-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁၇


သက်သာလောနိတ်မြို့၌ ပေါလုဟော
CROSS REFERENCES






ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကို လျှောက်သွား၍၊ သက်သာလေနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာ ယုဒတရားစရပ်ရှိ၏။ ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ဝင်၍၊ ဥပုသ်နေ့ [A]သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍၊ ထိုသူတို့နှင့် ဆွေး​နွေးနှီးနှောသဖြင့်၊ ခရစ်တော်သည် အသေခံရမည်၊ သေခြင်းမှ ထမြောက်ရမည်၊ ငါဟောပြောသော ယေရှုသည် ခရစ်တော်ဖြစ်သည်၊ ဟူသော အကြောင်းအရာတို့ကို ရှင်းလင်းစွာ ဖွင့်ပြလေ၏။ ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဖေါ်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူအပေါင်းတို့နှင့်၊ ထင်ရှားသော မိန်းမအများတို့လည်း ယုံကြည်ကြ၏။


ပေါလုတို့ကို ဖမ်းဘို့ကြိုးစား

ယုဒလူတို့သည် ဆိုးယုတ်လျှပ် ပေါ်သောသူအချို့တို့ကို ခေါ်၍၊ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲပြုကြ၏။ ယာသုန်၏အိမ်ကို ဝိုင်း၍၊ သူတို့ကို လူများရှေ့သို့ ဆွဲထုတ်ခြင်းငှါ ရှာကြ၏။ မတွေ့လျှင် ယာသုန်နှင့် ညီအစ်ကိုအချို့တို့ကို မင်းအရာရှိတို့ထံသို့ ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည်၊ ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။ ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ။ ထိုသူအပေါင်းတို့သည်၊ ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍၊ ယေရှုအမည်ရှိသော ရှင်ဘုရင်တပါး ရှိသည်ဆိုတတ်ပါ၏၊ ဟုဟစ်ကြော်လျက်၊ မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏ စိတ်ကို၊ ထိုသို့သောစကားအားဖြင့် နှောင့်ရှက်ကြ၏။ ထိုအခါ ယာသုန်မှစ၍၊ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ၏။



၁၀ ညအခါ ညီအစ်ကိုတို့သည်၊ ပေါလုနှင့်သိလကို ဗေရိမြို့သို့ချက်ချင်း လွှတ်လိုက်ကြ၏။ ထိုမြို့သို့ရောက်လျှင်၊ ယုဒတရားစရပ်သို့ ဝင်ကြ၏။ ၁၁ ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ် တရားတော်ကို ခံယူ၍၊ မှန်သည် မမှန်သည်ကို သိခြင်းငှါ၊ ကျမ်းစာကို နေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုကြ၏။ ၁၂ ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမတို့နှင့် ယောက်ျား အများတို့သည်လည်း ယုံကြည်ကြ၏။ ၁၃ ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ဟော ပြောသည်ကို၊ သက်သာလောနိတ်မြို့သားဖြစ်သော ယုဒလူတို့သည်ကြား သိရလျှင်၊ ဗေရိမြို့သို့ပြန်လာ၍ လူများတို့ကို တိုက်တွန်းနှိုးဆော်ကြ၏။ ၁၄ ထိုအခါ ညီအစ်ကိုတို့သည်၊ ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှါ၊ ချက်ချင်း လွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။ ၁၅ ပေါလုကို ပို့သောသူတို့သည်၊ အာသင်မြို့တိုင်အောင် ပို့ဆောင်ပြီးမှ သိလနှင့် တိမောသေတို့ကို အလျှင်အမြန်လာစေခြင်းငှါ မှာစာကိုခံ၍ ပြန်ကြ၏။ ၁၆ ပေါလုသည် အာသင်မြို့၌ သိလနှင့် တိမောသေတို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကို မြင်လျှင် စိတ်ပူပန်ခြင်းသို့ ရောက်၏။ ၁၇ ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍၊ ဘုရားကို ကိုးကွယ်သောသူ တို့နှင့်၎င်း၊ လူများ စုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်၎င်း၊ ဆွေး​နွေး နှီးနှောခြင်းကို ပြု၏။ ၁၈ ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ်ပညာရှိ အချို့တို့သည် ပေါလုနှင့်ဆိုင်ပြိုင်၍၊ အချို့က ဤမရေရာသော သူသည်၊ အဘယ်သို့ ပြောချင်သနည်းဟုဆို၏။ အချို့ကလည်း၊ ဤသူသည် တ​ကျွန်းတနိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည် ဟုဆို၏။ ဆိုသည် အကြောင်းကား၊ ပေါလုသည် ယေရှု၏ တရားနှင့် ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။ ၁၉ ထိုအခါ၊ ထိုသူတို့သည် ပေါလုကိုခေါ်၍၊ အာရေတောင်သို့သွားပြီးလျှင် သင်သည်ဟောပြောသော၊ ဤအယူဝါဒသစ်ကို ငါတို့သိအပ်သလော။ ၂၀ ငါတို့ မသိမ​ကျွမ်းဘူးသော အရာတို့ကို သင်သည်ကြားပြော၏။ ထိုအရာများကား အဘယ်သို့ဆိုလိုသည်ကို၊ ငါတို့သိချင် ပါသည်၊ ဟုဆိုကြ၏။ ၂၁ အာသင်မြို့သူ မြို့သားအပေါင်းတို့နှင့် ဧည့်သည်များတို့သည်၊ သတင်းစကားကို ကြားပြောခြင်း၊ နားထောင်ခြင်းအမှု မှတပါးအ​ခြေားသောအမှုဖြင့် ကာလကိုမလွန်စေ တတ်ကြ။ ၂၂ ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်းအာသင်လူတို့၊ သင်တို့သည် ခပ်သိမ်းသော အရာတို့၌ နတ်ဘုရားတို့ကို အလွန် ရိုသေတတ်ကြသည်ကို ငါမြင်ပါ၏။ ၂၃ လမ်း၌ သွား၍ သင်တို့၏ဘုရားများကို ကြည့်ရှုသည်တွင် ငါတို့မသိသော ဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။ ၂၄ လောကဓါတ်မှစ၍ လောကဓါတ်၌ ရှိ လေသမျှသော အရာတို့ကို၊ ဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည် မဟုတ်။ ၂၅ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသော အရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့်၊ ​ကျွေးမွေးခြင်းကို ခံတော်မူသည် မဟုတ်။ ၂၆ ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ကို တသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အား ခွဲဝေစီမံသော အချိန်ကာလကို၎င်း၊ သူတို့၏ နေရာအပိုင်းအခြားကို၎င်း၊ မှတ်သားတော်မူ၏။ ၂၇ အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။ ၂၈ ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့် အညီ၊ သင်တို့တွင် လက်ာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေ၊ ဟုစပ်ဆိုသတည်း။ ၂၉ ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့်၊ လူတို့အတတ် အကြံအစည်အားဖြင့် ထုလုပ်သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်၊ ဟုမထင်မမှတ်အပ်။ ၃၀ ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထားဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့၊ ဟုခပ်သိမ်းသောအရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။ ၃၁ အကြောင်းမူကား၊ ခန့်ထားတော်မူသောသူ အားဖြင့် လောကီသားတို့ကို၊ ​ဖြောင့်မတ်ခြင်း တရားနှင့် ညီလျော်စွာ စစ်ကြော စီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြောက် စေတော်မူသောအားဖြင့် ခပ်သိမ်းသော လူတို့အား ယုံလောက်သော သက်သေကို ပြတော်မူပြီ၊ ဟုပေါလုဟောပြော၏။ ၃၂ သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည် ဟုဆိုကြ၏။ ၃၃ ထိုသို့ဆိုကြသောအခါ ပေါလုသည်၊ ထိုသူတို့အထဲမှ ထွက်သွားလေ၏။ ၃၄ လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍၊ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုသူတို့အဝင် ဒယောနုသိအမည်ရှိသော အာရေတောင် မင်းတယောက်၊ ဒမာရိအမည်ရှိသော မိန်းမတယောက်မှစ၍ အခြားသောသူရှိကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.