိဇံကိုခံကြ၏။ ပေါလုသည်လည်း၊ သူတို့အပေါ်၌ လက်ကိုတင်လျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြော၍၊ ပရောဖက်ပြုကြ၏။ ထိုသူတို့သည် အရေအတွက်အားဖြင့်၊ တကျိတ်နှစ်ယောက်မျှ လောက်ရှိသတည်း။ ထိုနောက်မှ ပေါလုသည် တရားစရပ်သို့ဝင်၍၊ သုံးလပတ်လုံး ဘုရားသခင်၏ နိုင်ငံတော်အကြောင်းများကို၊ ဆွေး​နွေးနှီးနှော ၍ ဖြားယောင်း သွေးဆောင်သဖြင့်၊ ရဲရင့်စွာ ဟောပြောလေ၏။ အချို့သောသူတို့သည် ခိုင်မာသောစိတ်ရှိ၍၊ မယုံကြည်ဘဲ နေလျက်၊ လူများရှေ့မှာ ထိုဘာသာကို ကဲ့ရဲ့သောအခါ၊ ပေါလုသည် သူတို့အထဲမှ ထွက်သွား၍၊ တပည့်တော်တို့ကို အသီးအခြားခွဲထားပြီးမှ၊ ၁၀ တုရန္နုအမည်ရှိသော သူ၏စာသင်စရပ်၌ နှစ်နှစ်ပတ်လုံးနေ့ တိုင်းဟောပြောသော အားဖြင့်၊ အာရှိပြည်သား ဖြစ်သောယုဒလူ၊ ဟေလသလူ အပေါင်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ် တရားတော်ကို ကြားရကြ၏။ ၁၁ ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာထူးဆန်းသော တန်ခိုးများကို ပြတော်မူသည်ဖြစ်၍၊ ၁၂ ပေါလုသုံးသော ပုဝါ၊ ခါးပန်းတခုခုကို အနာရောဂါရှိသော သူတို့ဆီသို့၊ ပေးလိုက်၍၊ သူတို့သည် အနာရောဂါနှင့် ကင်းလွတ်ကြ၏။ နတ်ဆိုးတို့လည်း ထွက်သွားကြ၏။


ယေရှုနာမသုံးသူများ နတ်ဆိုးကနိုင်

၁၃ ထိုအခါ အရပ်ရပ်သို့ လှည့်လည်၍ ဓိဋ္ဌာန်သစ္စာပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြောသော ယေရှုကို ငါတိုင် တည်၍၊ သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏၊ ဟုဆိုလျက်၊ နတ်ဆိုးစွဲသောသူတို့၏ အပေါ်၌ သခင်ယေရှု၏ နာမတော်ကို မြွက်စမ်းကြ၏။၁၄ သကေဝအမည်ရှိသော ယဇ်ပုရောဟိတ်မင်း၏သား ခုနစ်ယောက်တို့သည် ထိုသို့ပြုကြ၏။ ၁၅ နတ်ဆိုးကလည်း၊ ယေရှုကိုငါသိ၏။ ပေါလုကိုလည်းငါသိ၏။ သင်တို့ကား၊ အဘယ်သူနည်း၊ ဟုပြောဆိုပြီးလျှင်၊ ၁၆ နတ်ဆိုးစွဲသောသူသည် ထိုသူတို့အပေါ်သို့ ခုန်တက်၍ နိုင်သဖြင့် လုယက်နှိပ်စက်သောကြောင့်၊ ထိုအိမ်မှ အဝတ်မပါဘဲ အနာများနှင့် ထွက်ပြေးစေ၏။၁၇ ထိုအကြောင်းအရာကို ဧဖက်မြို့၌ နေသောယုဒလူနှင့် ဟေလသလူ အပေါင်းတို့သည် ကြားသိလျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ သခင်ယေရှု၏ နာမတော်ကို ချီးမွမ်းကြ၏။ ၁၈ ယုံကြည်သောသူ အများတို့သည်လည်း လာ၍၊ မိမိတို့အကျင့်ကို ဖေါ်ပြလျက် တောင်းပန်ကြ၏။ ၁၉ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်သောသူ အများတို့သည်လည်း၊ မိမိတို့စာစောင်ကို ယူခဲ့၍၊ လူအပေါင်းတို့ရှေ့မှာ မီးရှို့ကြ၏။ စာစောင်အဘိုးကို ချင့်တွက်သော်၊ ငွေအသပြာ ငါးသောင်းထိုက်သည် ကိုသိကြ၏။ ၂၀ ထိုသို့ ဘုရားသခင်၏ သာသနာတော်သည်၊ တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။


အာတေမိနတ်ဘုရား ပြုလုပ်သူများကဆူပူကြ

၂၁ ထိုနောက်မှ ပေါလုက၊ ငါသည် မာကေဒေါနိပြည်နှင့် အခါယပြည်ကို လျှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့သို့ သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကို မြင်ရမည်၊ ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊ ၂၂ မိမိအား လုပ်ကြွေးသော သူနှစ်ယောက်၊ တိမောသေနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ၊ မိမိသည် အာရှိပြည်၌ ခဏနေသေး၏။ ၂၃ ထိုအခါ ဘာသာတရားကြောင့် ရောက်သောအမှု ကြီးဟူမူကား၊ ၂၄ ဒေမေတရိအမည်ရှိသော ပန်းတိမ်သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့်၊ ပန်းတိမ်သမားတို့အား စီးပွားများကို ပြုတတ်၏။ ၂၅ ထိုသူသည် ပန်းတိမ်သမားတို့နှင့် ထိုသို့သော အတတ်သမားများကို စုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤအတတ်ကို အမှီပြု၍ ငါတို့၌ အကျိုးစီးပွားဖြစ်သည်ကို သင်တို့သိကြ၏။ ၂၆ ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှတို့သည် ဘုရားမဟုတ်၊ ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည်တရှောက်လုံး ကုန်မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်း သွေးဆောင်သည်ကို သင်တို့သည်မြင်လျက်၊ ကြားလျက်ရှိကြ၏။ ၂၇ ထိုသို့လူများတို့သည် ငါတို့၏ အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သော နတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တလျှောက်လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သော၊ ဘုန်းအသရေတော်ကို ပျက်စီးခြင်းသို့ ရောက်မည်ကို စိုးရိမ်စရာ အကြောင်းရှိပါသည်၊ ဟုပြောဆို၏။ ၂၈ ထိုစကားကို ကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏၊ ဟုအော်ဟစ်ကြ၏။ ၂၉ တမြို့လုံး ရုန်းရင်းခတ်မျှဖြစ်၍ ပေါလုနှင့်အတူ ဒေသစာရီလှည့်လည်သော မာကေဒေါနိလူ ဂါယုနှင့်အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်း ပြေးဝင်ကြ၏။ ၃၀ ပေါလုသည် လူစုထဲသို့ ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော်တို့သည် မြစ်တားကြ၏။ ၃၁ ပေါလု၏ အဆွေဖြစ်သော အာရှိပွဲမင်းအချို့ကလည်း၊ ပွဲခံရာ စရပ်ထဲသို့ ကိုယ်ကိုမအပ်ပါနှင့် ၊ ဟုသူ့ထံသို့ စေလွှတ်၍ တောင်းပန်လေ၏။ ၃၂ စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍ တယောက်တခြား စီအော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင် မိမိတို့မသိကြ။


ဆူပူမှုကို မြို့စာရေးကဖြိုဖျက်

၃၃ ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်​ဖြေစရာစကားကို လူများတို့အား ပြောခြင်းငှါ အလိုရှိ၏။ ၃၄ သူသည် ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ ၊ ဟုနှစ်နာရီခန့်မျှ လောက်လူအပေါင်းတို့သည် တသံတည်းနှင့်ဟစ်ကြ၏။ ၃၅ မြို့စာရေးသည် လူများကို တိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကြွေးသော ဘုရားကျွန်ဖြစ်သည်ကို၊ မသိသော သူတစုံတယောက် ရှိသလော။ ၃၆ ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည် ဖြစ်၍၊ သင်တို့သည် တိတ်ဆိတ်စွာ နေသင့်ကြ၏။ ၃၇ သတိနှင့် မဆင်ခြင်ဘဲ အဘယ်သူကိုမျှ မပြုသင့်ကြ။ ဗိမာန်တော်ကို လုယူဖျက်ဆီးခြင်း မရှိ၊ သင်တို့သည် ဘုရားကို မကဲ့ရဲ့သော ဤသူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။ ၃၈ ဒေမေတရိမှစ၍ သူနှင့်အတူ ရှိသော ပန်းတိမ်သမားတို့သည်၊ တစုံတယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည် ချင်းတရားတွေ့ကြစေ။ ၃၉ သို့မဟုတ် သင်တို့သည် အခြားအမှုကို အစီရင်ခံလိုလျှင်၊ တရားသော အစည်းအဝေး၌ စီရင်ရလိမ့်မည်။ ၄၀ ယနေ့ရုန်းရင်းခတ်သည်ကို ပြုသောကြောင့်၊ အမှုရောက်မည်၊ ဟုစိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသော စည်းဝေးခြင်းအကြောင်းကို ပြောစရာတစုံတခုမျှ မရှိ ၊ ဟု၄၁ ဆိုပြီးလျှင် အစည်းအဝေးကို ဖျက်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.