-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁၅


ပေါလုနှင့် ဗာနဗယေရုရှလင်မြို့သွား
CROSS REFERENCES






ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသော သူအချို့တို့က၊ သင်တို့သည် မောရှေ၏ တရားအတိုင်း အရေဖျားလှီးခြင်း [A]ကိုမခံလျှင်၊ ကယ်တင်တော်မူခြင်းသို့ မရောက်နိုင် ၊ ဟုညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏။ ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေး​နွေးငြင်းခုံခြင်း များသောအခါ၊ ပေါလုနှင့် ဗာနဗတို့သည်၊ အခြားသော တပည့်တော်အချို့တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့်၊ ယေရုရှလင်မြို့၌ ရှိသော တမန်တော်တို့နှင့်၊ သင်းအုပ်တို့ထံသို့ သွားရမည်အကြောင်းကို စီရင်ကြ၏။ အသင်းတော်သည် လမ်း၌ ပို့သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည်၊ ဖိနိတ်ပြည်နှင့် ရှမာရိပြည်ကို လျှောက်သွား၍၊ တစ်ပါးအမျိုးသားတို့ ပြောင်းလဲခြင်း အကြောင်းအရာကို ကြားပြောသဖြင့်၊ ညီအစ်ကိုအပေါင်းတို့ကို အလွန်ဝမ်းမြောက်စေကြ၏။ ယေရုရှလင်မြို့သို့ ရောက်လျှင်၊ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍၊ သင်းဝင်သူများတို့တွင် လက်ခံခြင်းကျေးဇူးကို ခံ၍၊ မိမိတို့အားဖြင့် ဘုရားသခင် ပြုတော်မူသမျှတို့ကို ပြန်ကြားကြ၏။


အရေဖျားလှီးခြင်းအကြောင်း ဆွေးနွေးကြ
CROSS REFERENCES






ဖာရိရှဲစုထဲက ယုံကြည်သောသူ အချို့တို့သည်၊ အရေဖျားလှီးခြင်း [A]ကို ပေးရမည်။ မောရှေ၏တရားကို ကျင့်စေခြင်းငှါ ဆုံးမရမည်၊ ဟုဆိုကြ၏။ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့သည်၊ ထိုအမှုကို ကြည့်ရှုဆင်ခြင်ခြင်းငှါ စည်းဝေးကြ၏။ များစွာသော ဆွေးနွေးငြင်းခုံခြင်း ရှိသောအခါ၊ ပေတရုသည် ထလျက်၊ ညီအစ်ကိုတို့၊ ဘုရားသခင်သည် ရှေ့ဦးစွာ ငါတို့တွင် ရွေးကောက်တော်မူ၍၊ ငါဟောပြောသောအားဖြင့် တစ်ပါးအမျိုးသားတို့သည်၊ ဧဝံဂေလိတရားကို ကြားနာ၍ ယုံကြည်ရမည် အကြောင်း၊ စီရင်တော်မူသည်ကို သင်တို့သိကြ၏။ စိတ်နှလုံးကို သိတော်မူသော ဘုရားသခင်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အား ပေးသည်နည်းတူ၊ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။ ယုံကြည်ခြင်း အားဖြင့်လည်း၊ သူတို့၏ စိတ်နှလုံးကို စင်ကြယ်စေ၍၊ ငါတို့ကို ခြားနားစေတော်မမူ။ ၁၀ သို့ဖြစ်လျှင်၊ ငါတို့နှင့် ငါတို့ဘိုးဘေးများ မထမ်းနိုင်သော ထမ်းပိုးကို တပည့်တော်တို့၏ လည်ပင်းပေါ်၌ တင်စေခြင်းငှါ၊ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။ ၁၁ သခင်ယေရှု၏ ကျေးဇူးတော် အားဖြင့်သာ၊ ထိုသူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည် နည်းတူ၊ ငါတို့သည်လည်း ရောက်ရမည်ကို၊ ငါတို့သည် ယုံကြ၏၊ ဟုပေတရုပြောဆို၏။ ၁၂ ထိုအခါ ဗာနဗနှင့် ပေါလုတို့သည် မိမိတို့အားဖြင့် တစ်ပါးအမျိုးသားတို့တွင်၊ ဘုရားသခင် ပြုတော်မူသမျှသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ကြားပြောသည်ကို၊ စုဝေးသောသူ အပေါင်းတို့သည် တိတ်ဆိတ်စွာနေ၍ နားထောင်ကြ၏။


ယာကုပ်ဆွေးနွေး
CROSS REFERENCES






၁၃ ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။ ၁၄ ဘုရားသခင်သည် မိမိနာမအဖို့၊ တစ်ပါးအမျိုးသား တို့အထဲက အချို့သော သူတို့ကို နှုတ်ယူခြင်းငှါ၊ ရှေ့ဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှု ကြွလာတော်မူသည် အကြောင်းအရာကို၊ ရှိမုန်သည် ဟောပြောခဲ့ပြီ။ ၁၅ ထိုအကြောင်း အရာသည်လည်း ပရောဖက်တို့၏ စကားနှင့်ညီ၏။ ၁၆ ကျမ်းစာလာသည်ကား၊ ငါ၏နာမဖြင့် သမုတ်သော၊ တစ်ပါးအမျိုးသား အပေါင်းတည်းဟူသော၊ ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရဘုရားကို ရှာစေခြင်းငှါ၊ နောက်မှ ငါပြန်လာမည်။ ၁၇ လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောက်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည် ၊ ဟု၁၈ ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ၏၊ ဟုလာသတည်း။ ဘုရားသခင်သည် ကမ္ဘာဦးမှစ၍၊ မိမိ စီရင်တော်မူသမျှသော အမှုအရာတို့ကို သိတော်မူသည်။ ၁၉ ထိုကြောင့်၊ တစ်ပါးအမျိုးသားတို့ အထဲမှ၊ ဘုရားသခင့်ထံတော်သို့ ပြောင်းလဲသောသူတို့ကို၊ မနှောင့်ယှက်ဘဲလျက်၊ ၂၀ ရုပ်တုတို့၏ ညစ်ညူးရာကို၎င်း၊ မတရားသော မေထုံကို၎င်း၊ လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ အသွေးကို၎င်း၊ ကြဉ်ရှောင်စေခြင်းငှါ၊ သူတို့ကို မှာလိုက်သင့်သည်၊ ဟုငါသဘောရှိ၏။ ၂၁ အကြောင်းမူကား မောရှေ၏ ပညတ္တိကျမ်းကို တရားစရပ်၌၊ ဥပုသ်နေ့ [B]တိုင်း ဖတ်ရွတ်သဖြင့်၊ မောရှေ၏တရားကို ရှေးကာလမှစ၍၊ ခပ်သိမ်းသောမြို့တို့၌ ဟောပြောလေ့ရှိသည်၊ ဟုယာကုပ်ပြောဆို၏။


ဆွေးနွေးဆုံးဖြတ်ချက် စာကိုပို့
CROSS REFERENCES





CROSS REFERENCES






၂၂ ထိုအခါ တမန်တော်တို့နှင့် သင်းအုပ်တို့မှစ၍၊ သင်းဝင်သူ အပေါင်းတို့သည်၊ မိမိတို့အထဲ၌ ရွေးကောက်၍၊ ညီအစ်ကိုတို့တွင် ထင်ရှားသောသူ တည်းဟူသော၊ ဗာရှဗအမည်သစ်ကို ရသောယုဒနှင့် သိလတို့ကို၊ အန္တိအုတ်မြို့သို့ ပေါလု၊ ဗာနဗတို့နှင့်တကွ စေလွှတ်မည်အကြောင်း၊ သဘောညီညွတ်ကြ၏။ ၂၃ သူတို့လက်ဖြင့် ပေးလိုက်သော စာဟူမူကား၊ တမန်တော်၊ သင်းအုပ်၊ ညီအစ်ကိုများတို့သည်၊ အန္တိအုတ်မြို့မှစ၍ ရှုရိပြည်၊ ကိလိကိပြည်တို့၌ [C] ရှိနေ၍၊ တစ်ပါးအမျိုးသား ဖြစ်သော ညီအစ်ကိုတို့ကို၊ မေတ္တာနှင့် ကြားလိုက်ပါ၏။ ၂၄ လူအချို့တို့သည် ငါတို့အခွင့်မရှိဘဲ၊ ငါတို့ထံမှ ထွက်သွား၍၊ သင်တို့သည် အရေဖျားလှီးခြင်း [A]ကိုခံရမည်၊ ပညတ်တရားကို ကျင့်ရမည်ဟူသော စကားဖြင့်၊ သင်တို့၏ စိတ်နှလုံးကို နှောင့်ယှက်ဖျက်ဆီးသည်ကို၊ ငါတို့ကြားရသည် [B] ဖြစ်၍၊ ၂၅ ငါတို့ သခင်ယေရှုခရစ်၏ နာမတော်ကြောင့်၊ မိမိအသက်ကို စွန့်စားသောသူ တည်းဟူသော၊ ၂၆ ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်တကွ၊ ရွေးကောက်သောသူတို့ကို သင်တို့ဆီသို့ စေလွှတ်ခြင်းငှါ၊ တညီတညွတ်တည်း စီရင်သည်နှင့်အညီ၊ ၂၇ ဤအကြောင်းအရာကို သင်တို့အား၊ နှုတ်ဖြင့် ကြားစေခြင်းငှါ၊ ယုဒနှင့်သိလတို့ကို စေလွှတ်ကြ၏။ ၂၈ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို၎င်း၊ အသွေးကို၎င်း၊ ၂၉ လည်ပင်းကိုညှစ်၍ သတ်သောအရာကို၎င်း၊ မတရားသော မေထုံကို၎င်း၊ ကြဉ်ရှောင်ရမည်ဟူသော ပညတ်မှတပါး၊ အခြားသောဝန် သင်တို့၏ အပေါ်၌ တင်ခြင်းငှါ၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ငါတို့သည်အလိုမရှိ။ ထိုအရာများကို ကြဉ်ရှောင်အပ်၏။ ကျမ်းမာကြပါစေသော်၊ ဟုရေး၍ပေးလိုက်သတည်း။


စာရသောအခါ ဝမ်းမြောက်ကြ

၃၀ ထိုသူတို့သည် သွားရသောခွင့် ရှိသဖြင့်၊ အန္တိအုတ်မြို့သို့ သွား၍ လူအပေါင်းတို့ကို စုဝေးပြီးလျှင် မှာစာကို အပ်ပေးကြ၏။ ၃၁ မှာစာကို ဖတ်ရွတ်သောအခါ၊ ထိုသက်သာခြင်း၏ အကြောင်းကြောင့်၊ ဝမ်းမြောက်ခြင်းသို့ ရောက်ကြ၏။ ၃၂ ယုဒနှင့် သိလတို့သည် ပရောဖက်ဖြစ်သောကြောင့်၊ များစွာသော စကားနှင့် ညီအစ်ကိုတို့ကို ဆုံးမ၍ မြဲမြံခိုင်ခန့်စေကြ၏။ ၃၃ ထိုသူတို့သည် အတန်အရာနေပြီးမှ၊ တမန်တော်တို့ထံသို့ ငြိမ်သက်စွာ ပြန်စေခြင်းငှါ၊ ညီအစ်ကိုတို့သည် အခွင့်ပေးကြ၏။ ၃၄ သို့သော်လည်း သိလသည် အလိုအလျောက်နေရစ်၏။ ၃၅ ပေါလုနှင့် ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ နေလျက်၊ အခြားသော သူများတို့နှင့်တကွ ဆုံးမဩဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ်တရား တည်းဟူသော၊ ဧဝံဂေလိတရားကို ဟောပြောကြ၏။


ပေါလုနှင့် ဗာနဗတခြားစီခရီးပြု

၃၆ အင်တန် ကာလကြာသောအခါ၊ ပေါလုက၊ ငါတို့သည် သခင်ဘုရား၏ နှုတ်ကပတ်တရားကို၊ ဟောပြောဖူးသော မြို့များတို့၌ ရှိသော ညီအစ်ကိုတို့သည်၊ အဘယ်သို့ ရှိနေသည်ကို ကြည့်ရှု၍ ပြန်သွားကြကုန်အံ့၊ ဟုဗာနဗအားဆို၏။ ၃၇ ဗာနဗသည် မာကုအမည်ရှိသော ယောဟန်ကို ခေါ်မည်၊ ဟုအကြံရှိ၏။ ၃၈ ပေါလုက၊ ပံဖုလိပြည်၌ သူတို့နှင့် ခွါ၍ အမှုထမ်းရာသို့ မလိုက်မသွားသော ထိုသူကို၊ မခေါ်သင့်၊ ဟုသဘောရှိ၏။ ၃၉ ထိုအကြောင်းနှင့် အချင်းချင်း မသင့်သဖြင့် တခြားစီသွား၍၊ ဗာနဗသည် မာကုကို ခေါ်ပြီးလျှင် ကုပရု​ကျွန်းသို့ လွှင့်လေ၏။ ၄၀ ညီအစ်ကိုတို့သည်၊ ပေါလုကို ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည် သိလကိုရွေးချယ်ပြီးလျှင် ထွက်၍၊ ၄၁ အသင်းတော်များကို မြဲမြံခိုင်ခန့်စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို လျှောက်သွားလေ၏။ [D]



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.