-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁၆


CROSS REFERENCES






ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လေ၏။ လုတ္တရမြို့၌ တိမောသေအမည်ရှိသော တပည့်တော် တယောက်ရှိ၏။ သူ၏အမိကား၊ ယုံကြည်သော ယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။ ထိုသူသည် လုတ္တရမြို့၊ ဣကောနိမြို့၌ ရှိသော ညီအစ်ကိုတို့တွင် အသရေရှိသောသူဖြစ်၏။ ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါ အလိုရှိ၍၊ သူ၏အဘသည် ဟေလေသလူ ဖြစ်သည်ကို ထိုအရပ်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်း [A]ကို သူ့အားပေးလေ၏။ သူတို့သည် မြို့များကို လျှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသော တမန်တော်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင့်ဖို့ရာ အပ်ပေးကြ၏။ ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တနေ့ထက်တနေ့ တိုးပွါးများပြားကြ၏။ ဖြုဂိပြည်၊ ဂလာတိပြည်ကို လျှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် မြစ်တားတော်မူသဖြင့်၊ မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေးတော် မမူသောကြောင့်၊ မုသိပြည်အနားမှာ လျှောက်၍ တရောမြို့သို့ ရောက်ကြ၏။
CROSS REFERENCES






ညအခါ ပေါလုသည် ဗျာဒိတ်ရူပါရုံကို မြင်ရ၍၊ မာကေဒေါနိ လူတယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါ ၊ ဟုရပ်လျက် တောင်းပန်၏။ ၁၀ ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိပြည်၌ ဧဝံဂေလိတရားကို၊ ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကို ခေါ်တော်မူသည်၊ ဟုငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့ သွားခြင်းငှါ ချက်ချင်းရှာကြံကြ၏။ ၁၁ ထိုကြောင့်၊ တယောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက်​ကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။ ၁၂ ထိုမြို့မှ ထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့တည်းဟူသော၊ မာကေဒေါနိပြည် တပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ ရောက်၍ ကာလအတန်အရာ နေကြ၏။ ၁၃ ဥပုသ်နေ့၌ [B] ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ်ရှိတတ်ရာ မြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌ စည်းဝေးသော မိန်းမတို့အား ဟောပြောကြ၏။ ၁၄ ထိုအခါ နီမောင်းသော အထည်အလိပ်ကို ရောင်းသော သွားတိရမြို့သူ လုဒိအမည်ရှိသော မိန်းမတယောက်သည်၊ ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှါ၊ သူ၏စိတ်နှလုံးကို သခင်ဘုရားဖွင့်တော်မူ၏။ ၁၅ ထိုမိန်းမသည် အိမ်သူ အိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ၊ ​ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ​ကျွန်မအိမ်သို့ဝင်၍ နေကြပါ၊ ဟုတောင်းပန်လျက်၊ ငါတို့ကို အနိုင်သွေးဆောင်လေ၏။ ၁၆ ထိုနောက်မှ ငါတို့သည် ပဌနာစရပ်သို့ သွားစဉ်တွင်၊ နတ်ဝင်ဖြစ်၍ အနာဂတ်ကို ဟောသဖြင့်၊ မိမိသခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ်တယောက်သည် ငါတို့ကို ဆီးကြိုလေ၏။ ၁၇ ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့ လိုက်၍၊ ဤသူတို့ကား အ​ကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ ကျွန်ဖြစ်ကြ၏။ ဟုဟစ်ကြော်လေ၏။ ၁၈ ထိုသို့ အဖန်များစွာ ပြုသောကြောင့်၊ ပေါလုသည် စိတ်မသာလျက် လှည့်ကြည့်၍၊ သင်သည် သူ၏အထဲမှ ထွက်သွားလော့၊ ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍ ငါအမိန့်ရှိ၏၊ ဟုထိုနတ်ကို ဆိုသော ခဏခြင်းတွင် နတ်သည်ထွက်သွား၏။ ၁၉ သူ၏ သခင်တို့သည် နောက်တဖန် စီးပွားဖြစ်လိမ့်မည်၊ ဟုမျှော်လင့်စရာ အကြောင်းမရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့်သိလတို့ကို ဖမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။ ၂၀ စစ်ကဲမင်းထံသို့ ရောက်သောအခါ၊ ဤသူတို့သည် ယုဒလူဖြစ်လျက်၊ ငါတို့မြို့ကို နှောင့်ယှက်တတ်ပါ၏။ ၂၁ ရောမလူ ဖြစ်သော ငါတို့သည်၊ မခံမယူမကျင့်အပ်သော ဘာသာထုံးတမ်းများကို၊ ဟောပြော သွန်သင်တတ်ပါ၏၊ ဟုလျှောက်ဆို ကြလျှင်။ ၂၂ စုဝေးသော သူတို့သည် သူတို့တဘက်၌ တပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါ စီရင်ကြ၏။ ၂၃ ရိုက်၍ ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာ စောင့်စေ၊ ဟုထောင်မှူးကိုမှာ လိုက်၍၊ ထောင်ထဲမှာ လှောင်ထားကြ၏။ ၂၄ ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်းထောင်မှာ လှောင်၍ ထိတ်ခတ်လျက်ထား၏။ [C] ၂၅ သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍၊ ဘုရားသခင်ကို ချီးမွမ်းလျက် သီချင်းဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကို ခံရသောသူတို့သည် နားထောင်ကြ၏။ ၂၆ ထိုခဏခြင်းတွင် မြေကြီးသည် ပြင်းစွာလှုပ်သောကြောင့် ထောင်​ခြေရင်းလည်း လှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ချင်းပွင့်၍၊ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့် လွတ်ကြ၏။ ၂၇ ထောင်မှူးသည်နိုး၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကိုခံရသော သူတို့သည် ထွက်ပြေးကြပြီ၊ ဟုထင်မှတ်သည်နှင့် ဓါးကိုအိမ်မှ ဆွဲထုတ်၍၊ ကိုယ်အသက်ကို သတ်မည်ပြုလေ၏။ ၂၈ ပေါလုကလည်း၊ ကိုယ်ကို အပြစ်မပြုနှင့်။ ငါတို့အပေါင်းသည် ရှိကြ၏ ၊ ဟုကြီးသောအသံနှင့် ဟစ်၍ပြောဆို၏။ ၂၉ ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီးမှ ပြေးဝင်၍၊ ပေါလုနှင့်သိလတို့၏​ခြေရင်း၌ တုန်လှုပ်လျက် ပြပ်ဝပ်လေ၏။ ၃၀ သူတို့ကို ပြင်သို့ထုတ်ပြီးလျှင် လည်း၊ သခင်တို့၊ အ​ကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ ပြုရပါမည်နည်း ၊ ဟုမေးလျှောက်လေ၏။ ၃၁ ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည်၊ ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်၊ ဟုပြောဆိုလျက်၊ ၃၂ ထိုသူတို့မှစ၍ သူ၏အိမ်၌ ရှိသမျှသော သူတို့အား၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။ ၃၃ ထိုညအချိန်နာရီ၌ ပင်၊ ထောင်မှူးသည် ပေါလုနှင့်သိလတို့ကို ယူ၍၊ ဒဏ်ချက်ရာများကို ဆေးကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့် တကွဗတ္တိဇံကို ချက်ချင်းခံလေ၏။ ၃၄ တဖန် ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ခေါ်ပင့်ပြီးမှ သူတို့ကိုလုပ်​ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သား အပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ ရောက်လေ၏။ ၃၅ နံနက်ရောက်သောအခါ စစ်ကဲတို့သည် ရုံးလုလင်တို့ကို စေလွှတ်၍၊ ထိုလူတို့ကို လွှတ်စေဟုမှာ လိုက်ကြ၏။ ၃၆ ထိုစကားကိုထောင်မှူးသည် ပေါလုအားကြားပြော၍၊ ကိုယ်တော်ကို လွှတ်စေခြင်းငှါ စစ်ကဲတို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့် ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါ၊ ဟုလျှောက်လျှင်၊ ၃၇ ပေါလုက ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက် စစ်ကဲတို့သည် ထင်ရှားစွာရိုက်၍၊ ထောင်ထဲမှာ လှောင်ထားပြီးမှ တိတ်ဆိတ်စွာနှင် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နှုတ်ယူကြစေ၊ ဟုရုံးလုလင်တို့ အားပြောဆို၏။ ၃၈ ထိုစကားကို ရုံးလုလင်တို့သည်၊ စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့် သိလတို့သည် ရောမလူဖြစ်ကြောင်းကို၊ စစ်ကဲတို့သည် ကြားသိသောအခါ၊ ကြောက်ခြင်း သို့ရောက်၍၊ ၃၉ ကိုယ်တိုင်လာပြီးလျှင် ချော့မော့သော စကားနှင့်သူတို့ကို နှုတ်ယူ၍၊ ထိုမြို့မှ ထွက်သွားပါမည် အကြောင်း တောင်းပန်ကြ၏။ ၄၀ ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှထွက်၍၊ လုဒိအိမ်သို့ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှ ထွက်သွားကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.