-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁၈


ပေါလုကောရိန္သုမြို့၌ တရားဟော
CROSS REFERENCES






ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား၍၊ ကောရိန္သုမြို့သို့ ရောက်လေ၏။ ထိုအခါ ယုဒလူ အပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည် အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိသည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသာ ယုဒလူတစ်ယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလ (Priscilla) နှင့်တကွ မကြာမမြင့်မှီ ရောက်လာသည်ကို ပေါလုတွေ့လျှင်၊ သူတို့ဆီသို့ ဝင်၍၊ အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကို ချုပ်တတ်သော အချုပ်သမားဖြစ်ကြ၏။ ပေါလုသည်လည်း ဥပုသ်နေ့ [A]မပြတ် တရားစရပ်၌ ဆွေး​နွေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်း သွေးဆောင်လေ၏။ သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာသောအခါ၊ ပေါလုသည် သူတို့ နှင့်တကွ တရားဟောခြင်း အမှုကိုသာ ဆောင်ရွက်၍၊ ယေရှုခရစ်၏ အကြောင်းကို ယုဒလူတို့အား ကြိုးစား၍ သက်သေခံလေ၏။ ယုဒလူတို့သည် ငြင်းခုံဆဲရေးခြင်းကို ပြုသည်ရှိသော်၊ ပေါလုသည် မိမိအဝတ်ကို ခါလိုက်လျက်၊ သင်တို့၏ အသွေးသည် သင်တို့၏ ခေါင်းပေါ်၌ တည်စေ၊ ငါမူကား ကင်းလွတ်၏။ ယခုမှစ၍ တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်၊ ဟုဆိုပြီးလျှင်၊ ထိုအရပ်မှထွက်၍ ဘုရားသခင်ကို ကိုးကွယ်သော ယုတ္တုအမည်ရှိသော သူ၏အိမ်သို့ သွား၏။ ထိုအိမ်သည် တရားစရပ်နှင့် စပ်လျက်ရှိသတည်း။ ကရိပ္ပုအမည်ရှိသော တရားစရပ်မှူးသည်၊ မိမိ အိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ၊ သခင်ဘုရားကို ယုံကြည်လေ၏။ ကောရိန္သုပြည်သား အများတို့သည်လည်း ယုံကြည်၍ ဗတ္တိဇံကိုခံကြ၏။


ပေါလုဘုရား ကအားပေး

ညအခါ သခင်ဘုရားသည် ပေါလုအား ဗျာဒိတ်ရူပါရုံကို ပြ၍၊ သင်သည် မကြောက်နှင့်။ တိတ်ဆိတ်စွာ မနေနှင့်။ ဟောပြောလော့။ ၁၀ ငါသည်သင်နှင့် အတူရှိ၏။ သင့်ကို ညှဉ်းဆဲခြင်းငှါ အဘယ်သူမျှ အနိုင်အထက်မပြုရ။ ဤမြို့၌ ငါ၏လူအများရှိကြသည်၊ ဟုမိန့်တော်မူ၏။ ၁၁ ပေါလုသည် ထိုမြို့သူမြို့သားတို့အား ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ဟောပြောသွန်သင်၍ တစ်နှစ်နှင့်ခြောက်လပတ်လုံး နေလေ၏။


ပေါလုကိုတရားစွဲသော်လည်း ဂါလျုန်မင်း မကြားနာ

၁၂ အခါယပြည်ကို ဂါလျုန်မင်းသည် ဝန်အရာနှင့် အုပ်စိုးသောအခါ၊ ယုဒလူများသည် တညီတညွတ်တည်း ပေါလုကို အနိုင်အထက်ပြု၍၊ တရားပလ္လင်ရှေ့သို့ ယူသွားပြီးလျှင်၊ ၁၃ လူတို့သည် ဘုရားကို မတရားသဖြင့် ကိုးကွယ်စေခြင်းငှါ၊ ဤသူသည် ဖြားယောင်း တတ်ပါသည်၊ ဟုဆိုကြ၏။ ၁၄ ပေါလုသည် နှုတ်ကိုဖွင့်မည် ပြုသော်၊ ဂါလျုန်မင်းက၊ အချင်းယုဒလူတို့၊ မတရားသောအမှု၊ ဆိုးယုတ်ညစ်ညူးသော အမှုဖြစ်လျှင်၊ ငါသည် သင်တို့ကို အကြောင်းရှိသည်အတိုင်း သည်းခံရမည်။ ၁၅သို့မဟုတ် စကားသော်၎င်း၊ ခေါ်ဝေါ် သမုတ်ခြင်းသော်၎င်း၊ သင်တို့၏ ဘာသာတရားသော်၎င်း၊ သင်တို့သည် အစီရင်ခံလျှင် ကိုယ်အမှုကို စောင့်ကြလော့။ ထိုသို့သောအမှုကို စီရင်ခြင်းငှါ ငါအလိုမရှိ၊ ဟုဆိုလျက်၊ ၁၆ ယုဒလူတို့ကို တရားပလ္လင်မှ ပယ်ရှားစေ၏။ ၁၇ ထိုအခါ ဟေလသလူ အပေါင်းတို့သည်၊ တရားစရပ်မှူးသုဿင်ကို ယူ၍၊ တရားပလ္လင်ရှေ့မှာ ရိုက်ကြ၏။ ထိုအမှုကိုလည်း ဂါလျုန်မင်းသည် အမှုမထားဘဲနေ၏။


ပေါလုယေရုရှလင်မြို့ မှတဆင့် အန္တိအုတ်မြို့သို့သွား

၁၈ ထိုနောက် ပေါလုသည် တာရှည်စွာနေပြီးမှ၊ ညီအစ်ကိုတို့ကို အခွင့်တောင်း၍၊ ထိုမြို့မှ ထွက်သွား၏။ အထက်က သစ္စာကတိပြုသည်နှင့် အညီ၊ ကင်​ခြေမြို့၌ ခေါင်းရိတ်ခြင်းကို ခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလ(Priscilla & Aquila)ကိုခေါ်၍၊ ရှုရိပြည်သို့ သင်္ဘောနှင့်လွှင့်လေ၏။ ၁၉ ဧဖက်မြို့သို့ ရောက်လျှင်၊ တရားစရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေး​နွေးနှီးနှောလေ၏။ ၂၀ ထိုသူတို့သည် မိမိတို့နှင့်အတူ ပေါလု နေပါဦးမည်အကြောင်း တောင်းပန်သောအခါ၊ ပေါလုသည် ဝန်မခံဘဲလျက်၊ ၂၁ ယခုရောက်လုနီးသောပွဲကို ယေရုရှလင်မြို့၌ ငါအမှန်ခံရမည်။ ဘုရားသခင် အလိုတော်ရှိလျှင်၊ နောက်တဖန် သင်တို့ရှိရာသို့ ငါပြန်ဦးမည်ဟူ၍၊ အခွင့်တောင်းပြီးမှ၊ ပြစ်ကိလနှင့် အာကုလကို ဧဖက်မြို့၌ ထား၍၊ သင်္ဘောနှင့် လွှင့်ပြန်လေ၏။ ၂၂ ကဲသရိမြို့သို့ ရောက်လျှင် ယေရုရှလင်မြို့သို့ တက်၍၊ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ၊ အန္တိအုတ်မြို့သို့ သွားပြန်၏။ ၂၃ ထိုမြို့၌ အတန်အရာ နေပြီးလျှင်၊ ထွက်ပြန်၍ ဂလာတိပြည်၊ ဖြူဂိပြည်ကို အစဉ်အတိုင်း လျှောက်သွားသဖြင့် တပည့်အပေါင်းတို့ကို မြဲမြံခိုင်ခံ့စေ၏။


အာပေါလု၊ အာကုလနှင့်ပြစ်ကိလ

၂၄ အာပေါလု အမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူ တစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ၍၊ ကျမ်းစာ၌ အားကြီးသောသူ ဖြစ်၏။ ၂၅ သခင်ဘုရား၏ ဘာသာ၌ လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏ အကြောင်းများကို စေ့စေ့ဟောပြော၍၊ ဆုံးမဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံကိုသာ သိ၏။ ၂၆ ထိုသူသည် တရားစရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလ (Priscilla & Aquila)တို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ ဘုရားသခင်၏ ဘာသာတရားကို၊ သာ၍သေချာစွာ သင်ကြားပေးကြ၏။ ၂၇ ထိုသူသည် အခါယပြည်သို့ သွားခြင်းငှါ၊ အလိုရှိသည်ဖြစ်၍၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည် အကြောင်း၊ ညီအစ်ကိုတို့သည် မှာစာကို ပေးလိုက်ကြ၏။ သူသည် ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သောသူတို့ကို၊ အလွန်ထောက်မလေ၏။ ၂၈ ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို၊ ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့၏ စကားကို၊ အားကြီးစွာ ပယ်ဖျက်လေ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.